gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့ စကားမစပ်....

ဒါနဲ့ စကားမစပ်....
လှိုင်သာယာထဲမှာ ရှိတဲ့
သစ်အချောကိုင် စက်ရုံတစ်ခုမှ ဝန်ထမ်းများကို ၃-လစာပေးပြီး မိမိတို့ရဲ့ နေရပ်များကို ပြန်ဖို့အတွက် ကားဂိတ်၊ ရထားဂိတ်၊ သင်္ဘောဆိပ်ကမ်းများ အထိ စက်ရုံကားများနဲ့ လိုက်ပို့ကြောင်း သိရပါတယ်... အလျော့ခံရတဲ့ ဝန်ထမ်းဦးရေမှာ အနည်းဆုံး အယောက် ၅၀-ကျော် ရှိကြောင်း ကြားသိရကြောင်းပါ...

ဒါနဲ့ စကားမစပ်....
မန္တလေးရဲ့ ဟိုးမြို့အစွန်မှာရှိတဲ့ သင်ပန်းကုန်းဆိုတဲ့ ဆင်းရဲသားတွေ အနေများတဲ့ ရပ်ကွက်လေး ရှိတယ်ဗျာ... အဲဒီဘက်မှာ အိမ်ဝယ်မိသူတစ်ယောက်ကတော့ ဒီလိုလေး ကြုံခဲ့ရတယ်... စာချုပ်ကို ရှေ့နေနဲ့ ဘာနဲ့ တရားရုံးမှာ သေချာချုပ်ပြီးသား... အရင်အိမ်ရှင်တွေ အိမ်ကနေ ထွက်ပေးတဲ့နေ့မှာ
ကျန်တဲ့ငွေ အကြေပေးချေခြင်းကို ရယက လူကြီးတွေ အိမ်ရှင် အသစ်မှန်း သိရအောင် ရယကရုံးမှာ ပေးချေသတဲ့... အသိသက်သေမျိုး နေပေးရတဲ့ ရယက ရုံးက အလှူငွေ ၃-သောင်းကျပ်တောင်း သတဲ့ကွယ်... ရှေ့နေနဲ့ တရားရုံး၊ မြေစာရင်းရုံးမှာ စာချုပ်စာတမ်းကြေး၊ ဘာညာကြေးတွေ ပါတာတောင် ၂-သောင်းကျပ်ပဲ ပေးရသတဲ့ကွယ်... အဟွတ် ... အဟွတ်...  လေတွေကလည်း မသန့်လိုက်တာ...

ယခု post ကို blogger.com ကို ဘန်းထားသဖြင့် ခေတ်မီဓာတ်ချောပို့စနစ်ဖြင့် ပေးပို့သည်...

Comments

Steve Evergreen said…
I used to live in thinbangone But it was in Amarapura (taung myo). Your thinbangone is different one, I think
မြန်မာပြည်ပြန်ပြီး အသိသက်သေလုပ်စားရင် ကောင်းမလား..
လက်မှတ်လေးထိုးပြီး ပေး ၃သောင်းလို့ တောင်းစားလို့ရအောင်လေ..
ဟီး.. နောက်တာနော်.. မတွေ့တာ ကြာပေါ့ ကိုမောင်လှ
ရာသီဥတု သာယာပါစေ
ရတဲ့လစာမှမလောက်တာဗျာ။ ရတဲ့တရားဝင်လစာနဲ့ထမင်းဝရင် ဘယ်သူကကော တောင်းချင်မှာလဲဗျာ။

ကိုမောင်လှ နေကောင်းတယ်နော်
Lwin Moe said…
"ယခု post ကို blogger.com ကို ဘန်းထားသဖြင့် ခေတ်မီဓာတ်ချောပို့စနစ်ဖြင့် ပေးပို့သည်" :)

Good luck hacking :) so we will become the top hackers in Southeast Asia :) :) :), of course, thanks to our favorite ISPs. ;)

Best,
Lwin Moe
i invite to my blog.Befor i created my blog, i visited many times to your blog and leaned about of blog.Your are my visual teacher :)

Ad