photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Monday, June 25, 2007

ဒါနဲ့စကားမစပ်...

အခု မန္တလေးပြန်ရောက်နေတာ ဒီနေ့ဆိုရင် ၁-ပတ်ပြည့်ပြီ... ရုံးက လူတွေ ရက်စက်လိုက်ကြတာ ကျတော် မရှိတုန်း ကျတော့်အခန်းထဲက Air-con ဖြုတ်ပြီး လူမနေသေးတဲ့ အပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ တပ်ထားလို့ အခုတော့ ကျတော်လေ တောင်ဘက်နဲ့ အနောက်ဘက်က နေထိုးတဲ့ အခန်းထဲမှာ အလုံပိတ်နေရင်း ချွေးထုတ်နေရကြောင်းပါ... air-con မရှိရင် ပူလိုက်တဲ့ မန္တလေး နွေနေ့လယ်ခင်းများ၊ air-con မရှိရင် နေလို့မရတဲ့ လှိုင်သာယာ နေ့လယ်ခင်းများ ပါတကား...
လှိုင်သာယာမှာ မနက်စောစောစီးစီး ကတည်းက ပူတယ်၊ အိုက်တယ်... မန္တလေးမှာတော်သေးတယ်... လှိုင်သာယာမှာ မနက်ခင်း ရေချိုးပြီးရင် ချွေးသီးချွေးပေါက်တွေ ထွက်တယ်... မန္တလေးမှာ တော်သေးတယ်... ဒါပေမယ့် ညဘက် တော်တော် ပူတယ်...
အင်း ... လှိုင်သာယာ တစ်ဖြစ်လဲ ရေဥက္ကံရွာလေးရေ... ဒီတပတ်အတွင်း မင်းဆီ ငါလာခဲ့ပါဦးမယ်...

No comments: