gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Mandalay News

သြဂုတ်လ ၃၀ ရက်နေ့က ပွဲ ၂-ပွဲ ကျတော် ရောက်ခဲ့တယ်...
ပထမ တစ်ပွဲက ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်ရဲ့ Leadership Challenges ဟောပြောပွဲပါ... မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းက ဦးစီးပြီးတော့ လုပ်တဲ့ ဟောပြောပွဲပါ... သတင်းစာထဲမှာ ၉း၃၀ နာရီ စမယ်လို့ ကြေငြာထားတဲ့ ပွဲလေးဟာ အခြားပွဲတွေနဲ့မတူ ၉း၃၀ နာရီခွဲမှာ ခန်းမအပြည့် ဖြစ်နေလို့ ထိုင်ခုံများ ထပ်ခင်းရပါတယ်... ဆရာကြီးရဲ့ ဟောပြောချက် အရမ်းကို ကောင်းမွန်ပါတယ်...

နောက် တစ်ပွဲကတော့...
အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲပါ... နေ့လယ် ၁-နာရီစမယ့်ပွဲဟာ ၁း၄၅ နာရီလောက်မှ စခဲ့တဲ့ ပွဲလေးပါ... အကြောင်းကြောင်းကြောင့် ကဗျာရွတ်ဆိုမှု မပြုနိုင်ပဲ... သီးချင်းဆိုပွဲလေးအဖြစ်နဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ပွဲလေးပါ... ပထမဆုံး မိုးမိုး သီချင်း ၂-ပုဒ်ဆိုပါတယ်... ပြီးတော့ မြန်မာပြည်တွင် လုပ်သည်ဆိုတဲ့ ရသ ဆိုပါတယ်... ပဟေဠိနန်းတော် အစီအစဉ်က ဂိမ်းဒါရိုက်တာ မောင်မောင်အေး (Dream Boat) သီချင်းတစ်ပုဒ်ဆိုပါတယ်... သူဆိုနေတုန်း မီးပျက်သွားတာ ဂီတာသမားနိုင်ဇော်ရယ်၊ သူရယ်ဆက်ဆိုကြတာ အောက်က ပရိတ်သတ်ကပါ လိုက်ဆိုကြတာ အရမ်းကို ကြက်သီးထဖို့ကောင်းပါတယ်...
ရဲလေး၊ သဉ္ဇာဝင့်ကျော်၊ ဆန်းထွဋ်၊ ချောအိသိမ်း၊ တင်မိုးလွင်၊ သျှီ၊ အိရူပါဝင်း၊ ငွေစင်သွန်း၊ ငယ်ငယ်၊ နှင်းဝတ်ရည်သောင်း၊ နန္ဒစိုင်း၊ လီယိုနာဒ်မောင်မောင်လွင်၊ နိုင်ဇော်၊ ချမ်းဟိန်းကြွယ် တို့က ကဗျာ မရွတ်ခဲ့ရတဲ့ ကဗျာ ဆရာတွေ ကိုယ်စား တက်ရောက်လာကြတဲ့ ပရိတ်သတ်ကို ဖျော်ဖြေခဲ့ပါတယ်...
အဲဒီနေ့မှာ အလှူငွေ ကျပ်ငွေ သိန်း ၉၀ ဆယ်ကျော် ရရှိခဲ့တယ်လို့ တင်မိုးလွင်က ကြေငြာပါတယ်...
ဝင်ခွင့်လက်မှတ်ရသူများပဲ ကြည့်ရှုခွင့်ရတဲ့ ပွဲလေးတစ်ပွဲပါ...

keywords: Prof. Dr. Aung Tun Thet, seminor, Myanmar news, HIV, AIDS, White Rainbow, Poetry Performance, fund for HIV addicted children

Comments

Chan Mya Soe said…
ကဗျာရွတ်ဆိုမှုကို ပိတ်လိုက်တာ မတရားဘူးထင်တယ်ဗျာ
TZA said…
ဓါတ်ပုံလေးများရှိရင်မစပါ အကို၊
ဒီကိုကျွန်တော် link လုပ်မယ်နော်၊ ရလား။

Ad