gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကိုယ့်လမ်းကို မှန်အောင် စီး...

ဒါလေးက အပြင်မှာ တကယ်ဖြစ်ခဲ့တာပါ...ကျတော်တို့က အဖိုးအဖွားအိမ်က ပွဲကုန်း လမ်းမတန်းပေါ်မှာ ရှိတာဗျ... ၂၆-ဘီလမ်းလမ်းကနေ အနောက်ဘက် တည့်တည့်ဆင်းသွားရင် တာရိုးမရောက်ခင် ၃-ပြလောက်အလို၊ ချမ်းသာကြီးဘုရား ကွေ့ရမယ့်လမ်း ၁-ပြကျော်ကျော် လောက်မှာ ရှိတာဗျ...တစ်နေ့ အဖိုးအဖွားအိမ်ရှေ့မှာ ထိုင်နေတုန်းပေါ့ဗျာ...
အရှေ့ဘက်ကနေ ယောက်ျားတစ်ယောက် စက်ဘီးစီးလာပြီး ပုလိုင်းပေါက် (တောင်ဘက်) ကို ကွေ့ဖို့ လုပ်နေတဲ့အချိန် အနောက်ဘက်ကနေ စက်ဘီးစီးလာတဲ့ မိန်းကလေး တစ်ယောက်တို့ စက်ဘီးချင်း တိုက်မိကြသတဲ့...
"ဦးလေးနော် ... ကိုယ့်လမ်း ကို မစီးဘူး... "
" အမယ် ... ငါက ငါ့လမ်း ငါစီးတာပါ ...
ညည်းကသာ သူများလမ်း လိုက်စီးနေပြီးတော့ ...
မယုံရင် ညည်း ငါ့အောက်ကို ငုံ့ကြည့်ပါဦး ... "
" ဦးလေးနော် မညစ်ပါတ်နဲ့နော်..."
" ဟ ... ဘယ်မှာ ငါညစ်ပတ်လို့လဲ ... ငါပြောတာ လမ်းလယ် မျဉ်းရဲ့ မြောက်ဘက်မှာ ပဲ ရှိသေးတယ်လေ...
အဲဒီတော့ ငါက ငါ့လမ်း ငါစီးနေတာပဲလေ ဟုတ်ဘူးလား...
ညည်းကသာ တောင်ဘက်အခြမ်းမှာ ရှိရမှာ ခု လမ်းမြောက်ဘက်ခြမ်းကို ရောက်နေတာ မဟုတ်ဘူးလား..."

ကိုယ့်လမ်းကို မှန်အောင် စီးကြနော်...

keywords: adult funny ညစ်တီးညစ်ပတ် ဟာသ

Comments

Anonymous said…
ပြင်လွန်းတော့ ဖင်ချွန်းသွားပြီ...
Konge said…
ko hla,
now i am far away from mandalay...
i miss mandalay .. your article make miss me mandaly.
Anonymous said…
:))

You really are a truly brewing Mandalaythar! LOL!!!

I miss MDY.

Ad