Wednesday, April 11, 2012

facebook အသုံးပြုသူများ secure browsing အား အသုံးပြုသင့်

သတင်း - CJMyanmar
၅-ဧပြီ-၂၀၁၂


ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။



ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော  facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။



ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။

၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။

၂.  Security ကို click လုပ်ပါ။

၃. Secure browsing ပေါ် click လုပ်ပါ။

၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။

၅. Save Changes ကို နှိပ်ပါ။



ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com မဖြစ်သေး http://www.facebook.com ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။

http://cjmyanmar.com/ မှာ ရေးဖြစ်တာလေးကို ပြန်တင်တာပါ။

Monday, March 05, 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်ရုံးရေး ခရီးစဉ် ၃-မတ်-၂၀၁၂

၃-မတ်-၂၀၁၂ (စနေနေ့)မှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို စည်းရုံးရေး ခရီးစဉ်လာပြီး လူထုဟောပြောပွဲ လုပ်မယ်ဆိုတာနဲ့ ရုံးဖွင့်ရက် ဖြစ်တဲ့ အတွက် ခွင့်ကြိုယူထားပြီး ၃-မတ် နေ့ မနက် ၆-နာရီ ခွဲဝန်းကျင် လောက်ကတည်းက ကားကြုံခေါ်တဲ့ အကို တစ်ယောက်ရဲ့ ကားနဲ့ လေယာဉ်ကွင်းကို သွာဖြစ်ပါတယ်... အမြန်လမ်းမ တလျှောက် လေယာဉ်ကွင်ဆီ သွားနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အပြင် စက်ဘီးတွေကိုပါ အဆက်မပြတ် တွေ့ရပြီး လေယာဉ်ကွင်းရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ရောက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ အများကြီး တွေ့ရပါတယ်... ကျတော် ဓာတ်ပုံကိုတော့ လေယာဉ်ကွင်းကနေ ကျွဲဆည်ကန် ကားကြီး ဝင်းနားအထိလောက်ပဲ ရိုက်ဖြစ်ပါတယ်... အဲဒီ နောက်ပိုင်း ဗီဒီယို ရိုက်ရတာ စိတ်ပါလာလို့ ဗီဒီယိုပဲ ရိုက်ဖြစ်ပါတော့တယ်... ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံထဲက အချို့ကို အားပေးကြပါဦး...















ကျန်တဲ့ ပုံအချို့ကို https://www.facebook.com/media/set/?set=a.10150653863274784.413656.691314783&type=1 မှာ သွားကြည့်နိုင်ပါတယ်...

My Labels: Daw Aung San Suu Kyi, Nobel Prize Winner, Myanmar, Burma, Mandalay, Ava, Innwa

Wednesday, February 29, 2012

iPhone 3GS Modem Firmware 06.15.00 အတွက် Custom Firmware လုပ်ခြင်း...

iPhone 3GS Modem Firmware 06.15.00 တွေက Apple က ထုတ်တဲ့ Stock Firmware ကို တိုက်ရိုက် update လုပ်လို့မရပါဘူး... အဲဒီတော့ custom firmware အရင်လုပ်ပြီးမှ version upgrade လုပ်ရပါတယ်... ကျတော်အတွက် အဆင်ပြေဆုံးဖြစ်တဲ့ Sn0wBreeze နဲ့ custom firmware လုပ်နည်းကို ပြောပါ့မယ်... iOS 4.3.3, 5.0, 5.0.1 သုံးမျိုးစလုံး လုပ်ခဲ့ဖူးတာ လုပ်တဲ့ အဆင့်တွေ မကွာပါဘူး...

ပထမဆုံး သက်ဆိုင်ရာ iOS firmware နဲ့ http://ih8sn0w.com/ က
Sn0wBreeze ကို download လုပ်ထားပါ...

Sn0wBreezexxx.exe ကို double click နှိပ်ပြီး run ပါ...
ဒီ software က ငွေကြေးနဲ့ ရောင်းစားဖို့ ထုတ်ထားတာ မဟုတ်ပါဘူး... အကယ်၍ မင်း အခကြေးငွေနဲ့ ဝယ်ယူခဲ့တယ်ဆိုရင်တော့ ငွေပြန်တောင်းပါ... ဒီဟာက ရောင်းတာမဟုတ်ပါဘူး... ဒီsoftware ကြောင့် မင်းရဲ့ ဖုန်းပျက်စီးသွားရင်တော့ ငါတာဝန်မယူနိုင်ပါဘူး... ဆိုပြီး သတိပေးတဲ့စာသားပါတဲ့ windows စတင်မြင်ရပါလိမ့်မယ်... ဆက်သွားမယ်ဆိုရင်တော့ OK ကိုနှိပ်ပေါ့ဗျာ... ပျက်မှာ စိုးရိမ်လို့ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ close ကို နှိပ်ပေါ့... 
OK နှိပ်ရင်တော့ အောက်ကပုံ အတိုင်း တက်လာပါလိမ့်မယ်...

ကျတော် သုံးထားတဲ့ Sn0wbreeze က version 2.9.1 ပါ... custom firmware လုပ်ပေးနိုင်တဲ့ iOS version တွေကိုလည်း ဖော်ပြထားပါတယ်... windows ရဲ့ ညာဘက် အောက်ထောင့်က အပြာရောင် နောက်ခံနဲ့ မြှားကို click လုပ်ပါ...

ဒီအဆင့်က ကျတော်တို့ download လုပ်ထားတဲ့ iOS firmware ဖိုင်ရှိတဲ့ နေရာကို Browse ကိုနှိပ်ပြီး ညွှန်ပြပေးရမှာပါ......

 firmware တွေ့ပြီဆိုရင် iPhone 3GS old-bootrom လား new-bootroom လားဆိုတာ ရွေးပေးရပါမယ်... Old လား News လား မသိရင်တော့ Detect it for me. ကို နှိပ်ပြီး သူပြော တဲ့ အဆင့်တွေ အတိုင်း လိုက်လုပ်ပြီး သိနိုင်ပါတယ်... ကျတော့်ဖုန်းက old bootrom မို့ Old-Bootrom ကိုနှိပ်ပါတယ်...

 အပေါ်က ပုံအတိုင်း ပေါ်လာရင် အပြာရောင် နောက်ခံနဲ့ မြှားကို click လုပ်ပါ...

  Expert Mode နဲ့ လုပ်နေကြမို့ ကျတော်တော့ Expert Mode ကို click လုပ်ပါတယ်...


 General ကို click လုပ်ပြီး အပြာရောင် နောက်ခံနဲ့ မြှားကို click လုပ်ပါ...

ကိုယ့်ဖုန်းက Locked ဖုန်းဆိုရင်တော့ ဒီအဆင့်မှာ Install 06.15.00 iPad baseband ကို အမှန်ခြစ်စရာ လိုပါတယ်... 06.15.00 ပြောင်းထားရင်တော့ ထပ်လုပ် စရာ မလိုပါဘူး...အပြာရောင် နောက်ခံနဲ့ မြှားကို click လုပ်ပါ...
Baseband ဆိုတာကို iPhone ထဲမှာ Modem Firmware လို့ ခေါ်ပါတယ်... iPhone ရဲ့ Setting > General > About ထဲမှာ Modem Firmware ကို ရှာနိုင်ပါတယ်... အခု custom firmware လုပ်နည်းက Modem firmware 06.15.00 ဖြစ်နေတဲ့ လူတွေ အတွက်ပါ... Modem firmware 06.15.00 (06.15.00 iPad Baseband) ပြောင်းထားရင် GPS သုံးလို့ မရပါဘူး... နောက်တစ်ခုက အခုအချိန်အထိ Apple က ထုတ်ပေးတဲ့ firmware ကို မပြုမပြင်ဘဲ orginal အတိုင်း တင်လို့ မရတော့ပါဘူး... အဲဒါကြောင့် ကျတော်တို့ custom firmware ရေးရတာပါ... 

ဒီအဆင့်မှာ မိမိကိုယ်တိုင် စိတ်ကြိုက် boot logo လုပ်ပြီး ထည့်လို့ရပါတယ်... Apple logo ပဲ လိုချင်တယ်ဆိုရင်တော့ Use Custom Boot Logo လေးထောင့် အကွက်ထဲမှာရှိတဲ့ အမှတ်ခြစ်များကို ဖြုတ်ပါ... ပြီးရင်တော့ အပြာရောင် နောက်ခံနဲ့ မြှားကို click လုပ်ပါ...
 
 ကျတော်ကတော့ ဘာမှ ထပ်မဖြည့်ချင်တဲ့ အတွက် အပြာရောင် နောက်ခံနဲ့ မြှားကိုပဲ click လုပ်ပါတယ်...

ဒီအဆင့်မှာတော့ Activate The iPhone [Hacktivate] နဲ့ Install SSH ရှေ့မှာ အမှန်ခြစ်ပြီး အပြာရောင် နောက်ခံနဲ့ မြှားကို click လုပ်ပါ ... Modem firmware 06.15.00 ဖြစ်နေရင် Activate The iPhone [Hacktivate] ကို အမှန်ခြစ်ဖို့ မမေ့ပါနဲ့...


အပေါ်က ပုံအတိုင်း မြင်ရရင်တော့ Build IPSW ကို နှိပ်ပါ... Sn0wbreeze က ကျတော်တို့ အတွက် custom firmware တည်ဆောက် ပေးနေပါပြီ...

ပြီးသွားရင်တော့ အပေါ်က ပုံအတိုင်း ပြပါလိမ့်မယ်... Sn0wbreeze က လုပ်ပေးတဲ့ custom firmware အဆင်သင့် ပြီးပြီ ဖြစ်တဲ့ အတွက် OK နှိပ်ပြီး Sn0wbreeze က လုပ်ခိုင်းတဲ့ အဆင့်တွေ အတိုင်း ဆက်လုပ်ပြီး firmware update လုပ်လို့ရပါပြီ...

အဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်...

ဖော်ပြပါ နည်းလမ်းသည် iPhone 3GS Modem Firmware 06.15.00 အတွက်သာ ရည်ရွယ်ပါသည်... အခြား iPhone မော်ဒယ် (သို့) အခြား modem firmware များတွင် လုပ်ဆောင်မိပြီး iPhone အဖြစ်မှ ဖုန်းပြောလို့ မရတော့တဲ့ iPod Touch အဖြစ်သို့ပြောင်းလဲနိုင်ပါတယ် အတွက် ဂရုစိုက် လုပ်ဆောင်စေချင်ပါတယ်...

My Labels: Apple, Jailbreak, iPhone 3GS, iOS

Tuesday, February 14, 2012

Barcamp Yangon 2012 ကို ရောက်ခဲ့တယ်...

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁-ရက် နှင့် ၁၂-ရက် နေ့များမှာ ကျင်းပပြုလုပ်တဲ့ barcamp Yangon 2012 ပွဲကို သွားမယ် မသွားဘူး လုပ်နေတာ အနားကပ်တော့မှ သွားမယ်ဆုံးဖြတ်ပြီး ရောက်ခဲ့ပါတယ်... ရုံးဖွင့်ရက်ဖြစ်တဲ့ ၁၁-ရက်နေ့ကို ခွင့်ယူပြီး ၁၀-ရက်နေ့ ညကားနဲ့ ရန်ကုန် ဘားကမ့် တက်ရောက်ဖို့ ကိုဂျေ (ခ) ကိုသခင်ကြီး၊ ရဲဘော်သူရိန်၊ ကိုထက်တို့ အဖွဲ့ နဲ့အတူ ရန်ကုန် ဆင်းဖြစ်ပါတယ်... ၁၁-ရက်နေ့ မနက် ၆-နာရီလောက် အောင်မင်္ဂလာ ကားကွင်းရောက်ပြီး ရန်ကုန်က barcamper တွေ booking လုပ်ထားပေးတဲ့ မြေနီကုန်းက ဟိုတည်ကိုသွားပြီး ရထားတဲ့ အခန်းတစ်ခန်းမှာ မျက်နှာ သစ်ပြီး barcamp ကျင်းပမယ့် ICT Park ထဲကို taxi နဲ့ ချီတက်ကြပါတယ်... 
အဝင်ပေါက်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကားတန်းရောက်နေတဲ့ အတွက် ဖွင့်ပွဲ ကျင်းပတဲ့ Main Building ရှေ့ကို အပြေးအလွား သွားခဲ့ရပါတယ်... ဖွင့်ပွဲ ပြုလုပ်မယ့် စင်အောက် ရှေ့ဆုံးတန်းမှာ ရန်ကုန်က blogger တွေ barcamper တွေ ကင်မရာ ကိုင်ထားသူတွေနဲ့ ပြည့်နှက်နေပါတယ်...  ကျတော်လည်း အတည်ပေါက်နဲ့ စင်ပေါ်ကို ဝင်ပြီး ဓာတ်ပုံသမား နည်းမယ့်နေရာကို PhotoCamp Mandalay 2011 အင်္ကျီအားကိုးနဲ့ ဝင်ရောက် နေရာယူပါတယ်... သိပ်မကြာပါဘူး Barcamp Yangon ၂၀၁၂ ဖွင့်ပွဲ အခမ်းအနား စတင် ကျင်းပပါတယ်...  အဲဒီတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ရှုစားကြည့်ပါဦး...

စီးပွားရေးနဲ့ ဆက်နွယ်ပြီးလုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ ပုံတွေ အသုံးပြုမယ်ဆိုရင်တော့ ကျတော့်ဆီမှာ အရင်ခွင့်ပြုချက် ရယူပြီးမှ အသုံးပြုရန် ကြိုတင်တောင်းပန်ချင်ပါတယ်...















My Labels: barcamp, Yangon, Myanmar, Burma, Daw Aung San Su Kyi, The Lady, Aung San Suu Kyi, DASSK

Friday, January 20, 2012

Joke for All. All for Joke ကာတွန်းပြပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မန္တလေးတိုင်း ဒေသကြီး) NLD က ကြီးမှူးကျင်းပတဲ့ Joke for All. All for Joke ကာတွန်းပြပွဲကို ဒီနေ့ (၂၀-၁-၂၀၁၂) မှစပြီး (၂၂-၁-၂၀၁၂) အထိ ၂၆-လမ်း၊ ၈၇-၈၈ လမ်းကြားမှာ ရှိတဲ့ ပဒုမ္မာခန်းမမှာ ကျင်းပပြုလုပ်နေပါတယ်... နေ့လယ် ထမင်းစားပြီးတော့ ရဲဘော်သူရိန်နဲ့ အတူ အဲဒီ ကာတွန်းပြပွဲကို ရောက်ခဲ့ပါတယ်... ကာတွန်းပြပွဲနဲ့ အတူ ရန်ပုံငွေ ရရှိရေးအတွက် အမှတ်တရ ပစ္စည်းများကိုပါ ရောင်းချပေးနေတာ တွေ့ခဲ့ပါတယ်...


ပြပွဲအတွင်း ကြည့်ရှုနေကြသူများ

အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသော အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားစာရင်းကို ဖတ်ရှုနေသူ ပြပွဲလာသူတစ်ဦး

အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၁

အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၂

ဒေါ်အောင်ဆန်းစုကြည့်ပုံပါ T-Shirt အား ဝယ်ယူရန် ကြည့်ရှုနေသူ တစ်ဦး


NLD မှ ရောင်းချနေသော အမှတ်တရ ပစ္စည်းဆိုင်
 
ကာတွန်းဆရာများမှ အမှတ်တရ ကာတွန်းရေးဆွဲနေပုံ


My Labels: NLD, National League for Democracy, Cartoon Exhibition, Mandalay, Myanmar, Burma

Monday, December 26, 2011

X'mas Eve @ St. Josept Catholic Church Mandalay, Myanmar

၂၄-ဒီဇင်ဘာ-၂၀၁၁ ညက ကိုစူပါ က St. Josept Catholic Church (ကျတော်တို့ခေါ် ဖားသားလဖုန်း)မှာ X'mas Eve ရှိတယ်ဆိုတာနဲ့ ကိုစူပါကိုရှု တို့နဲ့ အတူ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်...  ၂၅-ဒီဇင်ဘာ-၂၀၁၁ မနက် ၂-နာရီလောက်မှ ဖားသားလဖုန်းကနေ ပြန်လာဖြစ်ပါတယ်... အဲဒီနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေကို အားပေးပါဦး...

































My Labels: X'mas Eve, Mandalay News, Religious news, Christmas