Skip to main content

ကြက်ငှက် တုတ်ကွေး ကာကွယ်နည်းအချို့ (Bird Flu)

Native Myanmar Forum မှာ Pretty Princess ရေးထားတာကို ပြန်လည် ကူးယူ ဖော်ပြတာပါ ...[Link]
လူလူချင်းကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့..
နှာချေလို့ထွက်တဲ့ အရည်အစက်တွေ ကနေ ၊ နှပ်ရည်တို့ သလိပ်တို့ကနေ..
ဗိုင်းရပ်စ်တွေ ပါနိုင်ပါတယ်။ အဲဒါကြောင့် သည်ရောဂါ ပြန့်ပွားမှု
ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဟာ"လက်ဆေးပါ"
ဆိုတာဖြစ်နေတာပါ။

သည်ဗိုင်းရပ်စ်ဟာ လေထဲမှာ မရှိပါဘူး.. ဒါကြောင့်
အသက်ရှူရင်း ကူးမှာမဟုတ်ပါ..။ ငှက်တွေခေါင်းပေါ်က ပျံနေရုံနဲ့ ကိုယ့်ဆီကူးမှာ
မဟုတ်ပါဘူး..။ လူလူချင်း ကူးနိုင်တာတွေ ပြောပါမယ်။ သိသလောက် ပြောတာမို့
ပိုသိသူများက ပြင်ဆင် ဖြည့်စွက်ပေးကြပါ။ မသိသေးသူများက ဖတ်ပြီး ရှောင်ရန်
ဆောင်ရန်များ လုပ်နိုင်ရန်ပါ။ သည်လိုနည်းနဲ့ ရောဂါ ပျံ့ပွားမှု ကို
တစ်ဘက်တစ်လမ်းက လျှော့ချနိုင်သလို.. အကြောက်မလွန်ကြဖို့လည်း ရည်ရွယ်ပါတယ်။
နည်းနည်း နည်းနည်း ပြန်ဖတ်သွားပြီး၊ အချိန်ရသလို
တင်ပေးသွားပါမယ်။

ဘတ်ဒ်ဖလူ(Bird Flu) ဖြစ်နေတယ် လို့ သံသယရှိနိုင်တဲ့
လူတစ်ယောက် (နှာစေး၊ ချောင်းဆိုး ဖြစ်နေတဲ့လူပေါ့၊ ရိုးရိုးနှာစေးတဲ့လူဆိုလည်း
သံသယထားလိုက်) က ပါးစပ်နဲ့ နှာခေါင်းကို မအုပ်ဘဲ နှာချေလိုက်တယ်။
အစက်အမွှားလေးတွေ က အနီးအနား ဖာနစ်ချာတွေ ပေါ်ကျမယ်။ အဲဒီဗိုင်းရက်စ်ရှိနေတဲ့
အစက်ကလေးတွေ ရှိနေတဲ့ ဖာနစ်ချာတွေကို လက်နဲ့ ကိုင်မိမယ်.. ။အဲသည်လက်နဲ့ မိမိ
ပါးစပ်၊ မျက်လုံး၊ နှာခေါင်း စသည် ကိုင်မိမယ် ဆိုရင် ကူးပါမယ်။အဲသည် လူဟာ
နှာချေတဲ့အခါ သူ့ရဲ့ လက်ဝါးနဲ့ အုပ်ပြီး နှာချေမယ်။ သူ့လက်မှာ ဗိုင်းရပ်စ်
ပါတဲ့ အစက်အပျောက်ကလေးတွေ ရှိနေမယ်။ သူနဲ့ လက်ဆွဲနှုတ်ဆက်မယ်။ အဲသည်လက်နဲ့ မျက်နှာ၊
မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတာတွေကို ကိုင်မိပြီ ဆိုရင် ရောဂါကူးပါမယ်။သူ
ချေလိုက်တဲ့အခါ သူနဲ့ မျက်နှာချင်းဆိုင်ရှိနေတဲ့ မျက်လုံးထဲ ကိုအချို့
စင်မယ် ဆိုရင် ရောဂါကူးပါမယ်။(သာမန်လူတွေအဖို့ အဲဒါတွေ
မဖြစ်အောင်ရှောင်ရပါမယ်)

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...