Skip to main content

Posts

ကျော့်သိသမျှ Zabbix အကြောင်း - ၁

ကျော့်က Zabbix စပြီးသုံးတာ ၂-ပတ်ကျော် ၃-ပတ်လောက်ပဲ ရှိပါသေးတယ်... ဒါပေမယ့် အသုံးပြုရတာ အဆင်ပြေတဲ့ အတွက် Zabbix အကြောင်းကို မျှဝေပါရစေ... Zabbix ကို မြန်မာပြည်က Telecommunication ကုမ္ပဏီကြီးတွေ၊ ဘဏ်အချို့မှာ သုံးစွဲကြတယ်လို့လည်း သိရပါတယ်... Zabbix ဆိုတာဘာလဲ...? Zabbix ဆိုတာက Network Monitoring System တစ်ခုပါ... Network ထဲမှာ ရှိနေတဲ့ Devices တွေ Service တွေကို monitoring လုပ်လို့ရပါတယ်... အဲဒါတွေအပြင် IoT စနစ်တွေနဲ့ အခြားစနစ်တွေကို လည်း monitoring ပြုလုပ်လို့ရပါတယ်...  ဒီအပိုင်းမှာတော့ Zabbix.com web site ထဲမှာ ရေးထားတာတွေနဲ့ပဲ စလိုက်ရအောင်... အပေါ်ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲ... Zabbix ရဲ့ Experience က ၂၁-နှစ်ရှိပြီ Open Source ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုလို့ ရပါတယ်... တစ်ကမ္ဘာလုံးမှာ Zabbix အင်စတောလုပ်တဲ့ အရေအတွက် ၃-သိန်းကျော် ရှိပါတယ်တဲ့... အပေါ်ပုံကတော့ Zabbix ကို ယုံကြည်စိတ်ချတဲ့ လုပ်ငန်းတွေရဲ့ နာမည်ကြီး brand တွေပါ... Zabbix ကို အာကာသနဲ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လက်လီအရောင်း လုပ်ငန်းတွေ၊ စွမ်းအင်နဲ့ ဓာတုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေရေးကြေးရေး လုပ

LibreSpeed ဆာဗာ...

Internet/LAN/WAN Speed Test ဖို့ ကိုယ်ပိုင် server ထားချင်ရင် LibreSpeed က မဆိုးဘူး အတော်လေး အဆင်ပြေတယ်... ကိုယ့်ရုံးရဲ့ VPN ချိတ်ထားတဲ့ remote site နဲ့ HO site speed ဘယ်လောက်ရလဲ တိုင်းချင်ရင်လည်း သုံးလို့ရတယ်... LAN အတွင်းမှာ အင်တာနက် ရှိရှိ မရှိရှိ client နဲ့ sever ကြား speed ကို စစ်လို့ရတယ်... ဘယ်လို install လုပ်ရလဲ သိချင်ရင်တော့ https://github.com/librespeed/speedtest/blob/master/README.md မှာ ဖတ်ရှုပါ... ပုံထဲက ဒီဇိုင်းကာလာတွေက ကျော့်ပြန်ပြင်ထားတာပါ...

ကလေးတွေကို ဖုန်းအသုံးပြုခွင့် ပေးထားတဲ့ မိဘတွေ အတွက် Google Family Link

Google Family Link က ကလေးရှိပြီး ကလေးတွေကို ဖုန်းသုံးခွင့်ပြုတဲ့ မိဘတွေအတွက် အဆင်ပြေတယ်။ ပုံ တစ်ပုံချင်းရဲ့ အောက်မှာ description တွေရေးပေးထားပါတယ်။ စပြီး configuration လုပ်တဲ့အခါ ဖုန်းတိုင်းနဲ့ အဆင်မပြေပါဘူး။ ကျော့်လုပ်တုန်းက Mi Note 3 မှာ အဆင်ပြေပေမယ့် Mi Max Prime မှာ အဆင်မပြေဖြစ်ပါတယ်။ အဲဒါနဲ့ Mi Max Prime ကို custom ROM တင်တာတောင် ၃-ခုမြောက် ROM ကျတော့မှ အဆင်ပြေသွားပါတယ်။  မိဘအတွက်  https://play.google.com/store/apps/details?id=com.google.android.apps.kids.familylink&fbclid=IwAR1j8FL4lAmhaBfHxoFw33CqyZvzheZqMom1zumoNK34glvPQ83Iwk_HqrQ ကလေးအတွက် https://play.google.com/store/apps/details?id=com.google.android.apps.kids.familylinkhelper&fbclid=IwAR2WfG0bRo5jNuNKisOilNWPp-Un2jt3fTaIRw7D9ZsIFd_G5Z12u68jNl0 ဒါက မိဘတွေ သုံးရမယ့် Family Link app ပါ icon မှာ လေတံခွန် တစ်ခုပဲ ပါပါတယ်။ ကလေးအတွက် app မှာက လေတံခွန် အကြီးနဲ့ အသေး ၂-ခု ပါပါတယ်။ ဒါက Family Link for parent ထဲဝင်လိုက်ရင် မြင်ရမယ့် နမူနာပုံစံပါ။ ကလေး ၂-ယောက် account နဲချိတ်ထားလို ၂-ခု ပြနေတာပါ။

Chatfuel အသုံးပြုပြီး fb messenger bot ပြုလုပ်နည်း အပိုင်း-၃

How to configure facebook messenger bot using Chatfuel bot Part-3 Chatfuel အသုံးပြုပြီး fb messenger bot ပြုလုပ်နည်း အပိုင်း-၃

Chatfuel အသုံးပြုပြီး fb messenger bot ပြုလုပ်နည်း-၂

How to setup facebook Messenger bot using Chatfuel Part-2 (Burmese Language)   Chatfuel အသုံးပြုပြီး fb messenger bot ပြုလုပ်နည်း-၂

Chatfuel အသုံးပြုပြီး fb messenger bot ပြုလုပ်နည်း-၁

How to setup facebook Messenger bot using Chatfuel Part-1 (Burmese Language)  Chatfuel အသုံးပြုပြီး fb messenger bot ပြုလုပ်နည်း // blog.MgHla.net