Skip to main content

Posts

ကျော့်ပြောချင်တဲ့ Zhiyun Smooth 4 အကြောင်း

 Zhiyun ကထုတ်လုပ် ရောင်းချမယ့် Smooth 4 အကြောင်းကို သဘောကျလို့ ရေးတာပါ... ယခုအချိန်အထိတော့ pre-Order အဖြစ်ပဲမှာယူနိုင်ပါသေးတယ်... ဒီ Smooth 4 အကြောင်းကို user manual နဲ့ https://youtu.be/fchHnWTIONQ က review ကို ကြည့်ပြီး ရေးမှာ ဖြစ်ပါတယ်...   Zhiyun ကုမ္ပဏီက Smooth 4 မထုတ်ခင် Smooth-C, Smooth 2, Smooth-Q, Smooth 3 တွေ ထုတ်ခဲ့ပြီး Smooth-Q ဟာ လူကြိုက်များခဲ့ပါတယ်... သုံးရတာအဆင်ပြေတာရော၊ ဈေးနှုန်းသက်သာမှုကြောင့်ပါ Smooth-Q ဟာ လူသုံးများခဲ့ပါတယ်... အခုအချိန်မှာ Smooth-Q ရဲ့ဈေးက USD99.0 ပဲရှိပါတယ်...   Smooth-Q တို့ Smooth 4 တို့ဆိုတာ နာမည်ကြီး Dji ကုမ္ပဏီကထုတ်တဲ့ osmo mobile, osmo mobile 2 တို့လိုမျိုး mobile ဖုန်းနဲ့ video ရိုက်တဲ့အခါ တည်ငြိမ်အောင်ပြုလုပ်ပေးတဲ့ Gimbal Stabilizer မျိုးပါ...   Osmo mobile စထွက်တုန်းက USD299.0 ရှိခဲ့ပြီး Smooth-Q ရဲ့ ရိုက်ခတ်မှုကြောင့်ထင်ပါတယ်... Osmo Mobile 2 ထွက်လာတော့ USD129.0 ဈေးနဲ့ ရောင်းချခဲ့ပါတယ်...   Zhiyun က အခုထုတ်ရောင်းမယ့် Smooth 4 ကို USD139.0 နဲ့ ရောင်းချမှာ ဖြစ်ပါတယ်... Smooth 4 ဟာ နာမည်ကြီး Dji ထုတ် osmo mobile 2 ထက် USD10 ဈေးပိုမျ

Google Translate app သုံးပြီး ပုံထဲကစာတွေကို ဘာသာပြန်ခြင်း...

နမူနာအနေနဲ့ ဂျပန်စာကနေ အင်္ဂလိပ်စာကို ဘာသာပြန်ပြပါ့မယ်... Google Translate app ထဲကို ဝင်ပြီး Japanese ရဲ့ ညာဘက်က အောက်ကိုပြနေတဲ့ မြှားကို တို့ထိလိုက်ပါ... ဂျပန်ဘာသာစကားကို Offline ဘာသာပြန်တာနဲ့ Instant ဘာသာပြန်တာတွေ လုပ်နိုင်ဖို့ Japanese ရဲ့ ညာဘက်က download ခလုတ်ကို နှိပ်ပြီး download လုပ်ပါ... Offline/Instant ဘာသာပြန်တာ မသုံးရင်တော့ download လုပ်စရာ မလိုပါဘူး... မြန်မာစာအတွက်ကတော့ Offline/Instant ဘာသာပြန်တာ မရသေးပါဘူး... back key နဲ့ အပြင်ကိုပြန်ထွက်ပါ... Google Translate app စဝင် ဝင်ခြင်းပုံအတိုင်းမြင်ရပြီ ဆိုရင် Camera ပုံကို နှိပ်ပါ... Instant ဘာသာပြန်တာကို ပိတ်ပြီးအရင်စမ်းမှာ ဖြစ်တဲ့ အတွက် လိမ္မော်ရောင်စက်ဝိုင်းနဲ့ ဝိုင်းပြထားတဲ့ မျက်လုံးပုံ အစိမ်းရောင်ကို တစ်ချက်နှိပ်ပါ... Instant OFF လို့ ပြသွားပါလိမ့်မယ်... အောက်ဆုံးအတန်းရဲ့ ဘယ်ဘက် icon လေးကတော့ ဖုန်းထဲမှာရှိတဲ့ ပုံထဲမှာပါတဲ့ စာသားတွေကို ဘာသာပြန်တဲ့ အချိန် အသုံးနိုင်ပါတယ်... အခုတော့ ကင်မရာနဲ့ ဘာသာပြန်တာကို သုံးမှာ ဖြစ်တဲ့ အတွက် အလယ်က အနီရောင်နောက်ခံ ကင်မရာပုံကို တစ်ချက်နှိပ်ပါ... ကိုယ်ဘာသာပြန်ချင်တဲ့

Google Translate က Conversation အကြောင်း...

Google Translate မှာ conversation ဆိုတာလေး ပါတာကို အမှတ်တမဲ့ တွေ့မိပေမယ့် မစမ်းဖြစ်ဘူး... ကား manual စာအုပ်က ဂျပန်စာတွေကို ဘာသာပြန်ရင်းနဲ့ သတိရပြီး စမ်းကြည့်တာ မဆိုးဘူး နှေးတာလေးကလွဲရင် အဆင်ပြေတယ်လို့ ပြောလို့ရတယ်...   Google Translate app ကို Play Store (သို့) Apple Apps Store ကနေတော့ အရင် download လုပ်ပြီး install လုပ်စရာတော့ လိုပါမယ်...  အင်တာနက်ဖွင့်ထားစရာလိုပါမယ်... Google Translate app ထဲဝင်လိုက်ရင် ကျတော်တို့ နောက်ဆုံးသုံးခဲ့တဲ့ ဘာသာစကား ၂-မျိုးကို ပြပါလိမ့်မယ်... Myanmar (Burmese) နဲ့ English ဆိုတဲ့ ဘာသာစကား ၂-ခုက ကျတော် Google Translate app မှာ နောက်ဆုံးသုံးခဲ့လို့ ပြနေတာပါ... ဘယ်ဘက်က Myanmar (Burmese) လို့ပြနေပြီး ညာဘက်မှာ English လို့ပြနေတယ်ဆိုတော့ မြန်မာစာကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန်ဆိုနိုင်တယ်လို့ ပြောတာပါ... Tap to enter text နေရာမှာ စာရိုက်ပြီး ဘာသာပြန်လို့ရသလို၊ Handwriting ကို တို့ထိပြီး လက်ရေးနဲ့ ရေးတဲ့စာတွေကိုလည်း ဘာသာပြန်ခိုင်းလို့ရပါတယ်...  ဘာသာစကား ပြောင်းရအောင် အနီနဲ့ ဝိုင်းပြထားတဲ့ နေရာကို တို့ထိလိုက်ပါ...   အခု Chinese ကို ရွေးပြီး န