Google Translate မှာ conversation ဆိုတာလေး ပါတာကို အမှတ်တမဲ့ တွေ့မိပေမယ့် မစမ်းဖြစ်ဘူး... ကား manual စာအုပ်က ဂျပန်စာတွေကို ဘာသာပြန်ရင်းနဲ့ သတိရပြီး စမ်းကြည့်တာ မဆိုးဘူး နှေးတာလေးကလွဲရင် အဆင်ပြေတယ်လို့ ပြောလို့ရတယ်...  Google Translate app ကို Play Store (သို့) Apple Apps Store ကနေတော့ အရင် download လုပ်ပြီး install လုပ်စရာတော့ လိုပါမယ်...  အင်တာနက်ဖွင့်ထားစရာလိုပါမယ်... Google Translate app ထဲဝင်လိုက်ရင် ကျတော်တို့ နောက်ဆုံးသုံးခဲ့တဲ့ ဘာသာစကား ၂-မျိုးကို ပြပါလိမ့်မယ်... Myanmar (Burmese) နဲ့ English ဆိုတဲ့ ဘာသာစကား ၂-ခုက ကျတော် Google Translate app မှာ နောက်ဆုံးသုံးခဲ့လို့ ပြနေတာပါ... ဘယ်ဘက်က Myanmar (Burmese) လို့ပြနေပြီး ညာဘက်မှာ English လို့ပြနေတယ်ဆိုတော့ မြန်မာစာကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန်ဆိုနိုင်တယ်လို့ ပြောတာပါ... Tap to enter text နေရာမှာ စာရိုက်ပြီး ဘာသာပြန်လို့ရသလို၊ Handwriting ကို တို့ထိပြီး လက်ရေးနဲ့ ရေးတဲ့စာတွေကိုလည်း ဘာသာပြန်ခိုင်းလို့ရပါတယ်... ဘာသာစကား ပြောင်းရအောင် အနီနဲ့ ဝိုင်းပြထားတဲ့ နေရာကို တို့ထိလိုက်ပါ...  အခု Chinese ကို ရွေးပြီး န
MgHla's ဒိုင်ယာရီ