Skip to main content

Posts

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti

Helpdesk Ticketing System (Open Source)

Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

Open Source ဖြစ်တဲ့ Fixed Asset Management software Snipe-IT

Open Source ဖြစ်တဲ့ Fixed Asset Management software ထဲက Snipe-IT ကို သဘောကျနေမိတယ်... Snipe-IT က Fixed Asset Management အတွက် အခြေခံလုပ်ဆောင်ချက်တွေ အကုန် လုပ်လို့ရတယ်... အခြေခံထက်တောင်ပိုတယ်လို့ ပြောလို့ရမယ်... Snipe-IT Fixed Asset Management Server ကို Linux ပေါ်တင်မက Windows ပေါ်မှာ တင်လို့ရတယ်... ကျော့်ကတော့ Open Source ဖြစ်လို့ကို Linux အမျိုးနွယ်ဝင်ဖြစ်တဲ့ Ubuntu ပေါ်ပဲ တင်သုံးတယ်... Linux အကြောင်းလည်း မသိဘူးဆိုရင်လည်း Snipe-IT ရဲ့ cloud ကိုဝယ်သုံးလို့ရတယ်... ကိုယ့်လုပ်ငန်းနဲ့ ကိုက်မကိုက် သိချင်ရင် https://demo.snipeitapp.com/login မှာ သွားကြည့်ကြည့်ပေါ့... ကျော့်စိတ်ပါရင်တော့ tutorial လုပ်မယ်...

Security Features and Tips အပိုင္း-၈

Security Features and Tips အပိုင်း - ၈ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ ... https://www.facebook.com/help/285695718429403/?helpref=hc_fnav ကို မှီးငြမ်းရေးသားပါတယ် ... ____________________________________________________________ Photo Credit: socialbarrel.com ကျော့်တို့ မသိတဲ့သူတွေကို friend အဖြစ်လက်မခံပါနဲ့…   Facebook ကပြောတယ်။ ကျော့်တို့ မသိတဲ့သူတွေကို friend အဖြစ်လက်မခံပါနဲ့တဲ့။ Scammer (Hacker) တွေက အကောင့်အတု (fake account) လုပ်ပြီး friend အဖြစ်လာ add တာမျိုးဖြစ်နိုင်ပါတယ်။ Scammer တွေရဲ့ fake account ကို friend အဖြစ် လက်ခံလိုက်ရင် ကျော့်တို့ရဲ့ timelien (wall) ပေါ်မှာ သူတို့ရဲ့  spam ပို့တွေ မြင်တွေ့တင်နိုင်ပြီး သူတို့ရဲ့ posts များမှာလည်း ကျော့်ကို tag လုပ်နိုင်ပါတယ်။ ပြီးတော့ ကျော့်တို့ကို အန္တရာယ်ရှိတဲ့ message များလည်း ပို့နိုင်ပါသေးတယ်။

fb Security Features and Tips အပိုင္း-၇

Security Features and Tips အပိုင်း - ၇ photo credit: underspy.org ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ ... https://www.facebook.com/help/211990645501187 ကို မှီးငြမ်းရေးသားပါတယ် ... ____________________________________________________________ Logout Remotely   Facebook က  ကိုယ့် account hack ခံရတယ်လို့ သံသယရှိရင် Where you’re logged in မှာ ဝင်စစ်ပြီး မလိုတဲ့ device တွေထဲမှာ ဝင်ထားတဲ့ fb account များကို log out လုပ်ပါ။ Menu > Settings > Security and Login > Where you’re logged in > See all ဝင်ထားတဲ့ ဖုန်း model, တည်နေရာ , Facebook app ဘေးမှာ Active Now လို့ပြနေတာက လက်ရှိအသုံးပြုနေတဲ့ Device ပါ။ ကိုယ်အရင်က ဝင်ထားတဲ့ Device တွေ ဆက်လက်အသုံး မပြုတော့ Device တစ်ခုခုထဲကနေ facebook ကို log out လုပ်ချင်ရင် အဲဒီ Device ဘေးက အစက်ပြောက် ၃-ပြောက်ကို နှိပ်ပြီး Log Out ကို နှိပ်ပါ။ ဝင်ထားတဲ့ Device မှန်သမျှ အကုန်လုံးကနေ Log Out လုပ်ချင်ရင်တော့ အောက