Skip to main content

Posts

BarCamp Mandalay 2011 Organizer Team Founding Meeting

BarCamp Mandalay @ FaceBook

SONY Bloggie Touch Camera : HD Video ရိုက်မလား…? Still Photo ရိုက်မလား…?

My Labels: pocket camcorder, review အိတ်ကပ်ထဲမှာ ဆောင်ထားနိုင်တဲ့ HD Video ရိုက်နိုင်တဲ့ mobile phone ရွယ်အစား ဝန်းကျင်သာရှိတဲ့ HD video ရော… 12.8-Megapixel ဓာတ်ပုံပါ ရိုက်နိုင်မယ့် SONY Bloggie Touch Camera အသစ်ကို ဆိုနီက ရောင်းချတော့မည်လို့ ကြေငြာလိုက်ပါတယ်… SonyStyle.com မှာတော့ 10/09/2010 ဝန်းကျင်လောက်မှာ ဈေးကွက်ကို တင်ပို့မယ်လို့ ရေးထားပြီး pre-orders ကို လက်ခံနေပါပြီ…  Bloggie ပထမမျိုးဆက်အနေနဲ့ Bloggie camera PM5, CM5 model များကို SONY မှာ ထုတ်ခဲ့ဖူးပြီး ယခု ထပ်ထုတ်လိုက်တဲ့ မော်ဒယ်ကတော့ ယခင် မော်ဒယ်များထက် screen အရွယ်စား ပိုမို ကြီးလာကာ touch screen ဖြင့် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်…  အလွယ်တကူ recording လုပ်ဖို့ခလုတ်တစ်ခု ပါဝင်ပြီး အခြား လုပ်ဆောင်ချက်များကိုတော့ 3" touch screen မှတဆင့် လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်…  ဒီ bloggie touch ကင်မရာဟာ 1/2.5 Exmor CMOS sensor အသုံးပြုထားကာ ဗီဒီယို ရိုက်ကူးရာမှာ Full HD video 1080p နဲ့ရိုက်ကူးပေးပြီး MP4 file format နဲ့သိမ်းဆည်းတယ်လို့ သိရပါတယ်… built-in 8GB ပါဝင်တဲ့ ကင်မရာ မော်ဒယ်နဲ့ 1280x720/30p quality HD video ရိုက်ကူးမယ်ဆု

ဒါနဲ့စကားမစပ်...

My Labels: Taung Pyone, Mandalay News, Myanmar   ဒါနဲ့စကားမစပ်... တောင်ပြုံးပွဲကို  ၁၉၈၇-၈၈ ဝန်းကျင်လောက်ပဲ တစ်ခေါက်ရောက်ဖူးတယ်... ငယ်သေးတော့ လူတိုးရတာပဲ မှတ်မိတယ်... ကျန်တာ ဘာမှ မမှတ်မိဘူး... ဒီနှစ်တော့ အဖော်ကောင်းတာနဲ့ တောင်ပြုံးပွဲကို ရောက်သွားတယ်... ညီလာခံနေ့ ဖြစ်နေတော့ နတ်ကတာတွေကို ညနေ ၃-နာရီမှ စတယ်... တောင်ပြုံးပွဲသွားပြီး နတ်ကတဲ့ပုံ မရခဲ့တာ ကျတော် တစ်ယောက်ပဲ ရှိလိမ့်မယ် ထင်တယ်... ဒါပေမယ့် ကျတော် ဘဝမှာ မမြင်ဖူးတဲ့ အဝတ်အစားနဲ့ ပုံတွေ မြင်ခဲ့ရခဲ့တာ အမြတ်ပါပဲ... ကျတော် ရိုက်ထားတဲ့ တောင်ပြုံးပွဲက ဓာတ်ပုံတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်...  ဒါနဲ့စကားမစပ်... မန္တလေးမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကို ဒီလ (၃)ရက်နေ့ကစပြီး စစ်ဆေးဖမ်းဆီးမယ် လို့ သတင်းစာတွေက ကြေငြာနေတာ သတင်းစာထဲမှာ စည်းကမ်းဖောက်ဖျက်တဲ့ မော်တော်ယာဉ် ဘယ်နှစီး၊ မော်တော်ဆိုင်ကယ်ဘယ်နှစီး၊ အမှုပေါင်း ဘယ်နှမှု ဖမ်းဆီးနိုင်ခဲ့တယ် ကြေငြာတာကို တွေ့ရပါတယ်... အရင်က စစ်ဆေးမှုတွေကို နေ့လယ်ဘက်တွေမှာ စစ်ဆေးခဲ့ပေမယ့် ဒီတစ်ခါတော့ ညဘက်တွေမှာ အဓိက စစ်ဆေးတယ်လို့ သိရပါတယ်...

My Daughter's Doll

My Labels: Photo, My Daughter Doll, Toy Photography

SONY NEX-3 / NEX-5 Camera Review

SonyStyle Magazine မှာ SONY NEX-3 / NEX-5 ကင်မရာကို မြင်ပြီး ကတည်းက SONY NEX camera တွေကို သဘောကျမိတာနဲ့ အင်တာနက်ထဲ လိုက်ရှာ ဖတ်မိပြီး ကျတော် သဘောကျမိတာပါ… ကျတော်ကိုယ်တိုင် ဝယ်ယူဖို့ မတတ်နိုင်တာနဲ့ ကုမ္ပဏီမှာ အသုံးပြုဖို့ ဝယ်ယူခွင့်တင်ပြီး ဝယ်လိုက်တာပါ… တကယ် ဝယ်ယူခွင့်လည်းပြုရော ရန်ကုန် SONY Expo 2010 မှာ ပြခဲ့တယ်ဆိုတဲ့ ဒီကင်မရာတွေကို Sony Showroom ကို မေးကြည့်တော့ မတင်သေးပါဘူး… ပွဲအတွက် နမူနာ သွင်းလာတာတဲ့… တကယ် မထွက်သေးဘူးလို့ showroom က ပြောပါတယ်… ရန်ကုန် Sony Showroom အထိ ဖုန်းဆက်မေးတာ ကျတော့်မှာ အရူး ၁-ယောက်လို ဖြစ်လို့… ဒါနဲ့ ဟိုဟို ဒီဒီ လိုက်မေးထားရင်းနဲ့ ကံကောင်းစွာနဲ့ Technoland ကို SONY NEX-3 ကင်မရာ 16mm f/2.8 lens ရောက်လာနဲ့ ဝယ်ဖြစ်သွားတာပါ… အင်တာနက်ထဲမှာ SONY NEX-3 ကင်မရာကို 16mm f/2.8 Lens နဲ့ဆို USD550 ဝန်းကျင်ခန့်ရှိပြီး 18-55mm f/3.5-5.6 OSS  lens နဲ့ဆို USD600 ဝန်းကျင်ဈေး ရှိပါတယ်… စင်္ကာပူမှာ SONY NEX-3 + 16mm + 18-55mm ကို SGD1200 ဝန်းကျင်နဲ့ရောင်းပါတယ်… တတ်နိုင်ရင်တော့ lens ၂-ခုနဲ့ဟာ ဝယ်ရင် ပိုကိုက်တယ်လို့ ထင်ပါတယ်…  ဒီ SONY NEX-3 ကင်မရာ ကျတော့် လက်ထဲရောက်တာ ၂-ရက်ပ