Skip to main content

Posts

Barcamp Yangon 2010 Invitation

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်... mghla.com  ကို ဘန်ကောက်မြို့ အပြင်မှာရောင်းတဲ့ဆိုင်ကနေ သူငယ်ချင်းက ဝယ်ထားပေးတာပါ... ဒီနှစ် သက်တမ်းကုန်တော့ သက်တမ်းတိုးဖို့ ဝယ်ထားတဲ့ဆိုင်ကို ကျတော့်သူငယ်ချင်းသွားတော့ ဆိုင်ပိတ်ထား တာချည်းနဲ့ပဲ ကြုံနေလို့ အခုအချိန်ထိ သက်တမ်း မတိုးနိုင်သေးပါဘူး... အသစ်ဝယ်ဖို့ကလည်း ပြိတ္တာများမြူးသည့်ကာလ ဖြစ်သည့်အတွက် အသစ်ထပ်မဝယ်ဘဲ ငြိမ်နေတာပါ... လတ်တလောတော့ ကျော်ခွလာပေးကြဖို့ တောင်းပန်ပါတယ်ဗျာ... ဒါနဲ့ စကားမစပ်... ၂၀၁၀ အတွက်  sm³ မြန်မာပြက္ခဒိန် ထွက်ရှိလို့လာပါပြီ... Java အထောက်အပံ့ပေးတဲ့ mobile phone handset များမှာ အသုံးပြုနိုင်တဲ့ sm³ 365 Free Calendar မြန်မာပြက္ခဒိန်ပါ... ဖုန်းထဲမှာ installation ပြုလုပ်ပြီးပါက 365 လို့နာမည်ပေးထားတဲ့ application ကို run လိုက်ရင်... Update Code A နဲ့ Update Code B ဆိုပြီး လာတောင်းပါလိမ့်မယ်... 2010 ခုနှစ်အတွက်ဆို A နေရာမှာ 2317 ထည့်ပေးရပြီး B နေရာမှာ 9101 ထည့်ပေးရပါတယ်.. ဒီပြက္ခဒိန်ကို R&aS software (sm³) အဖွဲ့ကနေ အခမဲ့ဖြန့်ချီတာပါ... http://www.multiupload.com/ZN04QK2UJ8 ဒါနဲ့ စကားမစပ်...   8th Myanmar ICT Week ပွဲကို ခေမီကို ကနေတုန်း ရောက

Focus on a Daisy

Focus on a Daisy My Labels: Photo

Myanmar ICT Awards 2009

http://www.myanmarictawards.org/

ရတနာပုံဈေးက သရဲလေလား... (Mandalay News/Gossip)

အခုခေတ်စားနေတဲ့ ကောလဟာလက ဒီလိုဗျ...  မီးလောင်သွားတဲ့ ရတနာပုံဈေး နေရာမှာ ပြန်ဆောက်နေတဲ့ ဈေးအသစ်ပုံ ဒီဇိုင်းကို ၇၈-လမ်းဘက်မှာ vinyl နဲ့ ထောင်ထားပါတယ်...  အဲဒီ vinyl ထဲမှာ အရင်ကမပါဘဲ အခု အဲဒီ ဒီဇိုင်းထဲမှာ ၇၈-လမ်းပေါ် သွားနေတဲ့ ကား ၂-စီးကြားထဲမှာ အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့ပုံ ပေါ်လာပါတယ်... အဲဒီ ပုံထဲက မိန်းကလေးဟာ သရဲမဖြစ်ပြီး ည ၁၂-နာရီတိုင်း  အဲဒီရှေ့က ဖြတ်သွားတဲ့သူတွေဆီကနေ သူ့မျက်လုံး ရှာပေးဖို့ သူ့မျက်လုံး ပြန်ပေးဖို့ ကောလဟာလ ထွက်နေတာပါ...  ပြီးတော့ အဲဒီ ဗီနိုင်းကို ဓာတ်ပုံ မရိုက်ရဲ့ကြပါဘူး... ဓာတ်ပုံရိုက်ရင် အဲဒီသရဲမက အိမ်အထိ တကောက်ကောက် လိုက်နှောင့်ယှက်တယ် ဆိုကြပါတယ်... အဲဒါကို ကြားတဲ့နေ့ ရုံးဆင်းချိန်သွားကြည့်တော့ ဟုတ်သလိုလိုပဲ ကားရှေ့ထိုင်ပြီး တစ်ခုခုလုပ်နေတဲ့ပုံပဲ... မှောင်ကလည်း မှောင်နေပြီကိုး... မနေ့က သေချာပြန်သွားကြည့်တော့မှ ဆိုင်ကယ်စီးနေတဲ့ပုံပဲ... ဆိုင်ကယ်က ကတ္တရာလမ်းထဲမြှုပ်နေတယ်... 3D rendering လုပ်တဲ့အချိန်အတွင်း ဒီဇိုင်နာ သတိမထားမိတဲ့ အမှားပဲ ဖြစ်မှာပါ... အဲဒီ ဗီနိုင်းပုံထဲမှာ အဲဒီ တစ်နေရာထဲ မဟုတ်ပါဘူး... အချို့လူတွေမှာ အရိပ်မပါပါ

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်... Mobile Phone များမှာ အသုံးပြုဖို့အတွက် Ornagai Mobile Version 2 ထွက်နေပါပြီ... ဒီနေရာကနေ download လုပ်ယူနိုင်ကြောင်းပါ... Ornagai Mobile Version 2 နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို MysteryZillion မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Windows Mobile နဲ့ iPhone/iPod Touch တို့ အတွက် လည်းရနေပါပြီ... Saturngod ရဲ့ ဘလော့မှာ သွားရောက် ဖတ်ရှုရယူနိုင်ကြောင်းပါ... ဒါနဲ့ စကားမစပ်... မနေ့က ရိုက်ဖြစ်တဲ့ ပုံ ၂-ပုံနဲ့ ရန်ကုန်မှာတုန်းက film camera နဲ့ရိုက်ထားတဲ့ပုံကို photo.MgHla.com မှာ တင်ထားပါတယ်... ပုံပေါ်ကို ကလစ်လုပ်ပြီး သွားကြည့်နိုင်ကြောင်းပါ...   .