Skip to main content

Posts

Myanmar ICT Awards 2009

http://www.myanmarictawards.org/

ရတနာပုံဈေးက သရဲလေလား... (Mandalay News/Gossip)

အခုခေတ်စားနေတဲ့ ကောလဟာလက ဒီလိုဗျ...  မီးလောင်သွားတဲ့ ရတနာပုံဈေး နေရာမှာ ပြန်ဆောက်နေတဲ့ ဈေးအသစ်ပုံ ဒီဇိုင်းကို ၇၈-လမ်းဘက်မှာ vinyl နဲ့ ထောင်ထားပါတယ်...  အဲဒီ vinyl ထဲမှာ အရင်ကမပါဘဲ အခု အဲဒီ ဒီဇိုင်းထဲမှာ ၇၈-လမ်းပေါ် သွားနေတဲ့ ကား ၂-စီးကြားထဲမှာ အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့ပုံ ပေါ်လာပါတယ်... အဲဒီ ပုံထဲက မိန်းကလေးဟာ သရဲမဖြစ်ပြီး ည ၁၂-နာရီတိုင်း  အဲဒီရှေ့က ဖြတ်သွားတဲ့သူတွေဆီကနေ သူ့မျက်လုံး ရှာပေးဖို့ သူ့မျက်လုံး ပြန်ပေးဖို့ ကောလဟာလ ထွက်နေတာပါ...  ပြီးတော့ အဲဒီ ဗီနိုင်းကို ဓာတ်ပုံ မရိုက်ရဲ့ကြပါဘူး... ဓာတ်ပုံရိုက်ရင် အဲဒီသရဲမက အိမ်အထိ တကောက်ကောက် လိုက်နှောင့်ယှက်တယ် ဆိုကြပါတယ်... အဲဒါကို ကြားတဲ့နေ့ ရုံးဆင်းချိန်သွားကြည့်တော့ ဟုတ်သလိုလိုပဲ ကားရှေ့ထိုင်ပြီး တစ်ခုခုလုပ်နေတဲ့ပုံပဲ... မှောင်ကလည်း မှောင်နေပြီကိုး... မနေ့က သေချာပြန်သွားကြည့်တော့မှ ဆိုင်ကယ်စီးနေတဲ့ပုံပဲ... ဆိုင်ကယ်က ကတ္တရာလမ်းထဲမြှုပ်နေတယ်... 3D rendering လုပ်တဲ့အချိန်အတွင်း ဒီဇိုင်နာ သတိမထားမိတဲ့ အမှားပဲ ဖြစ်မှာပါ... အဲဒီ ဗီနိုင်းပုံထဲမှာ အဲဒီ တစ်နေရာထဲ မဟုတ်ပါဘူး... အချို့လူတွေမှာ အရိပ်မပါပါ

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်... Mobile Phone များမှာ အသုံးပြုဖို့အတွက် Ornagai Mobile Version 2 ထွက်နေပါပြီ... ဒီနေရာကနေ download လုပ်ယူနိုင်ကြောင်းပါ... Ornagai Mobile Version 2 နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို MysteryZillion မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Windows Mobile နဲ့ iPhone/iPod Touch တို့ အတွက် လည်းရနေပါပြီ... Saturngod ရဲ့ ဘလော့မှာ သွားရောက် ဖတ်ရှုရယူနိုင်ကြောင်းပါ... ဒါနဲ့ စကားမစပ်... မနေ့က ရိုက်ဖြစ်တဲ့ ပုံ ၂-ပုံနဲ့ ရန်ကုန်မှာတုန်းက film camera နဲ့ရိုက်ထားတဲ့ပုံကို photo.MgHla.com မှာ တင်ထားပါတယ်... ပုံပေါ်ကို ကလစ်လုပ်ပြီး သွားကြည့်နိုင်ကြောင်းပါ...   .

Unemployed Man

My Labels: Candid Photo

စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်း

2005-August တုန်းက မှတ်ထားတာလေးကို Zawgyi-One ပြောင်းပြီး ပြန်တင်တာပါ... ဒီလဆန်းက မွေးတဲ့ သမီးငယ်လေး အတွက် ခမည်း ဘာပေးရမလဲ သိချင်လို့ ပြန်ရှာတင်ထားတာပါ... မောင်လှ ရေ . . . ဆရာ စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်းတဲ့ မှတ်ထားဦးမှကွ . . . ကလေးသည် မကြာခဏလန့်ခြင်း၊ အိပ်နေရာမှ ဆတ်ခနဲ့ဖြစ်ပြီး ကြောက်ရွံ့စွာ အော်ဟစ်ငိုခြင်း၊ မကြာခဏ ကျန်းမာရေး ချူချာပြီး ဆရာဝန် ဆေးဝါးနှင့် မပြတ်ခြင်း၊ အနည်းငယ်သာ အသားတက်လာလိုက် ချူချာလိုက် ပြန်ကျသွားလိုက်၊ ဆေးကုသလည်း မထူး၊ ဆေးမစူးဘဲ ရှိနေပြန်၊ အဓိပ္ပာယ်မဲ့ချူချာ အထက်ပါကဲ့သို့ ဖြစ်ရပ်များ “မွေးကင်းစအရွယ်မှာ စကားတီတီတာတာ ပြောတတ်သောအရွယ်” ထိုကြားကာလအရွယ်များတွင် ဖြစ်ပေါ်ပါက ခမည်းပေးသင့်ပါသည်။ ၄င်းအပြင်ခမည်းမပေးရသေးသော ကလေးများကိုလည်း ပေးသင့်၏။ ကလေးကျန်းမာရေးအတွက် ဆောင်ရွက်သော ရိုးရာဓလေ့ဖြစ်ပါသည်။ အပူရှိန်တက်ပြီး မှိန်းမောနေသော ကလေးတို့အား ချော့နေသော ဖခင်တို့ အပူပပျောက်စေခြင်းအလို့ငှာ ခမည်းပေးခြင်း နည်းစနစ်ကို တင်ပြအပ်ပါသည်။ တနင်္ဂနွေနေ့မွေးသောကလေး . . . ၄င်းကလေးများအတွက် မြရတနာ၊ မြေ၊ ပုတီးတို့ကို ခမည်းပေးရပါသည်။ ခမည်းပေးရမည့်သူသည် အင်္ဂါနေ့မွေးသောသူ ဖြစ်ရပါမည်။ တန