Skip to main content

Posts

စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်း

2005-August တုန်းက မှတ်ထားတာလေးကို Zawgyi-One ပြောင်းပြီး ပြန်တင်တာပါ... ဒီလဆန်းက မွေးတဲ့ သမီးငယ်လေး အတွက် ခမည်း ဘာပေးရမလဲ သိချင်လို့ ပြန်ရှာတင်ထားတာပါ... မောင်လှ ရေ . . . ဆရာ စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်းတဲ့ မှတ်ထားဦးမှကွ . . . ကလေးသည် မကြာခဏလန့်ခြင်း၊ အိပ်နေရာမှ ဆတ်ခနဲ့ဖြစ်ပြီး ကြောက်ရွံ့စွာ အော်ဟစ်ငိုခြင်း၊ မကြာခဏ ကျန်းမာရေး ချူချာပြီး ဆရာဝန် ဆေးဝါးနှင့် မပြတ်ခြင်း၊ အနည်းငယ်သာ အသားတက်လာလိုက် ချူချာလိုက် ပြန်ကျသွားလိုက်၊ ဆေးကုသလည်း မထူး၊ ဆေးမစူးဘဲ ရှိနေပြန်၊ အဓိပ္ပာယ်မဲ့ချူချာ အထက်ပါကဲ့သို့ ဖြစ်ရပ်များ “မွေးကင်းစအရွယ်မှာ စကားတီတီတာတာ ပြောတတ်သောအရွယ်” ထိုကြားကာလအရွယ်များတွင် ဖြစ်ပေါ်ပါက ခမည်းပေးသင့်ပါသည်။ ၄င်းအပြင်ခမည်းမပေးရသေးသော ကလေးများကိုလည်း ပေးသင့်၏။ ကလေးကျန်းမာရေးအတွက် ဆောင်ရွက်သော ရိုးရာဓလေ့ဖြစ်ပါသည်။ အပူရှိန်တက်ပြီး မှိန်းမောနေသော ကလေးတို့အား ချော့နေသော ဖခင်တို့ အပူပပျောက်စေခြင်းအလို့ငှာ ခမည်းပေးခြင်း နည်းစနစ်ကို တင်ပြအပ်ပါသည်။ တနင်္ဂနွေနေ့မွေးသောကလေး . . . ၄င်းကလေးများအတွက် မြရတနာ၊ မြေ၊ ပုတီးတို့ကို ခမည်းပေးရပါသည်။ ခမည်းပေးရမည့်သူသည် အင်္ဂါနေ့မွေးသောသူ ဖြစ်ရပါမည်။ တန

m3 Mobile Directory

sm3 ကနေ အခမဲ့ ဖြန့်ဝေတဲ့ Java အထောက်အပံ့ပေးတဲ့ Mobile Phone များမှာ အသုံးပြုနိုင်တဲ့ sm3 Mobile Directory လေးပါ... ရန်ကုန်မြို့ရှိ Wedding Services, Vehicle Services, Transport & Tourism Services, Restaurant & Catering Services, Mobile Phone & Accessories, Market & Shopping Centers, Hotels, Health & Medicare Centers, Entertainments & Recreations, Home Delivery & On-Call Services, Computer & Accessories, Banks & Finance Centers ဖုန်းနံပါတ်များ၊ လိပ်စာများနှင့် အရေးကြီး ဌာန ဖုန်းနံပါတ်များ ပါဝင်ပါတယ်... sm3 Mobile Directory ကို  ဒီနေရာမှ download နိုင်ပါတယ်... sm3_Mobile_Directory2009.zip ထဲမှာ ဖိုင် ၂-ဖိုင်ပါဝင်ပြီး sm3MobileDirectory.jar ဖိုင်ကို  mobile phone များတွင် install လုပ်ကာ အသုံးပြုနိုင်ပြီး sm3MobileDriectory_Share.jar ကတော့ mobile phone တွင် install လုပ်ပြီးပါက အခြား ဖုန်းများသို့ bluetooth မှတဆင့်  m3 Mobile Directoryကို install ပြုလုပ်ပေးနိုင်ကြောင်း သိရပါသည်... Download Link: http://www.mghla.com/share/sm3_Mobile_Directory2009.zip

သမုဒ္ဒရာ ဝမ်းတစ်ထွာ... (Photo)

ကူမင်းညဈေး၊ တရုတ်တန်းညဈေး ဖွင့်တဲ့လမ်းက မနက်ပိုင်း သား၊ ငါး၊ အသီးအနှံဆိုင်တွေ သိမ်းပြီးချိန်၊ ရှုပ်ပွ ကျန်ခဲ့တဲ့ အမှိုက်တွေ လိုက်ရှင်းနေတဲ့ ကလေးတွေကို ရိုက်ထားတာပါ... My Labels: Photo, Child Worker, Candid Photo

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install

မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော် မြတ်ကြီး (Mandalay Maha Muni Buddha Image)

သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့က ဘုရားကြီးကို ဖူးရင်းနဲ့ ရိုက်လာခဲ့တာပါ... My Labels: Maha Muni Buddha Image, Photo