Skip to main content

Posts

မှတ်ထားဦးမှ... (IT Tips and Tricks)

» Symantec Endpoint ပရိုတက်ရှင်း (client) နဲ့ Symantec Endpoint ပရိုတက်ရှင်း မန်နေဂျာ (server) ချိတ်လား မချိတ်လား သိချင်ရင် Symantec Endpoint ပရိုတက်ရှင်း တင်ထားတဲ့ client ရဲ့ Internet Browser မှာ http://ဆာဗာလိပ်စာ-or-ip-address/secars/secars?hello,secars ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ... OK. လို့ပြန်ပြရင် ဆာဗာနဲ့ client ချိတ်ဆက်မှု ရှိတယ်... » Symantec Endpoint ပရိုတက်ရှင်းမှာ definition update လုပ်မယ်ဆိုရင် http://www.symantec.com/business/security_response/definitions/download/detail.jsp?gid=savce က .jdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec\Symantec Endpoint Protection Manager\data\inbox\content\incoming အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်... » Symantec Antivirus Corporate Server မှာ definition update လုပ်မယ်ဆိုရင် အပေါ် URL ထဲက .xdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec AntiVirus အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်... My Labels: AntiV

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ကျတော့် ဘလော့တွင် အောက်ပါအတိုင်း ကြေငြာထားသော်လည်း ပြည်တွင်းဂျာနယ် အချို့သည် အသိမပေး အကြောင်းမကြားဘဲ သုံးစွဲနေသည့်အပြင် ကျတော့်အား နစ်နာစေနိုင်သည့် အရေးအသားမျိုးနှင့်ပါ ရေးသား နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရပါသည်... “မောင်လှ ဖန်တီးထားသော စာများ၊ ပုံများ၊ ဒီဇိုင်းများနှင့် ဖန်တီးမှုများကို လွတ်လပ်စွာ အခမဲ့ အသုံးပြုနိုင်သည်။ သို့သော် စီးပွားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စီးပွားရေးဆန်သော လုပ်ငန်းများနှင့် သတင်း မီဒီယာ အမျိုးမျိုးတွင် အသုံးပြုမည်ဆိုပါက အသုံးပြုခွင့် ကြိုတင်တောင်းခံကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။” ဒါနဲ့စကားမစပ်... ကျတော်တို့ မန္တလေးမှာလေ မိုးရွာလိုက်၊ နေပူလိုက်နဲ့ပေါ့ဗျာ... ဇွန်လ ၁-ရက်နေ့ မနက် ကျောင်းဖွင့်ချိန်မှာ မိုးတွေသည်းလို့ ကျောင်းစတက်မယ့် ကလေးတွေလည်း ရှိုးစမိုးနဲ့ ကျောင်းကို မသွားနိုင်ဘူး ဖြစ်နေတယ်... မိုးရွာပေမယ့်လည်း အပူချိန်ကတော့ ပူနေမြဲပဲ... ဒါနဲ့စကားမစပ်... လောကအလှ မဂ္ဂဇင်း က အင်တာဗျူးများကို ပြည်တွင်းထုတ် Personal Computer မဂ္ဂဇင်းက မည်သည့် ခွင့်ပြုချက်မှ တောင်းခံခြင်း၊ အကြောင်းကြားခြင်းမရှိဘဲ အသုံးပြုထားသည့် အတွက် လောကအလှ အယ်ဒီတာ အဖွဲ့မှ

မန္တလေးတောင်ပေါ်တက်ခဲ့တယ်...

ကင်မရာ စကိုင်ကတည်းက မန္တလေးတောင်ပေါ်ကနေ ဓာတ်ပုံမရိုက်ဖူးသေးလို့ ချိန်းတိုင်း မရောက်ဖြစ်တာနဲ့... ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုဂျေ (ခ) သခင်ကြီး ၊ ညီမင်းစံ (ခ) ပုဂံနက် ၊ ဗိုလ်အောင်ဒင် ၊ ညီညီ ၊ ကိုရှုမောင် တို့နဲ့အတူ မန္တလေးတောင်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်... မန္တလေးတောင်ပေါ်မှာ DJ Clean တို့နဲ့ပါ ဆုံခဲ့သေးတယ်... မိုးသားတွေ တက်လာမှန်း သိပေမယ့်လည်း မရောက်ရောက်အောင် သွားခဲ့တယ်... ဓာတ်ပုံရိုက်နေတုန်း သိပ်မကြာပါဘူး... မိုးတွေ ရွာချလာတယ်... ညဘက်ဆက်ရိုက်ချင်လို့ မိုးတိတ်မလား စောင့်နေတာ ဆိုင်ကယ်အပ်ခံတဲ့ ကောင်လေးတွေက ကျွန်တော်တို့ ပြန်ချင်လို့ပါ အကိုတို့ ဆိုင်ကယ်တွေ ဇတ်သော့လာခတ်လှည့်ပါဆိုလို့ မထူးပါဘူးဆိုပြီး မိုးသည်းသည်းထဲမှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ရတယ်... ရွာလိုက်တဲ့မိုး... သည်းလိုက်တဲ့မိုး... Mandalay Panorama from Mandalay Hill [ Click Photo for Large Size ] ပြိုတော့မယ် မိုးတိမ်တောင် My Labels: Photo, Mandalay Hill

လယ်ယာတောဆီ ချီတက်စဉ်...

My Labels: Photo, Ava City, Innwa City, အင်းဝ, အဝ

ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် (Mandalay News)

ဒီနေ့ မနက်ကျင်းပခဲ့တဲ့ ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် ကိုရောက်ခဲ့ပါတယ်... နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းကတော့ နိုင်ငံတော် အဆင့် ကျင်းပခဲ့တယ်လို့ သိရပြီး အခု နှစ် ၁၅၀ပြည့်ကတော့ တိုင်းအဆင့်သာ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်... အခမ်းအနား ဘယ်အချိန် စမယ်မသိတော့ စာနယ်ဇင်းသမားတွေကို မေးကြည့်တော့မှ မနက် ၈-နာရီ စမယ်လို့ သိရတာနဲ့ ရုံးက နေ့တဝက်ခွင့်ယူပြီး အပြေးလေးသွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ... ရှေးမြန်မာမင်းများ လက်ထက်ကအတိုင်း ဝင်းခင်းရာမှာ မြင်းများကို မြင်းအစစ်သုံးခဲ့ပေမယ့် ဆင်များကိုတော့ ကျောက်ဆည် အရုပ်ဆင်များကိုသာ အသုံးပြု ခဲ့ပါတယ်... ဆင်အစစ်များ အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း လာကြည့်တဲ့ ပရိတ်သတ်ကို ဆင်များကြောက်လှန့် ထွက်ပြေးမှာစိုးတဲ့ အတွက် အရုပ်ဆင်များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်... My Labels: Mandalay News, Burma, Myanmar, News,

မနေ့က ... (Mandalay News)

မနေ့က seminar တစ်ခုတက်အပြီး ညနေ ၄-နာရီလောက် ပြန်လာတော့ လမ်းမှာ လေပွေလိုမျိုး လေတိုက်တာတွေ ဖြစ်နေပြီး ဖုန်တွေအများကြီးပါပဲ... ရုံးပြန်ရောက်ပြီး သိပ်မကြာပါဘူး... ၄-နာရီခွဲလောက်မှာ လေတိုက်တာ ပိုပြင်းလာပြီး မိုးတွေပါ ပါပါတယ်... လေတိုက်တာ ပြင်းလို့ထင်ပါရဲ့... မိုးတွေက အထက်အောက် သွားတာမျိုး မဟုတ်ဘဲ ဘေးတိုက်သွားနေတယ်... တဝုန်းဝုန်းနဲ့ အသံတွေ ဆူညံလို့ပေါ့ဗျာ... တော်သေးတာပေါ့ နာရီဝက် ဝန်းကျင်လောက်ပဲတိုက်လို့... ၃-နာရီ ၄-နာရီလောက်သာ ဆက်တိုက်မယ်ဆိုရင်တော့ နာဂစ်လိုမျိုး ဖြစ်သွားလိမ့်မယ်... ရုံးက ပြန်တော့ လမ်း-၈၀ နဲ့ ၃၅-လမ်းထောင့်က အချိုရည် billboard တစ်ခု မြေခ နေလေရဲ့... ကားတစ်စီးရဲ့ နောက်ပိုင်းလည်း အဲဒီ ဘုတ်နဲ့ ထိပြီး ပျက်စီးမှု ရှိတယ်လို့ ကြားတယ်... ကျတော်တို့ ဖြတ်သွားတဲ့အချိန်မှာတော့ ကားမတွေ့တော့ဘူး... အင်ဂျင်ဝိုင်ကြော်ငြာဘုတ် တစ်ခုလည်း ထောင့်တွေ တွန့်ကုန်တာမြင်ခဲ့ရတယ်... ၃၅-လမ်း မီးရထား ဂုံးကျော်ပေါ်က ဘုတ်အသေးလေးတွေလည်း လဲတဲ့ဟာလဲ ကျိုးတဲ့ကျိုးနဲ့... မြို့တော် စည်ပင်က billboard တွေရဲ့ ကြံ့ခိုင်ရေးကို ပြန်လည် စစ်ဆေးသင့်နေပြီ... ကျတော်တို့ ခေါင်းပေါ်မှာ ရှိနေတဲ့ billboard တွေထောင်ခွင့်ကိုလည်း စီစစ်