Skip to main content

Posts

ချဉ်ငံစပ်

29-Sep-08 နေ့က Cafe Seezar မှာကျင်းပ ပြုလုပ်တဲ့ Htan Ta Ya Entertainment Group က လုပ်တဲ့ စာနယ်ဇင်း အသိပေးပွဲကိုရောက်သွားပါတယ်.. Htan Ta Ya ကနေ အခုလာမယ့် သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပမယ့် ချဉ်ငံစပ် လို့ အမည်ပေးထားတဲ့ DJ Show အကြောင်းကို စာနယ်ဇင်းကို အသိပေးရှင်းပြတဲ့ ပွဲပါ... အဲဒီပွဲမှာ DJ Jay, Moe Moe, DJ Nicky, DJ Yan Naing, DJ Pu 2 တို့က ဖျော်ဖြေကြမှာ ဖြစ်ပြီး Rupar Mandalay Resort မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်... Htan Ta Ya Entertainment Group ကို သခင်ကြီး နဲ့ သူငယ်ချင်းများ ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်... My labels: Mandalay News, DJ News

Crop Overlay Tool (Lightroom 2.0)

Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် သူ့အောက်မှာ Crop လုပ်ဖို့အတွက် အရွယ်အစားတွေ ပြောင်းဖို့ Aspect ရယ်… ဓာတ်ပုံ စောင်းတာ တည့်တာ လုပ်ဖို့ Angle ရယ်ဆိုပြီး ပါပါတယ်… ဓာတ်ပုံကို cropping လုပ်ဖို့ အတွက်ဆိုရင် Aspect ဘေးမှာ အခုပုံထဲမှာ ဆိုရင် Original ပေါ်မှာ click ခေါက်ပါ… Custom, Original, 1 x 1, 2 x 3, 4 x 5, 4 x 6, 5 x 7, 8 x 10, 8.5 x 11, Enter Custom… ဆိုပြီး မြင်ရပါတယ်… ကျတော်တို့ အခုရွေးထားတဲ့ ဓာတ်ပုံကို 4 x 6 အချိုးအစား ထားမယ်ဆိုရင် 4 x 6 ရွေးပေးရပါတယ်… ကျတော်က အခုပုံကို 16:9 အချိုး ထားချင်ပါတယ်… အဲဒီ အချိုးက default အနေနဲ့ Lightroom မှာ မပါပါဘူး… အဲဒါကြောင့် Enter Custom… ကို click ခေါက်ပြီး Aspect Ration မှာ 16 x 9 ရိုက်ပြီး OK နှိပ်လိုက်တော့ Original နေရာမှာ 16 x 9 ဆိုပြီး ဖြစ်သွားပါပြီ… ဓာတ်ပုံပေါ်ကို ကြည့်လိုက်ပါ… ကျတော့်ရဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ဓာတ်ပုံကို ၃-ပိုင်း ပိုင်းထားတဲ့ အထက်အောက် မျဉ်း ၂-ကြောင်းနဲ့ ဘယ်ညာ မျဉ်း ၂-ကြောင်း ခပ်မှိန်မှိန်နဲ့ ပေါ်နေပြီး မျဉ်းအဖြူ ခပ်သေးသေးနဲ့ ခပ်ထားတဲ့ဘော်ဒါလေးတွေ ပေါ်လာပါလိမ့်မယ်…. ကျတော့်ပုံထဲမှာတော့ မြင်သာအောင

navana07.blogspot.com

BaganNET forum မှာကတည်းက ကြိုက်နှစ်သက်စွာ ဖတ်လာခဲ့ရပြီး... ပုဂံနေပြည်တော်ကြီး ပျက်စီးသွားတော့ NativeMyanmar forum မှာ ဆက်ရေးနေတဲ့ ကျတော်တို့ရဲ့ အကိုကြီး ကိုနဗန (ခ) MYSELF2005 သူရေးခဲ့တဲ့ ဘဝအကြောင်းတွေကို http:// navana07.blogspot.com ဆိုပြီး ဘလော့ တစ်ခု လုပ်ပြီး ဘလော့လောကမှာ တင်ပြနေပါပြီ... ရသမျိုးစုံပေးနိုင်တဲ့ စာတွေပါ... ကိုနဗနရဲ့ ဘလော့ကို ကူညီလုပ်ကိုင်ပေးနေတာကတော့ နားခိုရာ http://narkhoyar.blogspot.com ပိုင်ရှင်ကြီး ကိုကြီးထွန်း (ခ) ကို littlemoon ပါ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

ဓာတ်ပုံတွေကို ချိန်ညှိမယ်… (Lightroom 2.0)

1. ပြင်ချင်တဲ့ ဓာတ်ပုံ select ပေးထားပါ… loupe view ရွေးထားရင်တော့ ပေါ်နေတဲ့ပုံက select ပေးထားတဲ့ပုံပေါ့ဗျာ… 2. Library ဘေးမှာရှိတဲ့ Develop ကို ကလစ်ခေါက်ပြီးရွေးပါ… Develop view ရွေးထားရင် ညာဘက် panel မှာ ပေါ်ဆုံးမှာ Histogram မြင်ရပါလိမ့်မယ်… Histogram ကို ကျွမ်းကျင်စွာ သိရင်တော့ အဲဒီကနေလည်း ကာလာတွေ ဘာတွေ ချိန်ညှိလို့ ရပါတယ်… အခု ကျတော်က Histogram ကိုကျော်ပြီး သူ့အောက်မှာရှိတဲ့ ဘားအကြောင်း ပြောပါ့မယ်… ကျတော်က Histogram အကြောင်း ကျွမ်းမှ မကျွမ်းတာကိုးဗျ… 1. နံပါတ် 1 က Crop Overlay လို့ခေါ်တယ်… ဒီကောင်လေးကို သုံးပြီး ပုံတွေကို cropping လုပ်လို့ရတယ်… 2. နံပါတ် 2 က Spot Removal tool ပါ… ဓာတ်ပုံထဲမှာ ပါတဲ့ အစက် အပျောက်တွေ ဖျောက်လို့ရပါတယ်… 3. နံပါတ် 3 က Red Eye Correction tool ပါ… Flash ဖွင့်ရိုက်ရင် လူပုံတွေရဲ့ မျက်စိမှာ ဝင်တတ်တဲ့ အနီရောင်ကို လျော့ချ ဖြေရှင်းပေးတာပါ… 4. နံပါတ် 4 က Graduated Filter ပါ… Lightroom 2.0 စပါလာတဲ့ tool ပါ… Exposure, Brightness, Contrast, Saturation, Clarity, Sharpness တွေကို gradient ပြေးတဲ့ပုံစံ ပြင်လို့ရပါတယ်… 5. နံပါတ် 5 က Adjustment Brush