Skip to main content

Posts

Adobe Photoshop Lightroom 2.0 ထဲကို ဓာတ်ပုံတွေ ဘယ်လို ထည့်မလဲ…?

1. File menu ထဲက Import Photos from Disk… ကိုရွေးပါ… 2. Import Photos or Lightroom Catalog dialog ပေါ်လာပြီ ဆိုရင် Look in ကနေ တဆင့် ဓာတ်ပုံသိမ်းထားတဲ့ folder သို့မဟုတ် file ရှိတဲ့ နေရာကို သွားပါ… 3. အခုကျတော်က folder ထဲမှာ ရှိတဲ့ ပုံတွေ အကုန်လုံးကို Lightroom ထဲကို ထည့်ချင်တာမို့ ကျတော် ထည့်ချင်တဲ့ folder ဖြစ်တဲ့ doll လို့အမည်ပေးထားတဲ့ folder လေးကို click ၁-ချက် ခေါက်ပြီး select ပေးပါတယ်… 4. ပြီးတော့ Import All Photos in Selected Folder ကိုနှိပ်ပါတယ်… (ဓာတ်ပုံ file ၁-ဖိုင်ကို select ပေးခဲ့ရင်တော့ Choose ခလုတ်ကို နှိပ်ပါ…) 5. Import Photos ဆိုတဲ့ dialog box ပေါ်လာရင်တော့ ကျတော် ဒီလိုလေးတွေ ရွေးပါတယ်… File Handling: Add photos to catalog without moving Develop Settings: None Metadata: None Keywords: မှာတော့ ပြန်ရှာတဲ့ အခါ လွယ်ကူအောင် keywords စကားလုံးတွေ ထည့်ထားနိုင်ပါတယ် Initial Previews: Minimal 6. Import ခလုတ်ကို နှိပ်လိုက်ရင် Lightroom ထဲကို ဓာတ်ပုံတွေ ရောက်လာပါပြီ… My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Nikon D90 camera အသစ်ထွက်လေပြီ...

27-Aug-08 နေ့က Nikon D90 ကင်မရာ အသစ်ထွက်တဲ့ သတင်း Dpreview.com မှာတွေ့လို့ http://www.nikon.com မှာ သွားကြည့်ဖြစ်သည်... Nikon D90 မှာ အထူးခြားဆုံး လုပ်ဆောင်ချက်က D-Movie လို့ခေါ်တဲ့ movie clip ရိုက်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာခြင်းပါ... DSLR ကင်မရာတွေမှာ ပထမဦးဆုံး ပါဝင်ခြင်းပါ... point-and-shoot ကင်မရာတွေမှာ ပါတာ တော်တော် ကြာပါပြီ... Megapixels က 12.3 megapixels ဖြစ်ပြီး Nikon's DX-format CMOS image sensor ကို သုံးထားပါတယ်... ISO ကို 200 ကနေ 3200 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ပြီး Hi1 ထားမယ်ဆိုပါက ISO6400 နဲ့ ရိုက်ကူးနိုင်ပါတယ်... Face Detection System ပါဝင်လားပြီး LCD ကနေ တိုက်ရိုက်ကြည့်ရှု ရိုက်ကူးနိုင်တဲ့ Live View လည်း ပါဝင်လာကြောင်းပါ.... အသေးစိတ် ထပ်မံ ဖတ်ရှုလိုပါက http://chsvimg.nikon.com/products/imaging/lineup/d90/en/ နဲ့ http://www.dpreview.com/news/0808/08082702nikond90previewed.asp မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Google Shopping နဲ့ ဈေးနှုန်းရှာကြည့်တော့ body ချည်းပဲဆိုရင် ဒေါ်လာ 1000 ဝန်းကျင်ရှိကြောင်းပါ... ကျတော်တော့ Nikon D90 ပုံတွေကြည့်ပြီး သွားရည်ကျနေကြော

Water Drops photo

မနေ့ညက ဟိုတယ် ဘေစင်မှာ ရေဖြည့်ပြီး ရိုက်ကြည့်ထားတာပါ... အပြာဘက် သန်းအောင် အလင်းခန်းထဲမှာ ချိန် ထားပါတယ်... ISO: 400 Lens: 180mm (Nikkor 70-300mm) Apature: f/4.8 Shutter Speed: 1/60sec ISO: 400 Lens: 270mm (Nikkor 70-300mm) Apature: f/8.0 Shutter Speed: 1/200sec My Lables: water drops photo

Flowers

ကျေးဇူးတင်ပါတယ်...

ကျတော့် ဘလော့ကို လာကြည့်တဲ့သူတွေရဲ့ ကျေးဇူးနဲ့ ဘန်ကောက်ရောက်နေတဲ့ ကျတော့်သူငယ်ချင်း ကျေးဇူးကြောင့် အပေါ်က ပြထားတဲ့ ဓာတ်ပုံထဲမှာ ပါတဲ့ ပစ္စည်း ၂-ခု ဝယ်နိုင်ခဲ့ပါတယ်... ကျတော့်ဘလော့ကို လာရောက် ကြည့်ရှုသူများကို ကျေးဇူး အထူးတင် ရှိကြောင်းပါ...

မနေ့က

မနေ့က ... ဪ မနေ့က...