Skip to main content

Posts

လှူပါရစေ...

ရွှေတိဂုံ ဘုရားပုံကို desktop ပေါ်မှာ wallpaper အဖြစ် အလွယ်တကူ အဆင်ပြေပြေသုံးနိုင်အောင် 1024 x 768 pixels အရွယ်အစားနဲ့ ပြုလုပ်ပေးထားပါတယ်... အခုမြင်နေရတဲ့ ပုံပေါ် ကလစ်ခေါက်ပြီး 1024 x 768 pixels အရွယ်အစားရှိတဲ့ ပုံကို ရယူပါ... My Labels: Photo, ShweDagon Pagoda, ရွှေတိဂုံ

ရွှေတိဂုံဘုရားကို ဖူးခဲ့တယ်...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေတိဂုံဘုရားကို ဖူးခဲ့ပါတယ်... သွားမယ် သွားမယ် ပြင်ရင်း ၂-ပတ်ကြာမှ ရောက်ပါတယ်... ဓာတ်ပုံ ပုံ-၇၀ လောက် ရိုက်ဖြစ်ခဲ့ပါတယ်... အလွန်အင်မတန်တော်လှတဲ့ မောင်လှရဲ့ လက်ထဲက ထွက်တဲ့ ဓာတ်ပုံတွေ တော်တော်များများကို မောင်လှ ကိုယ်တိုင် မကြိုက်ပါဘူး... အောက်ကပုံလေးတွေကတော့ ကြိုက်မိတဲ့ ပုံလေးတွေပါ... ဒီဓာတ်ပုံ ၃-ပုံကို ကြိုက်တဲ့နေရာမှာ ကြိုက်သလို ယူသုံးနိုင်ပါတယ်... My Labels: Photo, ShweDagon Pagoda

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ရန်ကုန် တစ်ဖက်ကမ်း ရေဥက္ကံကျေးရွာကို ရောက်နေတာ ဒီနေ့နဲ့ဆို ၁၃-ရက်ရှိ နေပြီ... လာရင်း ကိစ္စ ဘာမှ မလုပ်သေးဘူး... ဒါနဲ့စကားမစပ်... မနေ့က ဘလော့ဂါ ဘိုးအေကြီး ညီလင်းဆက် နဲ့ တွေ့ဖြစ်တယ်... ပထမ နေးတစ်မြန်မာ က ဘော်ဒါ ၃-ယောက်နဲ့ ပြည်လမ်းက Moon Bakery မှာထိုင် စကားပြောဖြစ်တယ်... နေးတစ်မြန်မာက လူတွေ တွေ့ရင် နေးတစ်မြန်မာ အကြောင်းတွေ အများဆုံး ပြောဖြစ်တယ်... မြန်မာနိုင်ငံမှာ ယူရေနီယံတွေ နေရာတိုင်းမှာ တွေ့မိတယ်ဆိုတဲ့အကြောင်း... ဒါပေမယ့် စီးပွားဖြစ် မတွေ့သေးတယ် အကြောင်းရယ်... မော်ကြီး အကြောင်းရယ်... သခင်တင်မြ စာအုပ်အကြောင်းရယ်... အပျိုကြီးများအကြောင်းတွေကို ပြောဖြစ်တယ်... နောက် ခြေလျင်လျှောက်ပြီး ထူးအိမ်သင် ဆိုဒ်ကို ထူထောင်တဲ့ မောင်ဖိုးသား အိမ်သွားတယ်... သူတို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ထမင်းဆီဆမ်းစားရင်း ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း... ညီလင်းဆက်ကို လှမ်းခေါ်ဦးမှပဲဆို ဖုန်းဆက်... ဖုန်းက မကိုင်... ကံကောင်းချင်တော့ ညီလင်းဆက်က ကျတော်တို့ခေါ်တဲ့ ဖုန်းကို ပြန်ခေါ်... တည်နေရာသိသွားတော့ သြော် မောင်ဖိုးသား အိမ်နားပဲဆိုလိုက်လာတယ်... အဲဒီအချိန် ကျတော်ရယ်၊ ဖိုးသားရယ်၊ မောင်ရမ်းရယ

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...

တရုတ်ပြည်က ကြိုဆိုပါ၏တဲ့ဗျာ... အဲဒီ မုဒ်ဦး ဟိုဘက် ရောက်ပြီဆိုရင် ဒီဘက်နဲ့ တခြားစီပဲ... ဒီဘက်က မြန်မာတွေလေ... ဟိုဘက်ကတော့ တရုတ်တွေကိုးဗျ... web cam လေးနဲ့ မလှမပ ဓာတ်ပုံရိုက်ပြီး ယာယီ ဖြတ်ကျော်ခွင့် လက်မှတ်လေး လုပ်ပြီး အဲဒီ ဂိတ်ကို ဖြတ်လိုက်တာနဲ့ ဟော တရုတ်ပြည်ထဲ ရောက်လေပြီ... တရုတ်ပြည်၊ မန်စီမြို့က ကားတစ်စီးရဲ့ နောက်ကို ရိုက်ထားတာပါ... “နင့်ကို ငါချစ်တယ်” “ချစ်သူ” “...” စာတွေ မြန်မာလိုရေးထားပါတယ်... ရွှေလီနဲ့ မန်စီကို ၁း၃၀-နာရီလောက် ကားနဲ့သွားရပါတယ်... မန်စီမြို့မှာ နေ့လယ်စာ စားခဲ့တယ်... ဆိုင်ပိုင်ရှင်တွေကို တရုတ်တွေ မှတ်ပြီး ဘာစကားမှ မပြောဘဲ ရေငုံနှုတ်ပိတ် နေမိတယ်... ဆိုင်ပိုင်ရှင်တွေလည်း သိတယ်ထင်ပါ့... ခဏနေတော့ အိမ်ထဲကနေ ဘိုဖြူ သီချင်းဖွင့်ပြပြီး သူတို့ မြန်ပြည်ကလာတဲ့ ရှမ်းလူမျိုးတွေ ဖြစ်ကြောင်း ပြတယ်... အဲဒီတော့မှပဲ မြန်မာလို့ ပြောတတ်မှန်းသိတယ်... မန်စီ လေဆိပ်နားက တော်တော် စားလို့ကောင်းတဲ့ ရှမ်းထမင်းဆိုင်လေးပါ... မန်စီ လေဆိပ်မှာ ရှူးသွား ပေါက်မိတာ မှားသွားတယ်... ဝေါ့... လေယာဉ်စီးပြီး ကူမင်း ကို ခရီးနှင်ခဲ့တယ်... ၃၅-မိနစ်လောက်ပဲ စီးလိုက်ရတယ်... ဟော... ကူမင်းမြို့ထဲကိုရောက်လေပြီ... တည်းခ

သြော်... ချဉ်ပေါင်ကြော်...

မောင်လှရေ... မနေ့က ရုံးဆင်းတော့ ဆိုင်ကယ် ဆီသွားထုတ်ပြီး ပြန်လာတော့ တောင်ဘက်ကို ကြည့်လိုက်တော့ မိုးသားတွေ မည်းနေတာနဲ့ .. အိမ်ကို အမြန်ပြန်တာ ကီးမားတင်ဝင်းရှေ့လဲ ရောက်ရော ရွာချလိုက်တဲ့ မိုးတွေ မိုးတွေ... ရေတွေကလည်း အများကြီး ပါသလား မမေးနဲ့... မိုးသည်းနေတာနဲ့ ညစာ အတွက် ဟင်းတောင် ဝင်မဝယ်နိုင်ဘူး... အိမ်ပြန်ရောက်တော့ ဟိုနေ့က အမေ့ဆီခဏ သွားရင် အမေပေးလိုက်တဲ့ ချဉ်ပေါင်ရွက်ကြော်ရယ်... အိမ်သူ သက်ထား ဇနီး မယား မိန်းမ ကြော်ကျွေးတဲ့ ဝက်အူချောင်းကြော်နဲ့ ဂျင်းသုတ်ရယ်နဲ့ ညစာ စားရတာ ထမင်းစားလို့ ကောင်းလိုက်တာကွာ... ပြောမနေပါနဲ့တော့... သတိရလို့ ပြောရဦးမယ်... ချဉ်ပေါင်ကြော်သွားယူရင်းနဲ့ အမေကပြောတယ်... သား ကိုလှရေ... အခု ပဲဆီဈေးက ၁-ပိသာ ၃၈၀၀-ကျပ် ဖြစ်နေပြီ... မင်းကြိုက်တဲ့ ဝက်သားနဲ့ အမဲသားက ၄၈၀၀-ကျပ်၊ ကြက်သားကတော့ မစားသေးတော့ အမေလည်း မမေးမိဘူး... အရှေ့ဘက် ၂-အိမ်ကျော်က မူလတန်းကျောင်း သွားအပ်ဖို့မေးတာ အလှူငွေ ကျပ် ၅-ပုလင်း ထည့်ရမယ်တဲ့... မိန်းမကပြောတယ် ဓာတ်ဆီတွေ ဈေးကျတယ်တော်ရေ... တစ်ဂါလံ ၃၅၀၀-ကျပ်တဲ့... မိုးတွင်းဆိုတော့ ရွှေတူးတဲ့လူတွေ အလုပ်နားလို့ ဈေးကျတယ်တဲ့ တော်ရေ... ဓာတ်ဆီဆိုင်ကလူ ပြောလိုက်တာပဲ... အ

ဘာရယ်တော့ မဟုတ်ပါဘူး...

NativeMyanmar Forum မှာ ကိုJL စခဲ့တဲ့ တော့ပစ်... ဘာရယ်တော့ မဟုတ်ပါဘူး... ပျင်းပျင်း ရှိတာနဲ့ ဘလော့ကို ခဏပိတ်ထားတာပါ... အခုတော့ ပြန်ဖွင့်မယ် ဆိုပြီး နောက်ခံကို အနက်ရောင် ပြောင်းပြီး ပြန်ဖွင့်လိုက်တယ်... မကြိုက်ရင်လည်း သည်းခံပြီးတော့ ဖတ်ကြပါ... ဘာရယ်တော့ မဟုတ်ပါဘူး... ညီလင်းဆက် ကြီးလည်း ဘလော့တွေ ပြန်ရေးနေတယ်... ဘာရယ်တော့ မဟုတ်ပါဘူး... မြန်မာ ဘလော့လောကမှာ ပို့အတင်နိုင်ဆုံးကို ပြောပါဆို နိုင်းနိုင်းစနေ လို့ ပြောရမှာပဲ... ဘာရယ်တော့ မဟုတ်ပါဘူး... မန္တလေးမှာ မိုးရွာနေတာ ၁-ပတ်ကျော်ရှိပြီ... ညနေတိုင်း နီးပါး မိုးရွာတယ်... ဒီနေ့တော့ အခုအချိန်ထိ မိုးအုံ့နေလေရဲ့...