Skip to main content

Posts

မန္တလေးအကြောင်း ဟိုဟို ဒီဒီ...

- မနက်က ရုံးလာတော့ နှင်းတွေ ကျလိုက်တာ ... ဘယ်လောက်တောင်လဲဆိုတော့ ကျုံးဘေး ကပ်လျှက်လမ်းက လာတာတောင် မြို့ရိုးကို မမြင်ရဘူး... ရှေ့ကိုလည်း တစ်ပြနီးနီးပဲ ကောင်းကောင်း မြင်ရအောင် နှင်းမှုန်လေးတွေ ကျတယ်... အေးလိုက်တာ... ဆိုင်ကယ်စီးရင် မျက်နှာကို လာရိုက်တဲ့ အအေးဓာတ်ပါတဲ့ နှင်းမှုန်လေးတွေကို ထိတွေ့ခံစားရတာ တမျိုးလေး ကောင်းတယ်ဗျာ... - အရင်က လျှပ်စစ်မီး ၂-ရက်ကို ၂၄-နာရီလာနေရာကနေ ပြီးခဲ့တဲ့ ၄-ရက်လောက်ကစပြီး ၃-ရက်ပေါင်းမှ ၂၄-နာရီ လာမယ့် စနစ်ကို ပြောင်းသွားပြီလို့ သိရပါတယ်... ဘယ်လို လာနေတယ်ဆိုတာ လိပ်ပတ်လည်အောင် မသိသေးဘူး ဖြစ်နေတယ်... သေချာတာကတော့ ညဘက် ၂-ည အမှောင်ထဲမှာ နေရမှာ ဖြစ်ပြီး ၁-ညကတော့ လင်းချင်လင်းလိမ့်မယ်... မှောင်ချင် မှောင်လိမ့်မယ်ဗျ... အဲဒါနဲ့ အိမ်မှာ ဟုန်ပန်းမီး (အရပ်ခေါ်) ယူဖို့ပြောထားတာ ဈေးကိုင်နေတယ် ထင်ပါ့ ခုချိန် ထိလာမတပ် ပေးသေးဘူး... ဟုန်ပန်းမီးက ၂-ပေချောင်း တစ်ချောင်းကို တစ်ရက် ၇၀-ကျပ်... ညနေ ၆-နာရီကနေ ည ၁၁-နာရီထိ ပေးတယ်... မီးကြိုးတွေ မီးချောင်းတွေ အပြီး ဆင်ပေးတယ်ဗျ... နာရေးတွေ ဘာတွေရှိရင်လည်း နာရေးရှိတဲ့ အိမ်ကို မီးချောင်းတွေ အလကား လာတပ်ပေးတယ်... တကယ်တော့ ဟုန်ပန်း ကု

ဆာဒူးကြီး မန္တလေး ရောက်လာခြင်း...

ပြီးခဲ့တဲ့ အဖိတ်နေ့က အိန္ဒိယကပြန်လာတဲ့ ဆာဒူးကြီး မန္တလေးရောက်လာလို့ အကင်ဆိုင် တစ်ဆိုင်မှာ ညနေ ၇-နာရီလောက်က စပြီး ည ၁၁း၃၀-နာရီလောက်အဖြစ် ဘီယာ ၆-ဂျား၊ ဘီအီး ၄-လီတာ လောက်သောက်ရင်း ဟိုရောက်လိုက် ဒီရောက်လိုက် စကားတွေ ပြောဖြစ်ကြတယ်... ဆာဒူးကြီး မန္တလေး ဘာလုပ်လဲ သိချင်ကြတယ် ဟုတ်လား... မပြောပြပါဘူး... ဓာတ်ပုံပြပွဲ လုပ်ဖို့အတွက် ဓာတ်ပုံတွေ လိုက်ရိုက်ရင်း မန္တလေး ရောက်လာတယ် ဆိုတာကို... လုံးဝ မပြောပြဘူးဗျာ... သြော် .. မေ့လို့ အဖိတ်နေ့လို ဆိုထားတော့ ငယ်ချင်းတို့ ဘယ်သိပါ့မလဲ... သိချင်လည်း သိကြမှာပေါ့... ပြီးခဲ့တဲ့ အဖိတ်နေ့ဆိုတာ ၁၁-၁၂-၀၆ ကိုပြော တာခင်ဗျ... တွေ့ကြတာ ဘယ်သူတွေပါလဲဆိုတော့ ဆာဒူးကြီး နဲ့ သူငယ်ချင်း ၁-ယောက် ၊ ကိုသခင်ကြီး ၊ ကိုစာပတီး ၊ ဘုဃံဏပ် ၊ သွယ်သွယ် ၊ နွေနှင်း နဲ့ ကျတော်ပေါ့ဗျာ... ဆာဒူးကြီး အင်တာနက် သုံးရတာ အဆင် မပြေသေးလို့ပါတဲ့... အဆင်ပြေရင် ဘလော့ ပြန်ရေးပါလိမ့်မယ်တဲ့ ခင်ဗျ...

သင်ဇာဝင့်ကျော်...

ဒီရက်ပိုင်း အလုပ်ရှုပ်ပြီး ဘာမှ မရေးဖြစ်လို့ မြို့နယ် မဂ္ဂဇင်းတစ်ခုမှာ ထည့်ဖို့ လုပ်ပေးဖူးတဲ့ ကြော်ငြာလေးကို တင်လိုက်ပါတယ် ခင်ဗျာ... သင်ဇာဝင့်ကျော် ကြိုက်ကြတဲ့ သူများအတွက်ပေါ့ဗျာ... ကျတော့်ကို ဓာတ်ပုံပြုပြင်နည်းတွေ သင်ပေးတဲ့ ကိုသခင်ကြီး သင်ပေးတဲ့နည်းတွေ အတိုင်း လိုက်လုပ်ထားကြည့်ပါတယ်... ကိုသခင်ကြီးကိုတော့ ဘယ်မှီမလဲ ခင်ဗျာ...

ဟူး မောလိုက်တာ...

ဟူး မောလိုက်တာ... ဒီနေ့ မနက်ခင်းကတည်းက စပြီး တကယ်တန်း ပြောရရင် မနေ့ကတည်းကပါ... template လိုက်ပြင်နေတာ ပွစိတွေ တက်ကုန်တာပဲ... အရင်ဟာကို backup မလုပ်ထားမိလို့ အရင်အတိုင်းလည်း ပြန်မရနိုင်တော့ပါဘူး... ကျတော့်ဟာလေး (တမျိုး မတွေးကြနဲ့နော်... template ကိုပြေတာ) ကြိုက်တယ် ဆိုရင် ယူသုံးကြပါဗျာ... ခွင့်တောင်းစရာ မလိုပါဘူး... ဒါပေမယ့် ပုံတွေကိုတော့ ကိုယ့်ဘာသာကိုယ် အခြား နေရာတစ်ခုမှာ တင်ပြီး ပြန်သုံးကြပါ... ကျတော့် အရင် ကနုတ်နဲ့ template ကို အခြားတစ်ယောက် ယူသုံးထားတာ တွေ့မိလို့ပါ... ပုံကိုလည်း ကျတော့်ဆီက ပုံယူသုံးထားလို့ပါ... အသစ်ကလေးတွေ ဖြစ်သည့်အတွက် အားငယ်သွားမည် စိုးလို့ ကျတော် ဘာမှ ကန့်ကွက်မှု မလုပ်ခဲ့ပါ... template ကို ကြိုက်လို့ ယူသုံးချင်တယ်ဆို ယူသုံးပါ... ပုံကိုတော့ အခြား တစ်နေရာမှာ တင်ပြီး သုံးပေးကြပါ ခင်ဗျာ... ဒီလောက် မျက်စိနောက်စရာ ကောင်းတဲ့ template ကို ဘယ်သူမှလည်း ယူသုံးကြမှာ မဟုတ်ပါဘူး... ခုဟာမှာ ပုံတွေ ထည့်တာ များသွားလို့ loading လုပ်တာ အချိန်ကြာသွားမယ်ဆိုရင်လည်း တောင်းပန်ပါတယ်...

အနုပညာ ပြပွဲ ရှိတယ်...

မန္တလေး၊ ၆-ဒီဇင်ဘာ-၀၆ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု၊ အနုပညာ ပြပွဲကို ယခုလ ၁၀-ရက်နေမှ ၁၆-ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော် ခန်းမ-၁ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသော လမ်းဖြတ် ကြော်ငြာများအရသိရပါတယ်...