Skip to main content

Posts

ယောက်ျားချင်း နမ်းတာ မြင်ဖူးကြလား...

မမြင်ဖူးရင် ကိုသခင်ကြီး (a) Ko JL Blog မှာ သွားကြည့်ပါ... ယောက်ျားချင်း လဲချစ်တတ်ကြပါတယ်.... တမျိုးမတွေးပါနဲ့ ....မန်းလေးသားတွေက မူးရင်ဖက်နမ်းကြတာ အကျင့်ပါ.....မယုံရင်နီးစပ်ရာမန်းလေးသားတစ်ယောက်လောက်ကို မူးအောင်တိုက်ကြည့်ပါလား....

ဘာရယ်မဟုတ်

သြော် ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ... အဖိတ်နေ့ (21-8-06) ကစပြီး blogger.com ကို ဘန်းသွားတယ်ဗျာ... post တွေ ၀င်ပြီး တင်လို့ မရဘူးပေါ့ဗျာ... ခုဟာက ကိုမောင်ရိုး ပြောတဲ့ နည်းနဲ့ မရရ အောင် ၀င်ထားတာ... မနက်က နိုင်ငံခြားဆိုဒ်တွေ အကုန် access denied ပြနေလို့ Myanmar Teleport ကို ဖုန်းဆက်မေးတော့ voip အတွက်ထားတဲ့ ip ကို သုံးမိလို့ ဖြစ်ရတာတဲ့လေ... အရင်က သုံးလို့ ရနေတယ် ဆိုတော့ ခုမှ ပိတ်တာတဲ့... အကြောင်းလေး ဘာလေး ကြားသင့်တာပေါ့... အကြောင်းမကြားတော့ အင်တာနက်ဆိုတာကြီးကနေ အင်ထရာနက်များ ဖြစ်သွားသလားလို့...

Signature

လူဘယ်က ဖြစ်လာသလဲ Adult Only (18+)

ပုဂံဖိုရမ်မှာတုန်းက တင်ခဲ့ဖူးတာလေးပါ... သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ပုံပြင်လေးပေါ့... ကြားဖူးချင်လည်း ကြားဖူးကြမှာပါ... မောင်လှ ရေ . . . ဒီနေ့တော့ လူဘယ်က ဖြစ်လာသလဲ ဆိုတဲ့ ပုံပြင်လေး တစ်ပုဒ် ရေးမယ်ကွာ . . . လူဆိုတာ ဗြဟ္မာကြီးလေးဦးက ဖြစ်လာတာလည်း မဟုတ်ဘူးဆိုဘဲ . . . အာဒံနဲ့ ဧ၀က ဖြစ်လာတာ မဟုတ်ဘူးဆိုပဲ . . . ဒါဆို ဘယ်ကဖြစ်လာတာလဲ ဆိုတော့ လူဆိုတာ လဥက ဖြစ်လာတယ်ဆိုပဲကွ . . . (အမောင် အက်ဒမင်များ ဆင်ဆာမဖြတ်ကြရန် ကျွန်ုပ်ရှင်းပြအံ့) လူဆိုတာ နေနတ်သားနဲ့ လနတ်သမီးတို့ အကြောင်းဆက် ပေါင်းဖက်လို့ ဖြစ်လာကြတာတဲ့ဗျ . . . အဲဒီလိုနဲ့ လနတ်သမီးမှာ နေနတ်သားရဲ့ရင်သွေးလေးကို လွယ်ထားရသတဲ့ . . . အဲဒီတုန်းက အခုလို ကိုယ်ဝန်ဆောင်ရတာ မဟုတ်ဘဲ ဥဥပြီးမွေးတာတဲ့ဗျာ . . . (အမောင်တို့ - ကြက်က ဥရင် ဘာဥလဲ... ကြက်ဥပါဗျ ... ဘဲက ဥရင်ရောဗျ . . . ...ဘဲဥပါဗျ ... မြွေက ဥရင်ရော ... မြွေဥပါဗျ ... ကဲ ဒီလောက်ဆို အမောင်တို့ ရှင်းလောက်ပြီ ထင်ပါရဲ့ ) လဥသည့်အတွက် လဥဟု ခေါ်ပါသည် အမောင်တို့ . . . လနတ်သမီးမှာ လဥရှိနေစဉ်ကာလမှာ နေနတ်သားက သားဆက်ခြား စီမံကိန်း မလုပ်ရလေခြင်းဟု လနတ်သမီးကို အပြစ်တင်လေသတဲ့ . . . အဲဒီက စပြီး အကြီးအကျယ် ရန်တွေဘာတွေ ဖြစ်ကြ

Mandalay Funny News

မန္တလေးမှာ မိုးသည်းပြီး ရေများကြီးခြင်း လမ်းမပေါ်တွင် ရေများပခုံးနီးပါးအထိ ရောက်ရှိသည်ဟု သိရ.... ၁၆ သြဂုတ် ၊ မန္တလေး သြဂုတ်လ ၁၆-ရက်နေ့ ညနေ ၆း၃၀-နာရီ ခွဲခန့် မိုးများ ရွာသွန်းရာ မန္တလေးမြို့ပေါ်ရှိ လမ်းမတော်တော်များများ တွင် မိုးရေများနှင့် ပြည့်လျှံသွားကာ လမ်းမပေါ်၌ ရေများ ပခုံးအထိ ကျန်ရှိခဲ့ကြောင်း အရပ် ၂ ပေခွဲကျော်ကျော် ရှည်သော မန္တလေး သတင်းထောက်မှ မောင်လှ အတင်းဌာနသို့ ပေးပို့သော သတင်းများ အရ သိရပါသည်။ Keywords:news, gossips, funny, သတင်း, အတင်း, ဟာသ, ပေါက်ကရ

avator

ကို JL (ခ) ကိုသခင်ကြီး ရဲ့ emo ဓာတ်ပုံဆိုင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို avator လုပ်ရင် ကောင်းမလားလို့ စဉ်းစားပြီး ဆင်ထားကြည့်တာ... keywords: avator, design