Skip to main content

Posts

ရာသီဥတုက ကိုယ့်ဘက်ပါနေတော့ ....

မနေ့ညကတော့ မိုးရွာမှာမို့ မပူ မအေးလေး ဖြစ်နေတော့ ညအိပ်လို့ အဆင်ပြေသည်... ရာသီဥတု ပူရင်လည်း အရမ်းပူ၊ လေတိုက်ရင်လည်း အရမ်းတိုက် ဖြစ်နေသည်... ခုလည်း ညက မိုးရွာထားတဲ့ အရှိန်နဲ့ အေးအေးလေးနဲ့ နေလို့ ထိုင်လို့ကောင်းသည်... ဟိုနေ့ညက တစ်ညလုံးနီးပါ မိုးတွေ သည်းသည်းမည်းမည်း ရွာပါသော်လည်း ဒီလောက် မအေး... အေးသလို ပူသလိုနှင့် စပ်ဖျင်းဖျင်းကြီးနဲ့ ခံစားရသည်... မိုးရွာတာ အေးတာတော့ ကောင်းသည်... မကောင်းတာက လမ်းမပေါ်မှာ ရေတွေကြီးပဲ... ကျတော်တို့ မန္တလေး၏ ရေနှုတ်မြောင်းစနစ်ကို လာပြင်ပေးမယ့် လူ ရှိရင် ကောင်းမည်... ခုတော့ လူကြီးလာတော့မယ့် လမ်းဆို မီးသတ်ကားနဲ့ ရေတွေလိုက် စုတ်ရင်စုတ် မစုတ်ရင် လူတွေနဲ့ လမ်းမပေါ်ကရေတွေ အခြားနေရာတွေကို ပတ်ထုတ်နေရသည်... အား... အိမ်မှာ အိပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ...

Win-2-Zawgyi or Zawgyi-2-Win Convertor

ဇော်ဂျီ နဲ့ရိုက်ထားတာတွေကို ၀င်း-မြန်မာ စာလုံး (-win-innwa, -win---kalaw, metrix-1, w01arthouse, etc) ပြောင်း ချင်သူများအတွက် စမ်းသပ်ရေးထားတာပါ... http://maunghla.googlepages.com/ZawGyi-2-Win-beta1.htm NativeMyanmar Forum မှ ကို LilMaster ရေးထားတဲ့ Win2Zawgyi Convertor ကို ကျတော် ပြန်ပြင်ထားတာပါ... Win2Zawgyi ကို ဒီမှာ သုံးနိုင်ပါတယ်... http://maunghla.googlepages.com/Win2ZawGyi_convert_0.1.htm ကိုLilMaster ကို အထူးပဲ ကျေးဇူးတင်ပါတယ်...

ရေဘေးဒုက္ခသည် မောင်လှ...

ကျတော်တို့ မန္တလေးမှာ ရာသီဥတုက ပူသလား မမေးနဲ့ဗျို့... လာစရာရှိရင်တောင် မလာကြနဲ့ဦး... နေ့လည်းပူ၊ ညလည်းပူ.... ညဘက်ဆို အိပ်မရအောင်တောင် ပူလွန်းလို့ မနေ့ညက အိမ်မပျော်တာနဲ့ ၀ါသနာမပါတဲ့ ဘောပွဲ ထကြည့်နေမိတယ်... ပထမပိုင်းပြီးအောင်ပဲ ကြည့်မယ်ဆိုပြီး ကြည့်တာ စိတ်ဝင်စားသွားတာနဲ့ ပွဲအဆုံးထိ ကြည့်လိုက်မိတယ်... ဘယ်အသင်းနဲ့ အဘယ်အသင်း ကန်တာလဲဆိုတော့ဗျာ အဖြူသင်းနဲ့ အနီလိုလို လိမ္မော်ရောင်လိုလို ၀တ်ထားတဲ့ အသင်း နှစ်သင်းကန်တာဗျ.... အနီသင်းနိုင်သွားတယ်လေဗျာ... အ၀ါကဒ်တွေဆို အလကားပေးသလား အောက်မေ့ရတယ်... မီးကလည်း ပျက်တယ်ဗျ... ၄-ရက်ပေါင်းမှ ၂၄-နာရီ မီးလာတဲ့ စနစ်ဖြစ်တာ တစ်လခွဲလောက်ရှိပြီ... ကျတော်တို့ ရပ်ကွက် ထရန်စဖော်မာ ပေါက်တာနဲ့ အတူတူပဲ... မနေ့ညက မီးလာရက်ဗျ... မီးကြိုးပေါ် အုန်းလက်ပြုတ်ကျပြီး ရှော့ဖြစ်လို့တဲ့လေ တစ်ညလုံး မလာဘူး... ဘာနဲ့ ဘောပွဲကြည့်လဲလို့ မေးတာလာ စိနတိုင်းပြည်ကလာတဲ့ ခဏခဏ ပြင်ရတဲ့ မီးစက်လေးထဲကို ဓာတ်ဆီထည့်ပြီး နှိုးကြည့်တာခင်ဗျ... မီးစက် ဘယ်လောက် ပျက်သလဲဆိုတော့ အိမ်က အကိုတောင် မီးစက်ပြင်တတ်သွားပြီ.... နေပါဦးမောင်လှရ ခေါင်းစဉ်တင်ထားတာက “ ရေဘေးဒုက္ခသည် မောင်လှ ” ဆို ခုဘာတွေ ရေးနေတာလဲကွ.... စိတ်အေ

ဖြူဖွေးသော အသားအရေ ဖြစ်အောင် ဖန်တီးခြင်း (Photoshop Tutorial)

ပြင်မယ့် ဓာတ်ပုံကိုဖွင့်ပြီး ဓာတ်ပုံ layer ကို duplicate (Ctrl+J) လုပ်လိုက်ပါ… မူရင်း layer ကို org ၊ ပွားထားတဲ့ layer ကို white လို့ အမည်ပြောင်းပေးပါ... white layer ကို layer mask ထည့်ပြီး အနက်ရောင် ဖြည့်ပေးပါ... white layer ကို Layer Palette က blending mode မှာ Screen ပြောင်းပေးပါ... Foreground ကို အဖြူရောင်ရွေးပြီး Brush tool ကိုရွေးပါ... brush size ကိုတော့ အဆင်ပြေမယ့် အရွယ်အစားရွေးပြီး hardness ကိုတော့ 0% ပဲ ထားပေးပါ... Layer Palette ထဲက white layer mask ကို click ခေါက်ပြီး select လုပ်ထားပေးပါ... အသားအရေရှိတဲ့ နေရာတွေ၊ ပိုဖြူစေချင်တဲ့ နေရာတွေကို စုတ်တံ နဲ့ လိုက်ခြယ်တဲ့ အခါ ပိုမို ဖြူဖွေးတဲ့ အသားအရေ ဖြစ်လာတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်... ပိုဖြူချင်ရင်တော့ white layer ကို duplicate ထပ်ပြီး လုပ်လိုက်ပါ... အခြားနည်းတွေနဲ့လည်း ပြင်လို့ရသေးတယ် ခင်ဗျ... အသားမည်းချင်ရင်တော့ layer blending mode ကို multiply ထားပေးပါ...

သမီးလေးရေ...

သမီးလေး နေမကောင်းဖြစ်တဲ့ အချိန်တိုင်း သူ့အမေ အလုပ်မအားတာနဲ့ အမြဲ တိုက်ကို တိုက်ဆိုင် နိုင်လွန်းတယ်... သူ့အမေက ခွင့်ယူဖို့ အဆင်မပြေဆိုတော့ အဆင်ပြေတဲ့ ကျတော်ပဲ ခွင့်ယူရတာပေါ့... ရပ်ကွက်ထဲက ပြောလှပြီ သမီးကို အမေထက် အဖေက ပိုချစ်တယ်ထင်ပါ့တဲ့... ကလေးနေမကောင်းတိုင်း အဖေကချည်းပဲ ခွင့်ယူပြီး ချော့နေလို့တဲ့လေ... အို.. သမီးရေ... နေမကောင်းဖြစ်မယ်ဆိုရင်လည်း သမီးအမေ ခွင့်ယူလို့ရတဲ့ အချိန်မှ ဖြစ်ပါလားကွယ်... သမီးရေ နေမကောင်းတာ မဖြစ်ရင် အကောင်းဆုံးပေါ့ကွာ...

စကားပြောခြင်း

အရေးကြီးသောကိစ္စ စကားကိုဖြည်းဖြည်းပြောပါ။ ပြဿနာကြီးမားပါက စကားအားသေချာပြောပါ။ ပြဿနာသေးလျှင် စကားကိုဟာသနှော၍ပြောပါ။ မယုံကြည်ရသောကိစ္စ စကားကိုဆင်ခြင်ပြောပါ။ မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့မပြောပါနှင့်။ မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။ လူတစ်ဖက်သား ထိခိုက်စေသောစကားများ မပြောပါနှင့်။ မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။ ပျော်ရွှင်စရာကိစ္စ လူအများရှေ့တွင်ပြောပါ။ စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။ သူတပါးကိစ္စ သတိထားပြီးပြောပါ။ ကိုယ့်ကိစ္စ တစ်ပါးသူဘယ်လိုပြောလဲနားထောင်ပါ။ သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။ လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။ သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။ ...ကိုနိုင်းနိုင်းစနေ ရဲ့ blog မှ ကူးယူဖော်ပြသည်... အမှားပြင်ဆင်ချက် -ကိုနိုင်းနိုင်းစနေ မဟုတ်ဘူးတဲ့ မနိုင်းနိုင်းစနေတဲ့