Skip to main content

Posts

Happy Birthday to My Bro Ko MM.Aye & Me (Mg HL.Aye) :D

ကိုကြီးရေ... ဒီနေ့ဆို ကိုကြီး အသက် ၃၆-နှစ် ပြည့်ပြီနော်... ကိုကြီးရေ... ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ... ပျော်ရွှင်စရာအတိနဲ့ ပြီးပြည့်ဆုံတဲ့ နေ့ရက်ပေါင်း များစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ... အဟဲ... ဘာလိုလိုနဲ့ ကျတော်လည်း အသက် ၁-နှစ် ကြီးရပြီလေ... ဒီနေ့လည်း ကျတော့် မွေးနေ့ပါပဲ... ကျတော်နဲ့ ကျတော့် အကိုအကြီးဆုံး ၇-နှစ် တိတိ ကွာပါတယ်... ညီအကို နှစ်ယောက်စလုံး ဒီဇင်ဘာလ ၃၁-ရက်နေ့မှာ ကျတော်တို့ရဲ့ မိခင်ကြီးကနေ သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ... သြော်... အသက် ၁-နှစ်ကြီးလာတဲ့ ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်တော့ ဘာမှ အားရစရာကို မရှိပါဘူး... ခုပြီးခဲ့တဲ့ နှစ်မှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ အဆင်မပြေဖြစ်တာတွေ တော်တော် များများ ကြုံတွေ့ခဲ့ရတယ်... ခုလာမယ့် နှစ်မှာတော့ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေချင်တယ်ဗျာ... အင်း... အင်တာနက်ပေါ်မှာ ပျော်မွေ့မိနေတာ လည်း ၄-နှစ်ကျော်လောက်ရှိပြီ... ပညာတွေတော့ ရပါရဲ့... အချိန်ဖြုန်းတီးမိတာ ပိုများနေတယ်... နောက် ၁-လလောက်ဆို အင်တာနက် မရှိတဲ့နေရာမှာ နေဖြစ်မလား မသိသေးပါဘူး... ဘာပဲ ဖြစ်ဖြစ်ဗျာ... ... ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ... မှတ်ချက် - သူငယ်ချင်းတွေကိုတော့ ၂၆-ရက်နေ့...

ဟိုဟို ဒီဒီ ...

မနေ့က ဘောလုပ်ပွဲ ဟုတ်ပါဘူး... မှားသွားလို့ ဘောလုံးပွဲသွားကြည့်သည်... ကွင်းထဲဝင်တော့မယ် ဆိုမှ လက်မှတ် ဝယ်စရာမလိုတော့ဘူး ဆိုလို့ ပျော်လိုက်တာ... တကယ်တန်းကလည်း လက်မှတ် အလကားရလို့ သွားကြည့်တာပါ... လူက ၆-ယောက်၊ vip က ၂-စောင်၊ အထူးတန်းက ၁-စောင်၊ ရိုးရိုးတန်းက ၂-စောင် ကိုးလို့ ကန့်လန့် ဖြစ်နေတုန်း အလကား ကြည့်ခွင့်ပေးတော့ အထူးတန်းမှ အကုန် တက်ကြည့်ကြသည်... ကိုသခင်ကြီးကတော့ ဓာတ်ပုံတွေ အများကြီး ရိုက်သည်... ကျတော်ကတော့ ဇာနည် အီလက်ထရောနစ် ကလုပ်ထားတဲ့ LED မီးလုံးတွေနဲ့ လုပ်ထားတဲ့ TV ကို ကြည့်လိုက် မြန်မာ့ရုပ်မြင်သံကြားက ကင်မရာမန်းကို ကြည့်လိုက်နဲ့ အလုပ်တွေကို ဖြစ်လို့.... ခုရက်ပိုင်း မအားပါ... www.htooeainthin.com ကို အင်္ကျီအသစ် ပြန်ဝတ်ပေးနေရလို့ပါ... အားပေးကြပါဦး... အကြံပေးကြပါဦး...

New BETA Homepage http://www.HtooEainThin.com

ထူးအိမ်သင် website ကို ဒီဇိုင်းအသစ် ပြောင်းဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ... ရေးမယ် ကြိုးစားတိုင်း အခြား အလုပ်တွေ ဝင်လာတာနဲ့ မရေးဖြစ်လို့ ခုတော့ ပြီးသလောက်ရေးပြီး ဖြည်းဖြည်း ချင်း တင်သွားမယ် ဆိုပြီး ရှေ့ဆုံးကနေ အင်္ကျီထပ် ဝတ်ပေးလိုက်ပါတယ်... နောက်ထပ် စာမျက်နှာများကိုလည်း အသစ် ပြောင်းနိုင်အောင် ကျတော်တို့ အဖွဲ့ ကြိုးစားနေပါတယ်... ယခု homepage အသစ်မှာ ပုံထည့်သွင်းလိုသူများ Width: 570 x Height:425 pixels အရွယ်အစား အတွင်း ဝင်အောင် ဒီဇိုင်းလုပ်ပြီး [email protected] ကို ပေးပို့နိုင်ပါတယ်... အပြုသဘောဆောင်မယ့် ဝေဖန် အကြံပေးမှုများကို လက်ခံကြိုဆိုနေပါတယ်... ကျေးဇူးအထူးတင်ပါတယ်.... ချစ်ခြင်းအားဖြင့် မောင်လှ http://www.HtooEainThin.com

Orange Super Market အသစ်ထပ်ဖွင့်ပြီ... (Mandalay News)

မန္တလေးမှာ အထူး အောင်မြင်နေတဲ့ Skywalk Shopping Center ပေါ်မှာ ဖွင့်ထားတဲ့ Orange super maket ဟာ အခု လမ်း-၈၀၊ ၂၈-၂၉ လမ်းကြား Balzon ဘေး ကပ်လျှက်မှာ ထပ်ပြီး ဖွင့်လှစ်လိုက်က်ပါပြီ... ယခင်က Balazon မြေညီထပ်မှာ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားပြီး... ယခုအခါ ယင်းမြေညီထပ်တွင် စာရေးကိရိယာ ပစ္စည်းများ ခင်ကျင်းထားကြောင်း သိရပါတယ်... မြောက်ဘက် ကပ်လျှက်မှာ ဖွင့်လှစ်လိုက်တဲ့ Orange မှာတော့ မြေညီထပ် တစ်ထပ်ပဲပါဝင်ပြီး မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားကြောင်း တွေ့ရပါတယ်... Blazon, Orange & Giordano တို့မှာ Creation Myanmar Co., Ltd. ရဲ့ ညီနောင် လုပ်ငန်းများ ဖြစ်ကြောင်း သိရပါတယ်... အသစ်ထပ်ဖွင့်ဖို့ရှိတဲ့ ၇၈-လမ်းမကြီးပေါ် ၃၈-လမ်း ထောင့်မှာရှိတဲ့ 78th Shopping Mall မှာ Blazon, Orange တို့နဲ့ အပြိုင်အဆိုင်ဖြစ်လာမယ့် ရန်ကုန်က နာမည်ကြီး စူပါမားကဒ် တစ်ခုဖြစ်တဲ့ City Mart လာရောက် ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်...

Firewall ကြီးကြောင်သွားလို့....

ပြောကို မပြောချင်တော့ပါဘူး... သောကြာနေ့ ညနေပိုင်းနဲ့ စနေ့နေ့ မနက်ပိုင်း ဘာပဲ ဝင် ကြည့်ကြည့် access denied ပဲ ပြနေလို့ Myanmar Teleport ကို ဖုန်းဆက်မေးတော့ သူတို့ ဘာမှ မလုပ်ဘူးတဲ့... Firewall/Router သုံးတယ်တယ်ဆို ip address ပြောင်းသုံးကြည့်ပါလား ဆိုလို့ ပြောင်းပြီး Reboot ချလိုက်တာ ပြန်ကို တက်မလာတော့ဘူး... အဲဒါနဲ့ အရေးပေါ် isa server ထိုင်သုံးမယ်ဆိုပြီး Windows 2003 server တင် ကံဆိုးချင်တော့ network ၂-ကဒ် တပ်ထားတာ ၁-ကဒ် ပဲသိတယ်... Firwall ကို ပြန်တက်အောင် လုပ်လိုက်... NIC card တက်အောင် လုပ်လိုက်နဲ့ မနေ့ မနက် ၁၀-နာရီလောက် ကတည်းက လုပ်နေတာ မနေ့ကတော့ ခေါင်းမူး နောက်ကျိပြီး အိမ်ပြန်သွားရတယ်... ဘာမှ မရဘူး... firewall အတွက် firmware နောက်ဆုံး version လိုက်ရှာတာလည်း snapgear က register လုပ်ခိုင်းတာ serial နံပါတ် မဟုတ်ပါဘူး လာလာပြောနေလို့ ဒေါင်းလုပ် လည်းမရ... အဲဒါနဲ့ ဝယ်တုန်းက ရတဲ့ စီဒီထဲက firmware အဟောင်းနဲ့ လုပ်ရင်း လုပ်ရင်း နောက်ဆုံး ဘယ်နည်းနဲ့ ပြန်ကောင်းသွားမှန်းတောင် မသိပါဘူးဗျာ... ခုတော့ အင်တာနက် ပြန်သုံးလို့ ရသွားပါပြီ...

မန္တလေးအကြောင်း ဟိုဟို ဒီဒီ...

- မနက်က ရုံးလာတော့ နှင်းတွေ ကျလိုက်တာ ... ဘယ်လောက်တောင်လဲဆိုတော့ ကျုံးဘေး ကပ်လျှက်လမ်းက လာတာတောင် မြို့ရိုးကို မမြင်ရဘူး... ရှေ့ကိုလည်း တစ်ပြနီးနီးပဲ ကောင်းကောင်း မြင်ရအောင် နှင်းမှုန်လေးတွေ ကျတယ်... အေးလိုက်တာ... ဆိုင်ကယ်စီးရင် မျက်နှာကို လာရိုက်တဲ့ အအေးဓာတ်ပါတဲ့ နှင်းမှုန်လေးတွေကို ထိတွေ့ခံစားရတာ တမျိုးလေး ကောင်းတယ်ဗျာ... - အရင်က လျှပ်စစ်မီး ၂-ရက်ကို ၂၄-နာရီလာနေရာကနေ ပြီးခဲ့တဲ့ ၄-ရက်လောက်ကစပြီး ၃-ရက်ပေါင်းမှ ၂၄-နာရီ လာမယ့် စနစ်ကို ပြောင်းသွားပြီလို့ သိရပါတယ်... ဘယ်လို လာနေတယ်ဆိုတာ လိပ်ပတ်လည်အောင် မသိသေးဘူး ဖြစ်နေတယ်... သေချာတာကတော့ ညဘက် ၂-ည အမှောင်ထဲမှာ နေရမှာ ဖြစ်ပြီး ၁-ညကတော့ လင်းချင်လင်းလိမ့်မယ်... မှောင်ချင် မှောင်လိမ့်မယ်ဗျ... အဲဒါနဲ့ အိမ်မှာ ဟုန်ပန်းမီး (အရပ်ခေါ်) ယူဖို့ပြောထားတာ ဈေးကိုင်နေတယ် ထင်ပါ့ ခုချိန် ထိလာမတပ် ပေးသေးဘူး... ဟုန်ပန်းမီးက ၂-ပေချောင်း တစ်ချောင်းကို တစ်ရက် ၇၀-ကျပ်... ညနေ ၆-နာရီကနေ ည ၁၁-နာရီထိ ပေးတယ်... မီးကြိုးတွေ မီးချောင်းတွေ အပြီး ဆင်ပေးတယ်ဗျ... နာရေးတွေ ဘာတွေရှိရင်လည်း နာရေးရှိတဲ့ အိမ်ကို မီးချောင်းတွေ အလကား လာတပ်ပေးတယ်... တကယ်တော့ ဟုန်ပန်း ကု...

ဆာဒူးကြီး မန္တလေး ရောက်လာခြင်း...

ပြီးခဲ့တဲ့ အဖိတ်နေ့က အိန္ဒိယကပြန်လာတဲ့ ဆာဒူးကြီး မန္တလေးရောက်လာလို့ အကင်ဆိုင် တစ်ဆိုင်မှာ ညနေ ၇-နာရီလောက်က စပြီး ည ၁၁း၃၀-နာရီလောက်အဖြစ် ဘီယာ ၆-ဂျား၊ ဘီအီး ၄-လီတာ လောက်သောက်ရင်း ဟိုရောက်လိုက် ဒီရောက်လိုက် စကားတွေ ပြောဖြစ်ကြတယ်... ဆာဒူးကြီး မန္တလေး ဘာလုပ်လဲ သိချင်ကြတယ် ဟုတ်လား... မပြောပြပါဘူး... ဓာတ်ပုံပြပွဲ လုပ်ဖို့အတွက် ဓာတ်ပုံတွေ လိုက်ရိုက်ရင်း မန္တလေး ရောက်လာတယ် ဆိုတာကို... လုံးဝ မပြောပြဘူးဗျာ... သြော် .. မေ့လို့ အဖိတ်နေ့လို ဆိုထားတော့ ငယ်ချင်းတို့ ဘယ်သိပါ့မလဲ... သိချင်လည်း သိကြမှာပေါ့... ပြီးခဲ့တဲ့ အဖိတ်နေ့ဆိုတာ ၁၁-၁၂-၀၆ ကိုပြော တာခင်ဗျ... တွေ့ကြတာ ဘယ်သူတွေပါလဲဆိုတော့ ဆာဒူးကြီး နဲ့ သူငယ်ချင်း ၁-ယောက် ၊ ကိုသခင်ကြီး ၊ ကိုစာပတီး ၊ ဘုဃံဏပ် ၊ သွယ်သွယ် ၊ နွေနှင်း နဲ့ ကျတော်ပေါ့ဗျာ... ဆာဒူးကြီး အင်တာနက် သုံးရတာ အဆင် မပြေသေးလို့ပါတဲ့... အဆင်ပြေရင် ဘလော့ ပြန်ရေးပါလိမ့်မယ်တဲ့ ခင်ဗျ...

သင်ဇာဝင့်ကျော်...

ဒီရက်ပိုင်း အလုပ်ရှုပ်ပြီး ဘာမှ မရေးဖြစ်လို့ မြို့နယ် မဂ္ဂဇင်းတစ်ခုမှာ ထည့်ဖို့ လုပ်ပေးဖူးတဲ့ ကြော်ငြာလေးကို တင်လိုက်ပါတယ် ခင်ဗျာ... သင်ဇာဝင့်ကျော် ကြိုက်ကြတဲ့ သူများအတွက်ပေါ့ဗျာ... ကျတော့်ကို ဓာတ်ပုံပြုပြင်နည်းတွေ သင်ပေးတဲ့ ကိုသခင်ကြီး သင်ပေးတဲ့နည်းတွေ အတိုင်း လိုက်လုပ်ထားကြည့်ပါတယ်... ကိုသခင်ကြီးကိုတော့ ဘယ်မှီမလဲ ခင်ဗျာ...

ဟူး မောလိုက်တာ...

ဟူး မောလိုက်တာ... ဒီနေ့ မနက်ခင်းကတည်းက စပြီး တကယ်တန်း ပြောရရင် မနေ့ကတည်းကပါ... template လိုက်ပြင်နေတာ ပွစိတွေ တက်ကုန်တာပဲ... အရင်ဟာကို backup မလုပ်ထားမိလို့ အရင်အတိုင်းလည်း ပြန်မရနိုင်တော့ပါဘူး... ကျတော့်ဟာလေး (တမျိုး မတွေးကြနဲ့နော်... template ကိုပြေတာ) ကြိုက်တယ် ဆိုရင် ယူသုံးကြပါဗျာ... ခွင့်တောင်းစရာ မလိုပါဘူး... ဒါပေမယ့် ပုံတွေကိုတော့ ကိုယ့်ဘာသာကိုယ် အခြား နေရာတစ်ခုမှာ တင်ပြီး ပြန်သုံးကြပါ... ကျတော့် အရင် ကနုတ်နဲ့ template ကို အခြားတစ်ယောက် ယူသုံးထားတာ တွေ့မိလို့ပါ... ပုံကိုလည်း ကျတော့်ဆီက ပုံယူသုံးထားလို့ပါ... အသစ်ကလေးတွေ ဖြစ်သည့်အတွက် အားငယ်သွားမည် စိုးလို့ ကျတော် ဘာမှ ကန့်ကွက်မှု မလုပ်ခဲ့ပါ... template ကို ကြိုက်လို့ ယူသုံးချင်တယ်ဆို ယူသုံးပါ... ပုံကိုတော့ အခြား တစ်နေရာမှာ တင်ပြီး သုံးပေးကြပါ ခင်ဗျာ... ဒီလောက် မျက်စိနောက်စရာ ကောင်းတဲ့ template ကို ဘယ်သူမှလည်း ယူသုံးကြမှာ မဟုတ်ပါဘူး... ခုဟာမှာ ပုံတွေ ထည့်တာ များသွားလို့ loading လုပ်တာ အချိန်ကြာသွားမယ်ဆိုရင်လည်း တောင်းပန်ပါတယ်...

အနုပညာ ပြပွဲ ရှိတယ်...

မန္တလေး၊ ၆-ဒီဇင်ဘာ-၀၆ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု၊ အနုပညာ ပြပွဲကို ယခုလ ၁၀-ရက်နေမှ ၁၆-ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော် ခန်းမ-၁ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသော လမ်းဖြတ် ကြော်ငြာများအရသိရပါတယ်...

... Mandalay & Pyin-Oo-Lwin (MayMyo) News ...

မန္တလေးမှာ ဘောလုံးပွဲရှိတယ်... Grand Royal က ဦးစီးကျင်းပပြီး မြန်မာ၊ အင်ဒို၊ မလေး (U23) ၊ မြန်မာ (U23) တို့ပါမယ့် Grand Royal ဖိတ်ခေါ် ဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇-ရက် ကနေ ၂၃-ရက်နေ့ အထိ မန္တလေးမြို့ ဗထူးကွင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပမယ်လို့သိရပါတယ်... ပြင်ဦးလွင် စိန်ရတုပွဲ... ဒီဇင်ဘာလ ၁၄-၁၈ ရက်အတွင်း ပြင်ဦးလွင် (မေမြို့) အမျိုးသားကန်တော်ကြီး ဥယျာဉ် စိန်ရတုပွဲတော်ကိုလည်း ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ်လို့ သတင်းရထားကြောင်းပါ...

... Happy Birthday to Ko minO & Kalvin ...

ဒီနေ့မှာ မွေးနေ့ ၂-ခုရှိပါတယ်.... ကျတော် ချစ်ခင် လေးစားရတဲ့ကိုမင်းအိုနဲ့ ကျတော့် သူငယ်ချင်းကြီး ကယ်လဗင် တို့ရဲ့ မွေးနေ့ပါ... ကိုမင်းအိုနဲ့ ကယ်လဗင်ရေ... ပျော်ရွှင်စရာအတိ နဲ့ ပြီးပြည့်စုံတဲ့ နေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ... တလိုက်တိုင်း ရနိုင်တဲ့ ဘ၀မျိုး ပိုင်ဆိုင်နိုင်ပါစေ... ဖိုးဖွား မိဘ ဇနီးမယား သား သမီး မြေးမြစ် ချစ်သူခင်သူများနဲ့ စိတ်ချမ်းသာပျော်ရွှင်သော၊ ကျန်းမာပျော်ရွှင်သော ဘ၀တည်ဆောက်နိုင်ပါစေ...

...လျှပ်တစ်ပြက်ဂျာနယ်မှ ဆောင်းပါး တစ်ပုဒ်...

ဖတ်ကြည့်ပါဦး ... လျှပ်တစ်ပြက်ဂျာနယ်မှာ မကွေးလှမြင့် ရေးထားတာလေးပါ... အဲဒီလိုနဲ့ ကျွန်တော်တိုႛလည်း နောက်ထပ် ငွေ(၇)သိန်းခွဲ သွင်းပြီးနိုံင်ငံခြားကို ခရီးထွက်ဖိုႛ စီစဉ်ခဲ့ပါ တယ်။ လေယာဉ်လက်မှတ်ကို ပွဲစားက ယူထားပြီး၊ ထွက်ရမယ့်နေႛ လေ ယာဉ်ကွင်းမှာ ဆုံကြဖိုႛပြောပြီးလူချင်းခွဲ ခဲ့ကြပါတယ်။ ထွက်မယ့်နေႛ လေယာဉ် ကွင်းကို ရောက်သွားတော့ ပွဲစားက လေယာဉ်ခရီးစဉ် ပြောင်းလိုက်လိုႛ (၉း၃၀) က လေယာဉ်ထွက်သွားပြီ လိုႛပြောပၝတယ်။ ကျန်နေခဲ့တာပေၝ့နိုင်ငံခြားသွားဖူးတဲ့ အတွေႚအကြုံ လည်းမရှိ၊ လေယာဉ်တွေရဲႚ သဘော သဘာဝကိုနားမလည်သူတွေအတွက် သင်ခန်းစာယူစရာပါ။ ကျန်နေတဲ့ အတွက် နောက်ကျကြေးတစ်သိန်းခွဲ ထပ်ပြီး၊ ကုမ္ပဏီကို သွင်းရမယ်လိုႛ ဆိုပၝတယ်။ အဲဒီငွေ မပေနိုင်ရင် ပထမသွင်းထားတဲ့ ငွေ(၇)သိန်းခွဲလည်း ဆုံးမယ်တဲ့ နိုင်ငံခြားလည်း မသွားရဘူးတဲ့။ more...

ချောကလက် ကြိုက်တဲ့ မောင်လှ ...

ကျတော် မောင်လှ ချောကလက် အလွန်ကြိုက်သည်... ဘယ်လောက် ကြိုက်သလဲဆိုတော့ ချောကလက်နဲ့ အရောင်ခြင်း ဆင်တဲ့ ထန်းလျှက်ခဲကိုတောင် ချောကလက်မရှိတဲ့အခါ ချောကလက်လို့ မှတ်ပြီး စားတတ်သည်... မနေ့ညက အိပ်မက်ထဲမှာ ကျတော် ချောကလက်တွေ တစ်ဝကြီးစားလိုက်ရသည်... မြန်မာ blogger တွေကို ကိုသခင်ကြီး က မန္တလေးကို ဖိတ်ပြီး တွေ့ဆုံပွဲကြီး လုပ်ပေးတယ်ဆိုပဲ... အဲဒီပွဲမှာ ဟိုးနိုင်ငံရပ်ခြားက ပြန်လာတဲ့ မိတ်ဆွေတွေက မောင်လှ ချောကလက် ကြိုက်တတ်မှန်းသိလို့ ချောကလက်တွေ တစ်ယောက် တစ်မျိုး ၀ယ်လာခဲ့တယ် ဆိုပဲ... မောင်လှလည်း အားပါးတရ စားလိုက်တာ ပထမ ချောကလက် မာမာတွေစားမိသည်... ပြီးတော့ ချောကလက် ပျော့ပျော့်တွေ လျှာနဲ့လျှက်မိသည်... ဒါပေမယ့် ချောက်ကလက် အရသာမဟုတ်... အနံကလည်း နံလိုက်တာ... အိုး ဘယ်ကလာ ချောကလက်တွေ မဟုတ်ဘူး... အိပ်နေရင်းနဲ့ သမီးလေးက ကျတော့် မျက်နှာနားကပ်ပြီး အီ အီးတွေ အားပါးတရ လာပါနေတာကိုး... သွားပြီး ချောကလက်မှတ်ပြီး အားပါးတရ စားနေတဲ့ကျတော်... ဝေါ့...

သတင်းလား အတင်းလား ပေါက်ကရတွေလား...

mghla.com domain ကို ဘန်ကောက် ရောက်နေတဲ့ ချစ်သူငယ်ချင်းကြီး ဝေဖြိုးအောင် ကောင်းမှုနဲ့ ရပါပြီ... ခုတလော အဲဒါကိုပဲ လျှောက်စမ်းနေမိသည်... ဟိုစမ်း ဒီစမ်း လုပ်နေတုန်းမို့ http://blog.mghla.com နဲ့ ဒီ blog ထဲကို ရောက်အောင် လုပ်ထားသည်... သူငယ်ချင်းဝေဖြိုးအောင်ကို ကျေးဇူးအထူး တင်ပါသည်... ထိုင်းမ အပျိုစစ် ချောချောလေးနဲ့ ရပါစေ... စာပြင် - dns လျောက်စမ်းရင်းနဲ့ ဒုက္ခရောက်နေလို့ blog ကို http://blog.mghla.com နဲ့ လာလို့ရအောင် လုပ်ထားသည်... ၁-ပတ် လောက်တော့ ရှိပြီ မန္တလေးမှာ သိသိသာသာ အေးလာသည်... တော်တော်လေးကို ချမ်းလာသည်... နေ့လည်စာ ထမင်းစားပြန်တာ အနွေးထည် ၀တ်ပြန်မှ အဆင်ပြေသည်... မန္တလေးမှာ သိသိသာသာ မီးပျက်ချိန်လည်း များလာသည်... ၆-နာရီလာရမည်ကို အလွန်ဆုံး ၃-နာရီလောက် လာတာမျိုး၊ ည ၆-နာရီ စလာရမှာကို ည ၈-နာရီ ၉-နာရီလောက်မှ လာတာမျိုးတွေ၊ ဒါပေမယ့် လာချိန် ပျက်ချိန်တော့မှန်သည်... ဥပမာ - ဒီနေ့ဆို မနက် ၆-နာရီလာရမယ်... ဟုတ်ကဲ့ပါ ၆-နာရီမှာ ၅-မိနစ်လောက် ခဏလာပြီး ပြန်ပျက်သွားသည်... ၁၂-နာရီ ပျက်ရမှာဆိုတော့ ၁၂-နာရီထိုးတော့ ခဏလင်းပြီး မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပြန်ပျက်သွားသည်...

တောင်းပန်ပါတယ်...

တောင်းပန်ပါတယ်... ဒီရက်ပိုင်း တောင်းပန်ပါတယ် ဆိုတဲ့ စကားချည်းပဲ ပြောဖြစ်နေသည်... ပြင်ပ ဘ၀မှာရော online ဘ၀မှာပါ စိတ်မောစရာများ ကြုံတွေ့ခံစားနေရလို့ စာမပြန်နိုင်တာကို ခွင့်လွှတ်ပါ... online ဘ၀ က စိတ်မကျေနပ်မှုက ပိုဆိုးသည်... ခု forum ရေးခြင်း၊ ဆွေးနွေးခြင်းကို ဖြတ်တောက်တော့မည်... blog မှာ ရေးအားများတော့မည် ထင်ပါသည်... ဒါမှ မဟုတ် blog တွေ လိုက်ဖတ်နိုင်တော့မည် ထင်ပါသည်... ခုတော့ ရှုပ်ထွေးနေတဲ့ စိတ်တွေ ပြေပျောက်အောင် ကြိုးစားလိုက်ဦးမည်...

ဓမ္မစေတီ ဆရာတော် အရှင်ကောသလ္လ

ဓမ္မစေတီ ဆရာတော် အရှင်ကောသလ္လ ဟောကြားသော ထေရ၀ါဒ ဟင်းလေးအိုးကြီး အပိုင်း-၁ အပိုင်း-၂ ကျတော် တရားပွဲတွေ မသွားတတ်ဘူး... ရုံးက မန်နေဂျာ ၂-ယောက် ဦးစီးတဲ့ တရားပွဲလည်း သွားနာဖို့ စိတ်ကူး မရှိခဲ့ဖူး ပျင်းတာလည်း ပါတာပေါ့လေ... ဒါပေမယ့် ဒီဇိုင်းအလှူတော့ ပေးလှူခဲ့ပါတယ်... vcd ထွက်တော့ နာကြည့်တော့ တော်တော်လေးကို သဘောကျမိလို့ ပြန်လည် လက်ဆင့်ကမ်း ပေးတာပါ...

Mandalay News တဲ့လား...

- မနေ့ကစပြီး မန္တလေးမှာ သိသိသာသာ အေးလာပါပြီ... ဒီနေ့မနက် ပိုပြီးအေးလာတယ်... - ဒီဇင်ဘာလ (၃) ရက်နေ့မှာလည်း Metal Zone ဖျော်ဖြေပွဲကို ဟိုးအရင်က ဂေါ်ရာသင်္ချိုင်း လို့ခေါ်တဲ့ မဟာနွယ်စဉ်ကွင်းမှာ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး ချစ်ကောင်း၊ Rဇာနည်၊ စိုင်းစိုင်း၊ အတာ၊ ရေဗက္ကာဝင်း၊ ချစ်သုဝေ၊ စင်ဒီ၊ ကြိုးကြာ စတဲ့ အဆိုတော်များ ပါဝင်မယ်လို့ သိရပြီး ၀င်ကြေးမှာ ၁၀၀၀၀-ကျပ်၊ ၇၀၀၀-ကျပ် နှင့် ၅၀၀၀-ကျပ် ဖြစ်ကြောင်း သိရပါသည်...

စိုင်းစိုင်း ဖျော်ဖြေပွဲ ရှိတယ်...

လာမယ့် ၁၉ ရက်နေ့မှာ စိုင်းစိုင်းနဲ့ သူငယ်ချင်းများ ဖျော်ဖြေပွဲ မြို့တော် ခန်းမ-၁ မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်... စိတ်မကောင်းစရာကတော့ အဲဒီ ဖျော်ဖြေပွဲ ကြော်ငြာ တော်တော်များများကို ဆုတ်ဖြဲထားခြင်းပဲ ဖြစ်ပါတယ်... ကျတော် စိုင်းစိုင်းကို ကြိုက်လို့ မဟုတ်ပါဘူး... ကိုယ်မကြိုက်လဲ ဒီလို ဖြဲထားတာ မြင်ရတော့ သူတို့ရဲ့ အောက်တန်းကျမှုကို မြင်ပြီး ၀မ်းနည်းရပါတယ်... အရင်က ကျုံးဘေးက ဘတ်စ်ကားမှတ်တိုင်မှာ ကုမ္ပဏီ တစ်ခုက ကြော်ငြာလှလှလေးတွေ လုပ်ဖူးပါတယ်... သိပ်မကြာပါဘူး ဖျက်ဆီးခံရပါတယ်... သြော်... စည်းကမ်း မရှိတဲ့ မန္တလေးသားတွေကြောင့် တစ်မြို့လုံး အရှက်ရစရာ ဖြစ်စေပါတယ်...

သြော်... ငါ့ဘဝ

အွန်လိုင်းပေါ်မှာ ၉ဒေါ်လာတန် လေး တစ်ခုလောက်ကို အပြင်က သူငယ်ချင်းတစ်ယောက် ကို ၀ယ်ခိုင်းတာ သူ့ PayPal က ဒီလိုလေး စာပြန်ပို့လို့ မောင်လှ ခင်ဗျာ လိုချင်တာ မရဖြစ်နေကြောင်းပါ... သြော် ... ဝယ်နိုင်ပေမယ့်လည်း ရောင်းမယ့်လူက မရောင်းပါလား... Dear Mr. Pyaung, Access to your PayPal account has been denied because your name issimilar to or a match to an entry on a financial sanctions list(s). ဒါနဲ့ စကားမစပ်ဗျာ ... Zawgyi-One မှာ 0 (zero) ကို နှိပ်ရင် ၀ (သုည) ဗျ... ၀ (wa) ရိုက်ချင်ရင် ဝ (

မောင်လှရေ...

မောင်လှရေ... ဟူး ... အသက်တစ်နှစ် ပိုတိုလိမ့်မယ်လို့ပဲ ပြောပြောကွာ သက်ပြင်းတွေ အကြိမ်ကြိမ် ချမိတယ်... အင်း ကောင်းလိုက်တဲ့ ခေါင်းဆောင်တွေ မုန့်ကျွေးစရာရှိရင် မခေါ်ဘူး... ချီးကျူး စရာရှိရင် မခေါ်ဘူး... မသိသလို နေတယ်... ရုံးတစ်ရုံးလုံး သန့်ရှင်းရေး လုပ်မယ့် မီတင်မှ လာတက်လို့ ခေါ်တယ်... ဒါရိုက်တာတွေ ဆူရင် ဓားစာခံ ခေါ်တာလေ... တစ်ရုံးလုံးမှာ ငါ့အခန်းက အရှုပ်ဆုံးကို... ဟိုလူက ကီးဘုတ်မကောင်းတော့ဘူး အသစ်ဝယ်ပေး ဆိုပြီး ထားသွားတဲ့ ကီးဘုတ်အပျက်တွေ... မောက်စ် အပျက်တွေ... ကေစင်ပုံး မပျက်တပျက်တွေ... နဲ့ရှုပ်ပွ နေတဲ့ ငါ့အခန်း... နှမြောပြီး မလွှင့်ပြစ်ပဲ ထားတာကို အမှိုတွေနဲ့ ရှုပ်ပွနေ တာပဲတဲ့... အဟဲ့ ဒါရိုက်တာက ပြောပါဘူး... စီမံ မန်နေဂျာက ပြောတာ... ၀န်ထမ်းတွေကို မကြည့်ဘဲ ဖြတ်ဖို့ တောက်ဖို့ပဲ ချောင်းနေတဲ့ လူကြီးပေါ့... မဆိုးရှာပါဘူး... သဘောတော့ ကောင်းပါတယ်... ကဲ... ကောင်းမယ်ထင်တယ်... ရောင်းစားလိုက်ရင် အစုတ်တစ်လုံး...) ဆာဗာ အိုင်ဘီအမ် မန်မိုရီ၊ ပါဝါဆပ်ပလိုင်း၊ ပီ-၃ စီပီယူ၊ (မားသားဘုတ်၊ ပစ္စည်းအဟောင်းတွေ ငါနှမြောနေတဲ့ ဟောဒီက ကွန်ပျူတာ ပစ္စည်းအဟောင်းတွေ ယူကြဦးမလားဗျို့...

http://barnyarbarnyar.blogspot.com

http://barnyarbarnyar.blogspot.com/ မှာညွှန်းထားတဲ့ အိန္ဒိယက လူငယ်တစ်ယောက်ရဲ့ http://sixfaces.blogspot.com blog ကိုသွားကြည့်တာ သဘောကျစရာလေးတွေ တွေ့မိလို့ ပြန်လည် မျှဝေပါရစေ... http://barnyarbarnyar.blogspot.com မှာလည်း စိတ်ဝင်စားစရာလေးတွေ ရှိတယ်နော်...

ဖျော်ဖြေပွဲ (Mandalay News)

ယခုလ ၁၂-ရက်နေ့ ညနေ ၆-နာရီတွင် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် တည်ရှိသော မဟာတံတိုင်းကြီး ဟိုတယ်၌ လွယ်အိတ်ကြီး အဖွဲ့၊ ပုရွတ်ဆိတ်ကလေးများ အဖွဲ့နှင့် ရောသမမွှေ အဖွဲ့တို့ ပါဝင်ဖျော်ဖြေမယ့် ရောသမမွှေပန့်ခ်ည ဖျော်ဖြေပွဲကြီး ရှိကြောင်း လက်တို့ လိုက်ပါရစေ... ကြိုတင်လက်မှတ် တန်ဖိုးမှာ ၇၀၀၀-ကျပ်ဖြစ်ကြောင်း သိရပါတယ်...

မန္တလေးအတင်း (Mandalay News)

ကျုပ်က မန္တလေးမြို့က အိမ်တိုင်းနီးပါးမှာရှိတဲ့ အိမ်ရှေ့မျက်နှာစာမှာနေရတဲ့ ဂဏန်းလေးတွေ တက်အောင် လည်ရတဲ့ စက်ကလေးပေါ့ဗျာ... ပြီးခဲ့တဲ့ ၂-ကျော် ၃-လ ၀န်းကျင်လောက် ကျုပ် ၂၄-နာရီ အလုပ် လုပ်ရတယ်... ခုတော့လေ ကျုပ် အိပ်လိုက် အလုပ်လုပ်လိုက်နဲ့ပေါ့... ကျုပ်ဒီလို ဖြစ်တာ မိုးတွေရွာ ရေတွေကြီးပြီးတဲ့ အချိန် ကတည်းကပေါ့... ကျုပ်နေတဲ့ အိမ်က သခင်ပြောတာကတော့ ညောင်ရွှေမှာလည်း ရေတွေ ကြီးတယ်တဲ့... ကျုပ်အလုပ်လုပ်ဖို့အတွက် ရေလိုအပ်တဲ့ အင်းထဲကိုကျတော့ မရောက်ဘူး ထင်ပါရဲ့... ကျုပ် ဒီနေ့ည ၇-နာရီက စပြီး နောက်နေ့မနက် ၇-နာရီအထိ အလုပ်လုပ်မယ် ပြီးရင်တော့ အိပ်လိုက်ဦးမယ်ဗျာ... ပြီးရင် နေ့လယ်စာ ထမင်းစားပြီး နေ့လယ် ၁၂-နာရီကနေ ညနေ ၆-နာရီ အထိ အလုပ်လုပ်လိုက်ဦးမယ်... ပြီးရင် နောက်နေ့ မနက် ၇-နာရီအထိ အိပ်မယ်ဗျာ... ခုဘယ်လောက် ကောင်းလိုက်လဲ ကျုပ်မှာ အလုပ်လုပ်လိုက် အိပ်လိုက်လိုက်နဲ့ ... ဒီနှစ် မန္တလေးဆောင်း ထင်သလောက် မအေးသေးဘူးဗျာ...

မန္တလေး အတင်း (Mandalay News)

ကျုပ်က မန္တလေးမြို့က အိမ်တိုင်းနီးပါးမှာရှိတဲ့ အိမ်ရှေ့မျက်နှာစာမှာနေရတဲ့ ဂဏန်းလေးတွေ တက်အောင် လည်ရတဲ့ စက်ကလေးပေါ့ဗျာ... ပြီးခဲ့တဲ့ ၂-ကျော် ၃-လ ၀န်းကျင်လောက် ကျုပ် ၂၄-နာရီ အလုပ် လုပ်ရတယ်... ခုတော့လေ ကျုပ် အိပ်လိုက် အလုပ်လုပ်လိုက်နဲ့ပေါ့... ကျုပ်ဒီလို ဖြစ်တာ မိုးတွေရွာ ရေတွေကြီးပြီးတဲ့ အချိန် ကတည်းကပေါ့... ကျုပ်နေတဲ့ အိမ်က သခင်ပြောတာကတော့ ညောင်ရွှေမှာလည်း ရေတွေ ကြီးတယ်တဲ့... ကျုပ်အလုပ်လုပ်ဖို့အတွက် ရေလိုအပ်တဲ့ အင်းထဲကိုကျတော့ မရောက်ဘူး ထင်ပါရဲ့... ကျုပ် ဒီနေ့ည ၇-နာရီက စပြီး နောက်နေ့မနက် ၇-နာရီအထိ အလုပ်လုပ်မယ် ပြီးရင်တော့ အိပ်လိုက်ဦးမယ်ဗျာ... ပြီးရင် နေ့လယ်စာ ထမင်းစားပြီး နေ့လယ် ၁၂-နာရီကနေ ညနေ ၆-နာရီ အထိ အလုပ်လုပ်လိုက်ဦးမယ်... ပြီးရင် နောက်နေ့ မနက် ၇-နာရီအထိ အိပ်မယ်ဗျာ... ခုဘယ်လောက် ကောင်းလိုက်လဲ ကျုပ်မှာ အလုပ်လုပ်လိုက် အိပ်လိုက်လိုက်နဲ့ ... ဒီနှစ် မန္တလေးဆောင်း ထင်သလောက် မအေးသေးဘူးဗျာ...

eot ဘယ်လိုလုပ်... အပိုင်း - ၂

အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်... ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ... ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url( http://h1.ripway.com/MgHla/eot/ZAWGYIO3.eot ) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင် @font-face {........ ......... .......} အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ... ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ... WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး... အပိုင်း-၁ သို့... ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်... http://mgzeng.blog.com/450405/ http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

eot လုပ်ရအောင် - ၁

ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exe ကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ... ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ 1. Bold 2. Italic 3. Bold+Italic 4. Normal WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ... Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ... ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://...

သိလား

ဒါနဲ့ သိလားဗျာ... မန္တလေးကနေ ကျတော်တို့ Broadband သမားတွေသုံးတဲ့ 203.81.71.148 Proxy Server ကြီးက နေ၀င်ကြည့်လို့ မရဘူး ဖြစ်နေတယ်... ခုတောင် အခြား တစ်ခုကနေ ကျော်ခွဝင်နေရတယ် သိလား... ကိုသခင်ကြီး ဆီမှာ မင်္ဂလာမော်ဒယ်ရွေးပွဲ ဗီဒီယိုတွေ တင်ထားတယ်သိလား... ခုတလော မန္တလေးမှာ လျှပ်စစ်မီးတွေ ပြန်ပျက်နေပြီ သိလား... မန္တလေးမှာ မနက်ခင်းရောက်ရင် ချမ်းလာပြီ သိလား... ညီလင်းဆက် ရန်ကုန်ပြန်ရောက်နေတယ် သိလား...

ပစ်တိုင်းထောင်ကြီးကြီး

                    ကြီးကြီး ကြိုက်သူများအတွက်...

http://ahyuu.blogspot.com/

ကျတော်တို့ NativeMyanmar မှ ဘော်ဒါကြီး လက်တစ်ဆစ်လျော့ (LetItRock) ရဲ့ blog အသစ်စက်စက်ပါ... နည်းပညာအကြောင်းတွေကို အများဆုံး မျှဝေထားတာ တွေ့ရပါတယ်... လိပ်စာက http://ahyuu.blogspot.com/ ပါ...

ပစ်တိုင်းထောင် smiley များ...

ပစ်တိုင်းထောင် smiley စီးရီး ဒေါင်းလုပ် လုပ်ရန် ဒီနေရာ ကို နှိပ်ပါ...

Small size Smileys ...

ပုံအသေးချုံ့ထားတာလေးတွေပါ... zip file ထဲမှာ ပုံတွေကို ထည့်ထားပေးပါတယ် ... ဒီနေရာ ကနေ ဒေါင်းလုပ်ယူနိုင်ပါတယ်... ကော်နက်ရှင် မကောင်းတော့ ဒီလိုလေး အိပ်ပြီး စောင့်ရပါတယ်...

smileys တွေကို လှုပ်ကြည့်တာ

Mandalay Internet Speed

ERROR The requested URL could not be retrieved While trying to retrieve the URL: http://www2.cbox.ws/box/? The following error was encountered: * Connection to 65.110.60.50 Failed The system returned: (61) Connection refused The remote host or network may be down. Please try the request again. Your cache administrator is webmaster. Generated Tue, 24 Oct 2006 08:04:41 GMT by livecache-mdy.bagan.net.mm (squid/2.6.STABLE3) မန္တလေးရဲ့ internet speed က ကောင်းသလား မမေးနဲ့ဗျို့... အပေါ်ကလို error message တွေပဲ ပြပြနေတယ်... စိတ်လေပါတယ်...

ဂျာနယ်ထဲပါလာတဲ့ NyiLynnSeck...

ဒီပုံ မြင်ရင် မှတ်မိဦးမယ် ထင်ပါတယ်... မောင်ညီလင်းဆက် နမူနာလုပ်ပြထားတာပါ... မောင်ညီကတော့ နာမည် ကြီးရင် ကြီးပဲ... မောင်ညီ လုပ်ပြထားတဲ့ ဂန္တ၀င်ပုံနဲ့ အွန်လိုင်းပေါ်မှ သိတဲ့လူများကို resolution မြင့်ပုံများ မပေးသင့်ကြောင်း၊ ပုံဆိုဒ်သေးပြီး resolution ချပြီးမှသာပေးသင့်ကြောင်းကို nyilynnseck.blogspot.com တွင် ပြောထားကြောင်း ကိုးကားပြီး ယခုတစ်ပတ်ထုတ် Flower News ဂျာနယ်မှာ ဖော်ပြထားကြောင်းပါ... မောင်ညီတို့ကတော့ နာမည် ကြီးရင်း ကြီးပဲ... ဂျာနယ်ထဲတောင် ပါလာပြီ... မောင်ညီလင်းဆက် ရေးထားတာ ကြည့်ချင်တယ်ဆိုရင် ဒီနေရာကို နှိပ်လိုက်ပါ...

Smileys by MgHla

hosting ပြောင်းတင်ထားပါတယ်... မြင်ရမယ် ထင်ပါတယ်... ဒီ post ကို e-mail သုံးပြီး ပို့တာပါ... e-mail နဲ့တောင် ကြိုးစားပို့နေတာ အခု ပို့တာ ၄ - ကြိမ်မြောက်ပါ...

Smileys by MgHla

ကျတော်လုပ်ထားတာလေးတွေပါ... ကြိုက်တယ်ဆို ယူသုံးကြပါ... ခွင့်တောင်းစရာ မလိုပါဘူး... ဒါပေမယ့် ကျတော်တင်ထားတဲ့ link ကနေ တိုက်ရိုက်မသုံးကြစေလိုပါ... download လုပ်ပြီး free hosting တစ်ခုခုမှာ ပြန်တင်ပြီး သုံးစေချင်ပါတယ်...

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်ဗျာ... အိမ်မှာ အခုခေါ်ထားတဲ့ ကလေးထိန်း ကလေးမလေးအကြောင်းပြောရဦးမယ်... အဲဒီ ကလေးမလေး အိမ်ရောက်လာတော ခရမ်းချဉ်သီးနဲ့ ချက်တဲ့ ဟင်းတွေ မကြိုက်ဘူးတဲ့လေ... အိမ်မှာ ခရမ်းချဉ်သီး အနှစ်နဲ့လုပ်တဲ့ ရှမ်းခေါက်ဆွဲကျွေးတော့ ကောင်းလိုက်တာတဲ့... ဒါပေမယ့် ဟင်းထဲမှာထည့်ချက်တဲ့ ခရမ်းချဉ်သီး အနှစ်တော့ ခုချိန်ထိ မကြိုက်သေးဘူး... ၀က်သား စားလားဆိုတော့ မကြိုက်ဘူးတဲ့ ၀က်ဆီတော့ စားတယ်တဲ့... အဲဒီ ပထမဆုံး ထမင်းစားတော့ အဆီတုံးထည့်ထားပေးပြီး အသားစားချင်ရင် ထည့်စားလို့ပြောလိုက်တယ်... နောက်အခေါက်တွေ ထမင်းစားတိုင်း အဆီတုံးတင်မက အသားပါကြိုက်သွားပြီ... ကြက်သားကိုတော့ ခုအချိန်ထိ မကြိုက်လို့တဲ့ လုံးဝ မစားသေးဘူး... အမဲသားဆိုရင်လေ သားရေပြားကြီးလို ဆွဲပြီးစားရမှ ကြိုက်တာတဲ့... ဟင်းမရှိရင်နေပါစေတဲ့ .. ငရုတ်သီးကျော်ရှိရင် ထမင်းစားလို့ ရတယ်တဲ့... ကျပ်ပြားဝိုင်းလောက်ရှိတဲ့ အကြော်တစ်တည်းနဲ့ ထမင်းတစ်နပ် စားတတ်တယ်... ၁၅၀-ကျပ်တန် ထန်းခေါက်ဖာလေးကို ဈေးကြီးလို့ မ၀ယ်ဘူးတဲ့လေ... ... ဒီ post ကို e-mail နဲ့ ပေးပို့တာပါ...

တောင်းပန်ပါတယ်ဗျာ...

တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ဒီ ပက်ကျိက အဘေး ခေါ်ရလောက်တဲ့ internet speed နှေးနှေးမှာ post တင်ရင် ကျော်ခွပြီးတင်ရတာ စိတ်မပါလို့ မတင်ဖြစ်တာ တောင်းပန်ပါတယ် ခင်ဗျာ...  template ကို အခြားပုံစံ ဖြစ်အောင် ပြင်ချင်ပေမယ့်လည်း နှေးကွေးလှတဲ့ စပီကြောင့် အလုပ်မတွင်ကျယ်လို့ မပြင်ဖြစ်တာကိုလည်း တောင်းပန်ပါတယ်ဗျာ... ကျတော့် ဘလော့မှာ နောက်ခံ သီချင်း ထည့်ထားမိတာကို တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်... ဘလော့နောက်ခံ မျက်စိနောက်အောင် ကနုပ်ပန်းတွေထည့်ထား မိတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... သင်ပြပေးမယ့်ဆရာမရှိဘဲနဲ့ ဒီလို ပေါက်တတ်ကရ ဘလော့ဖြစ်အောင် လုပ်မိတာ ............................................................... ............................................................... ............................................................... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... မှတ်ချက် - မည်သူ့ကိုမှ ပြောချင်းမဟုတ်ပါ... တောင်းပန်ချင်လွန်းလို့ပါ... အထဲမှာ နေရတဲ့ ကျတော်တို...

http://awlanmg.blogspot.com/

ကိုအော်လံမောင်ရဲ့ ဘလော့မှာ သွားဖတ်ကြည့်ပါဦး ... တွေးစရာ တောစရာ “Social Donation လုပ်တယ် ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး။ ကိုယ့်နိုင်ငံ အတွက် လုပ်နေတာ ဆိုတာ သတိရှိကြဖို့ လိုတယ်” ကဆုန်လပြည့်နေ့က ထိုင်းမှာကျင်းပတဲ့ ဗုဒ္ဓဘာသာ ညီလာခံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ကလေး တစ်ခုကို ပြောပြမယ်။ Panel Discussion တစ်ခုမှာ ဘုန်းကြီးတစ်ပါးက ဘာထပြောသလဲဆိုတော့ ဆူနာမီရေလှိုင်းဒဏ် အခံရဆုံးဖြစ်တဲ့ ဖူးခက် ကမ်းခြေ နားက ဗုဒ္ဓ ဘာသာ ၀င်တွေ ခရစ်ယာန်ဖြစ်ကုန်ကြပြီင်္ လို့ ထောက်ပြတယ်။ ဆူနာမီခံလိုက်ရတဲ့ သူတွေမှာ စားစရာမရှိ၊နေစရာမရှိ ဖြစ်နေတာကို [more...]

Mandalay News

ဖျော်ဖြေရေး သတင်း... မန္တလေးမြို့၊ မြို့တော် ခန်းမ (၁) မှာAlex   ရဲ့ One Man Show ဖျော်ဖြေပွဲကို ၂၀-၁၀-၀၆ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး   IC (Iron Cross) အဖွဲ့ရဲ့ ဖျော်ဖြေပွဲကိုတော့ ၂၅-၁၀-၀၆ နေ့မှာ၂၅-၁၀-၀၆ နေ့မှာ Mandalay   Swan Hotel မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာများအရသိရပါတယ်...

ဟောဒီက ယူကြဦးမလား...

ဟောဒီက ယူကြဦးမလား... USB storage device တွေထဲကူးတဲ့ အကောင်လေး... လိုချင်တယ်ဆိုရင် ဒီနေရာကနေ ကလစ်လုပ်ပြီး ရယူပါ... သူ့ဘာသာသူ ထည့်ထားရင် ဘာမှ မဖြစ်ဘူး စိတ်ချပါ... zip ဖိုင်ကို ဖြေ... ထွက်လာတဲ့ MTH.exe ကို run လိုက်မယ် ဆိုရင်တော့ အလုပ်လုပ်ပါတယ်... ဘာလုပ်လဲဆိုတော့ USB memory stickတွေ အဲဒီကွန်ပျူတာမှာ တပ်လိုက်မယ်ဆို MTH.exe ဖိုင် အဲဒီ USB memory stick ထဲ ရောက်သွားလိမ့်မယ်... digital camera တပ်လည်း ရောက်မှာပဲ... Norton နဲ့ စစ်ကြည့်တယ် မသိဘူး... Trend Micro နဲ့စစ်ကြည့်တယ် မသိဘူးတဲ့... မြန်မာနိုင်ငံက တစ်ယောက်ယောက် ရေးထားတာ ဖြစ်နိုင်တယ်... အဲဒီ MTH.exe မန္တလေးမှာ တော်တော် ပျံ့နေတယ်ဆိုပဲ... MTH.exe ကို ဖျက်ချချင်တယ်ဆိုရင်... နောက်ထပ် USB storage device တွေထဲ မကူးချင်တော့ဘူး   ဆိုရင် ဒီလို လုပ်ပါ...   ၁. Task Manager ထဲဝင် Processes tab ကိုရွေး...   ၂. အဲဒီထဲမှာ iousb.exe ကို ရှာ... right click လုပ်ပြီး End process tree ကိုရွေး...   ၃. ပြီးရင် Windows explorer ထဲဝင်ပြီး c:WindowsSystem32 ကိုသွား iousb.exe   ကိုရှာပြီး ဖျက်ပြစ်လိုက်ပါ...

မန္တလေး-မုံရွာကားလမ်းပေါ်လည်း...

မန္တလေး-မုံရွာကားလမ်းပေါ်မှာ ရှိတဲ့ ညောင်ပင်ဝန်းအနီး ကားလမ်းပေါ်မှာလည်း ရေကျော်နေလို့ ဟိုဘက် ဒီဘက် ကူးလို့ မရဘူး ဖြစ်နေတယ်လို့ သိရပါတယ်...

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်နေတယ်လို့ မနေ့ကမှ ရန်ကုန်က ပြန်ရောက်သူ တစ်ဦးရဲ့ ပြောပြချက် သိရပါတယ်... ၎င်းင်းသည် ရန်ကုန်မှ ၈-ရက်နေ့ ညနေ ၅-နာရီ ထွက်ရှိသည့် ရန်ကုန်-မန္တလေး express ကားဖြင့် မန္တလေးသို့ ပြန်လာရာ လမ်းမတွင် ရေများကျော်နေသည့်အတွက် ၉-ရက်နေ့ နေ့လယ် ၁း၃၀-နာရီ လောက်မှ မန္တလေးသို့ ရောက်ရှိကြောင်းသိရသည်... မီးရထား ခရီးစဉ်များကိုလည်း ၉-ရက်နေ့မှ စပြီး ၅-ရက်တာ ရပ်နားထားကြောင်းလည်း မီးရထား ၀န်ထမ်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူထံမှ ကြားသိရပါသည်...
မောင်လှရေ... မှတ်ထားဦးကွ... အရှင်ကုမာရ ရေးတဲ့ Blog http://ashinkumara.blogspot.com/ နေးတစ်မြန်မာက Mr.White ရေးတဲ့ http://moeyanlwint.blogspot.com/ နေးတစ်မြန်မာက Ko Cho ရဲ့ လိပ်စာသစ် http://kyawthu.co.uk/mmblues/ KoolStar ရဲ့ http://dr-junior.blogspot.com/ မြတ်ဆု ရဲ့ http://flower.colorfulblog.com/ ကိုဂျစ် ရေးတဲ့ http://kyaw-zay-ya.blogspot.com/ ဖိုးချမ်း စုဆောင်းတဲ့ http://notes4pc.blogspot.com/ အခု ရှာရဖွေရတာ အကြိုက်ဆုံး ဖြစ်နေတဲ့ Google ရဲ့ http://www.searchmash.com/ .

ဖန်တုံးပုံစံ button လေးတွေ လုပ်ကြရအောင်...

၁- Rectangle tool ကို အသုံးပြုပြီး rectangle တစ်ခုဆွဲပါ... Layer နာမည်ကိုတော့ One လို့ပေး ပေးပါ... ၂- ပုံထဲမှာ ပြထားတဲ့ အတိုင်း Foreground colour ကို #2D4F9E (C:100 M:80 Y:0 K:0) , Background colour ကို #00ACEC (C:100 M:0 Y:0 K:0) ပြောင်းပေးပါ... ၃- One Layer ကို Layer palette ထဲမှာ select လုပ်ပေးပါ... ပြီးတော့ Gradient over lay effect (Layer Style) ကို ရွေးပြီး foreground colour ကနေ background colour Gradient ကို ထည့်ပေးပါ... ပုံမှာ ပြထားတဲ့ အတိုင်းပေါ့... အပေါ်က အပြာနုရောင် အောက်ကို တဖြည်းဖြည်း အပြာရင့်ရောင် ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့... ၄- ဒီ One Layer ကို duplicate layer လုပ်ပြီး Layer အမည်ကိုတော့ white လို့ ပေးပေးပါ... ၅- white layer ကို Layer Palette ထဲမှာ right click ခေါက်ပြီး clear layer style ရွေးပေးပါ... အဲ.. မေ့သွားလို့ အရောင်ကို အဖြူရောင် ပြောင်းပေးပါဦး... ၆- ဒီ white layer ရဲ့ opacity ကို 25% ထားပေးပါ... ဖြစ်လာမယ့် ပုံစံကို ပုံထဲမှာ ပြထားပေးတယ်ဗျာ... ၇ - One Layer ကို Bevel and Emboss effect ထည့်ပေးပါဦး... ထည့်ရင် တစ်ခုတော့ လုပ်ပေးဗျာ... shadow mode ကို screen ထားပြီး အရေ...

မန္တလေး နဲ့ မိုး .... မိုး နဲ့ မန္တလေး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... ကျတော်တို့အိမ်ထဲလည်း ရေတွေ ၀င်တယ်... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်...

Blogger Beta Template

Beta ရဲ့ template ကို ပြောင်းထားပါတယ်... ပြင်စရာတွေ ကျန်ပါသေးတယ်... အချို့ဟာတွေ ဘယ်နားမှာ သွားပြင်ရမှမှန်းလဲမသိဘူး ဖြစ်နေလို့ပါ... အမှားတွေ့ရင်၊ အဆင်မပြေတာတွေ့ရင် ပြောကြပါဦး...

လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ...

မြန်မာ ပြည်တွင်းမှာ ရှိတဲ့သူတွေရော ပြည်ပကလူတွေရော စုဝေးကြတဲ့ နေရာလေး တစ်ခုပါ... လာခဲ့ကြပါ... ၀င်ရောက် ဆွေးနွေးကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ...