Skip to main content

Posts

Showing posts with the label het

ထူးအိမ်သင် (HtooEainThin.com) web site အတွက် အလှူငွေ ထည့်ရအောင်

ထူးအိမ်သင် ( HtooEainThin.com ) web site အစဉ်အမြဲ ရေရှည် တည်တံ့နေစေရေးအတွက် အလှူငွေများကို အောက်ဖော်ပြပါ Make a Donation button ကို နှိပ်ခြင်းအားဖြင့် လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ My Labels: htooeainthin.com, het, htooeinthin,

ဟိုဟို ဒီဒီ ...

မနေ့က ဘောလုပ်ပွဲ ဟုတ်ပါဘူး... မှားသွားလို့ ဘောလုံးပွဲသွားကြည့်သည်... ကွင်းထဲဝင်တော့မယ် ဆိုမှ လက်မှတ် ဝယ်စရာမလိုတော့ဘူး ဆိုလို့ ပျော်လိုက်တာ... တကယ်တန်းကလည်း လက်မှတ် အလကားရလို့ သွားကြည့်တာပါ... လူက ၆-ယောက်၊ vip က ၂-စောင်၊ အထူးတန်းက ၁-စောင်၊ ရိုးရိုးတန်းက ၂-စောင် ကိုးလို့ ကန့်လန့် ဖြစ်နေတုန်း အလကား ကြည့်ခွင့်ပေးတော့ အထူးတန်းမှ အကုန် တက်ကြည့်ကြသည်... ကိုသခင်ကြီးကတော့ ဓာတ်ပုံတွေ အများကြီး ရိုက်သည်... ကျတော်ကတော့ ဇာနည် အီလက်ထရောနစ် ကလုပ်ထားတဲ့ LED မီးလုံးတွေနဲ့ လုပ်ထားတဲ့ TV ကို ကြည့်လိုက် မြန်မာ့ရုပ်မြင်သံကြားက ကင်မရာမန်းကို ကြည့်လိုက်နဲ့ အလုပ်တွေကို ဖြစ်လို့.... ခုရက်ပိုင်း မအားပါ... www.htooeainthin.com ကို အင်္ကျီအသစ် ပြန်ဝတ်ပေးနေရလို့ပါ... အားပေးကြပါဦး... အကြံပေးကြပါဦး...

New BETA Homepage http://www.HtooEainThin.com

ထူးအိမ်သင် website ကို ဒီဇိုင်းအသစ် ပြောင်းဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ... ရေးမယ် ကြိုးစားတိုင်း အခြား အလုပ်တွေ ဝင်လာတာနဲ့ မရေးဖြစ်လို့ ခုတော့ ပြီးသလောက်ရေးပြီး ဖြည်းဖြည်း ချင်း တင်သွားမယ် ဆိုပြီး ရှေ့ဆုံးကနေ အင်္ကျီထပ် ဝတ်ပေးလိုက်ပါတယ်... နောက်ထပ် စာမျက်နှာများကိုလည်း အသစ် ပြောင်းနိုင်အောင် ကျတော်တို့ အဖွဲ့ ကြိုးစားနေပါတယ်... ယခု homepage အသစ်မှာ ပုံထည့်သွင်းလိုသူများ Width: 570 x Height:425 pixels အရွယ်အစား အတွင်း ဝင်အောင် ဒီဇိုင်းလုပ်ပြီး [email protected] ကို ပေးပို့နိုင်ပါတယ်... အပြုသဘောဆောင်မယ့် ဝေဖန် အကြံပေးမှုများကို လက်ခံကြိုဆိုနေပါတယ်... ကျေးဇူးအထူးတင်ပါတယ်.... ချစ်ခြင်းအားဖြင့် မောင်လှ http://www.HtooEainThin.com