Skip to main content

Posts

Showing posts with the label Thingyan

ပိတောက်တွေ ပွင့်လေပြီ...

ဒီနေ့ မန္တလေးမှာ ပိတောက်တွေ ပွင့်လေပြီ... ရုံးက ကောင်မလေး တစ်ယောက် ပိတောက်ကိုင်းတွေ ကိုင်ပြီး ရုံးထဲဝင်လာလို့ ခွင့်တောင်းပြီး ရိုက်ထားတဲ့ ပုံပါ... အင်း.. သင်္ကြန် မန္တလေးမှာ ရှိမှာမဟုတ်ဘူးဆိုတော့ Service+ က ကိုရဲထွန်းအောင်တို့ ဦးစီးလုပ်နေတဲ့ http://thin-gyan.blogspot.com/ ကနေပဲ အလွမ်းပြေ ကြည့်ရတော့မှာပဲ... ဘာဖြစ်လို့လည်း မသိ... ခုနောက်ပိုင်း သင်္ကြန်လည်တာကို ဝါသနာမပါတော့... ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မေမြို့ (ခ) ပြင်ဦးလွင်မှာပဲ သွားနေခဲ့သည်... မေမြို့မှာ အေးအေးနဲ့ အိပ်လိုက် စားလိုက် ပျင်းရင် အပြင် မုန့်ထွက်စားလိုက်နဲ့ အပြတ်ကို ဇိမ်ယူပြစ်လိုက်သည်... သြော်... ဒါနဲ့စကားမစပ်... မြို့တော်ခန်းမမှာ Hip Hop Festival 2007 ဖျော်ဖြေပွဲ ဒီနေ့ရှိသည်... DJ Mann, J-Me, Sai Sai, YaTha တို့နဲ့ မိန်းခလေး အဖွဲ့ ၂-ဖွဲကလားမသိဘူးပါသည်... My Labels: Thingyan, သင်္ကြန်