Skip to main content

Posts

Showing posts with the label Photo

ဗိုလ်ချုပ် ပန်းခြံရောက်ခဲ့တယ်...

ဗိုလ်ချုပ် ပန်းခြံကနေ လှမ်းဖူးရတဲ့ ရွှေတိဂုံ စေတီတော် ဪ... ရွှေရောင်တောက်တဲ့ ကရဝိတ် Twin Tower ဒါလည်း ကရဝိတ်ပုံပါပဲ My Labels: Photo, Yangon, ဓာတ်ပုံ

ဒီနေ့ ရိုက်တဲ့ ဓာတ်ပုံတွေ

တံတား တစ်စင်း... ဘာကြီးလဲ...? ကုန်သည်ကြီးများ ဟော်တယ် ဆူးလေ... ဆူးလေ... သွားနေတဲ့ ကားပေါ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ... My Labels: Photo, Yangon, ဓာတ်ပုံ

မင်္ဂလာတံတားပါ ခင်ဗျ...

My labels: Photo, Mandalay, Night Sense, ဓာတ်ပုံ, Sedona Hotel

အဖိတ်နေ့ည၊ ကျုံးဘေး၊ မောင်လှနဲ့ အင်တာနက်မှာ ဒိုင်ယာရီမရှိတော့တဲ့ ကိုJL

အဖိတ်နေ့ညက ကိုJLရယ် ၊ ကျတော်ရယ် ၂-ယောက်သား ဓာတ်ပုံရိုက်ထွက်ဖြစ်တယ်... ဝေးဝေး လန်လန်သွားပြီးတော့ကို ရိုက်ကြတာ... ကျုံးဘေးပေါ့ဗျာ... ညနေ ၇-နာရီလောက်ကနေ စရိုက်တာ ည ၉-နာင်္ရီကျော်ထိပဲ ထင်ပါရဲ့ဗျာ... ပြီးတော့ ဘီယာသွားသောက်ကြတယ်လေ... ည ၁၀-နာရီလောက် ထင်ပါရဲ့... ဘီယာမသောက်တဲ့ လူမုန်းများတဲ့ နာမည်ကိုမှ အသံထွက်တူတဲ့ nick ယူထားတဲ့ baganNAT ရောက်လာတယ်... ည ၁၁း၃၀-နာရီမှ ဆိုင်ကနေ ပြန်လာဖြစ်တယ်... ကိုဂျေ့က ကျတော်နဲ့ လိုက်လာတာဆိုတော့ ပုဂံနတ်ကို ပြန်လိုက်ပို့ခိုင်းလိုက်တယ်... ကံကောင်းချင်တာပေါ့ဗျာ... မနက်ရောက်တော့ မိန်းမရဲ့ အကိုကြီးဆုံးက မင်း ဆိုင်ကယ်လာကြည့်ဦး ဆိုလို့ ကြည့်တော့မှ ဆိုင်ကယ် နောက်ဖောက် ကျိုးနေလေရဲ့ဗျာ... ရုံးဆင်းတော့ ဆိုင်ကယ်က ဒုတ်ကနဲ့မြည်တော့ ဘီးပေါက်တာလာ ဆိုပြီး ကြည့်ဖြစ်တော့ မဟုတ်တာနဲ့ ဒီအတိုင်းပဲ ဆက်စီး ဖြစ်တယ်... ဖောက်ကို သတိ မထားမိဘူး.. ကံကောင်းလို့ မသေတာ ကျတော်နဲ့ ကိုဂျေ ၂-ယောက်ပေါ့ဗျာ... ဒီပုံက လမ်းမပေါ်မှာ စက္ကူလေးခင်းပြီး ကင်မရာကို တင်ရိုက်ထားလို့ ထွက်လာတဲ့ ပုံလေး... စည်းကမ်းရှိ လိုက်ကြတဲ့ ကွမ်းစားသူတွေ ဟိုမှာ ကွမ်းထုတ်ထားတဲ့ ပလတ်စတစ်အိတ်... ဒါက မန္တလေး ဆီဒိုးနား ဟော်တယ်... My labe

ကောင်းကင်ပေါ် တက်မယ်

ကောင်းကင်ပေါ် တက်မယ်

စိတ်ချလက်ချ အိပ်ပါလေ

စိတ်ချလက်ချ အိပ်ပါလေ

ရွှေတိဂုံစေတီတော်

ကိုဘဦးစပြီး ဦးစီးလုပ်တဲ့ http://wpd-mm.blogspot.com/ အတွက် တင်ဖို့ ဓာတ်ပုံတွေ လိုက်ရှာရင်း၊ ပြင်ရင်းနဲ့ ဒီပုံကို ကျတော့်ရဲ့ ဘလော့မှာပါ မတင်ရသေးလို့ တင်လိုက်ပါတယ်... My Labels: Photo, ,ShweDagon Pagoda, ဓာတ်ပုံ, ရန်ကုန်

http://wpd-mm.blogspot.com

ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ် စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ် ၀ါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ် ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို ဤ Blog (http://wpd-mm.blogspot.com) ၌ တင်ပေးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြုကြရအောင်ဗျာ ........ My Labels: Photo, Mandalay News, Myanmar News,

လမသာတဲ့ မန္တလေး ကန်တော်ကြီးည...

version 1.0 version 2.0 မနေ့က ကျတော်ရယ်၊ ကိုသခင်ကြီး ရယ်၊ ဘုဃံဏက် ရယ် သုံးရောက်သား မန္တလေး ကန်တော်ကြီးကို ည ၈-နာရီလောက်ရောက်ခဲ့တယ်... လကလည်းမထွက် အလင်းရောင်ကလည်း ကောင်းကောင်း မရှိ၊ ပြီးတော့ ဒီလိုမျိုး ညဘက်ကို သေချာ မရိုက်ဖူးသေးတော့ ကင်မရာကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ရိုက်တာ ပုံ ၅၀-လောက် ရိုက်ဖြစ်တယ်... ကျတော့်အတွက် ကောင်းတယ်လို့ ပြောလို့ရတဲ့ပုံဆိုလို့ အခုဒီတစ်ပုံပဲ ရပါတယ်... ပုံ ၄-ပုံကို Photoshop CS3 မှာလည်း Merge to HDR လုပ်၊ ကိုဂျေ ပေးထားတဲ့ ဖိုတိုmatix သုံးပြီလည်း HDR လုပ်၊ လုပ်လို့ရလာတဲ့ HDR ပုံ ၂-ပုံကို Photoshop မှာပြန်ပြီး ပေါင်းထားတာပါ... My Labels: Photo, Mandalay, ဓာတ်ပုံ, Kandawgyi, Kantawgyi, ကန်တော်ကြီး

လှူပါရစေ...

ရွှေတိဂုံ ဘုရားပုံကို desktop ပေါ်မှာ wallpaper အဖြစ် အလွယ်တကူ အဆင်ပြေပြေသုံးနိုင်အောင် 1024 x 768 pixels အရွယ်အစားနဲ့ ပြုလုပ်ပေးထားပါတယ်... အခုမြင်နေရတဲ့ ပုံပေါ် ကလစ်ခေါက်ပြီး 1024 x 768 pixels အရွယ်အစားရှိတဲ့ ပုံကို ရယူပါ... My Labels: Photo, ShweDagon Pagoda, ရွှေတိဂုံ

ရွှေတိဂုံဘုရားကို ဖူးခဲ့တယ်...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေတိဂုံဘုရားကို ဖူးခဲ့ပါတယ်... သွားမယ် သွားမယ် ပြင်ရင်း ၂-ပတ်ကြာမှ ရောက်ပါတယ်... ဓာတ်ပုံ ပုံ-၇၀ လောက် ရိုက်ဖြစ်ခဲ့ပါတယ်... အလွန်အင်မတန်တော်လှတဲ့ မောင်လှရဲ့ လက်ထဲက ထွက်တဲ့ ဓာတ်ပုံတွေ တော်တော်များများကို မောင်လှ ကိုယ်တိုင် မကြိုက်ပါဘူး... အောက်ကပုံလေးတွေကတော့ ကြိုက်မိတဲ့ ပုံလေးတွေပါ... ဒီဓာတ်ပုံ ၃-ပုံကို ကြိုက်တဲ့နေရာမှာ ကြိုက်သလို ယူသုံးနိုင်ပါတယ်... My Labels: Photo, ShweDagon Pagoda

မောင်လှ ပြန်လာပြီ...

သင်္ကြန်တွင်း ထွက်ဖြစ်ခဲ့တဲ့ ခရီးမှာ အတူနေ အခန်းဖော် ဘကြီး ၂-ယောက်ဆီ သော့ပါသွားလို့ အိပ်စရာနေရာမရှိလို့ ရုံးက မန်နေဂျာ တစ်ယောက်ရဲ့ အခန်းမှာ ကပ်နေရင်း ပျင်းပျင်းရှိတာနဲ့ တံခါးဘောင်ပေါ် ကပ်တင်ပြီး ရိုက်ထားတာပါ... shutter speed မတူအောင် ထားရိုက်ထားတဲ့ ပုံ ၅-ပုံကို Photoshop ထဲက Merget to HDR နဲ့ ပြန်ပေါင်းထားတာပါ... ကဲ... ဘယ်မြို့ ဖြစ်မလဲ မှန်းကြည့်ကြပါဦး... မန္တလေး မဟုတ်တာတော့ သေချာပါတယ်... My Labels: Photo, Photoshop, Trip,

ရွှေစာရံ ဘုရားပွဲက ဓာတ်ပုံတွေ...

My Tags: Shwe sar yan, shwe zar yan, ရွှေစာရံ, မန္တလေး, Photo, Myanmar, Mandalay

Photos to Design

ပုဂံက ရှင်အဇ္ဈဂေါဏဘုရား (စာလုံးပေါင်း မှားနိုင်ပါတယ်) ရိုက်ထားတဲ့ ဒီပုံရယ်... ပုဂံ နန်းမြင့်မျှော်စင်မှာ ရိုက်ထားတဲ့ အပေါ်က ပုံရယ်... မန္တလေးအောင်တော်မူဘုရားမှာ ရိုက်ထားတဲ့ ဟော့ဒီပုံရယ် ပေါင်းစပ်ပြီး အောက်က ဖိတ်စာလေး ဖြစ်လာပါတယ်...

သဘောကျတယ်ဆိုတဲ့ ယာခင်း တဲပုံ...

အမှန်တကယ်က ယာခင်းတဲပုံ မဟုတ်ပါဘူး ခင်ဗျာ... ကောက်ရိုးပုံပါ... ကောက်ရိုးတွေကို တဲပုံသဏ္ဌာန် စုပုံထားတာပါ... ကြည့်လို့ကောင်းတယ် ဆိုတဲ့ ဒီပုံက ကျတော် တော်လို့မဟုတ်ပါဘူး... ကိုသခင်ကြီး ကြောင့်ပါ... ကျတော် ပုဂံမှာ ရိုက်လာတဲ့ ပုံတွေကို ကိုသခင်ကြီး သွားပြတော့ ဒီပုံလေးကို ဘယ်လို လုပ်ရင် ကောင်းမယ်... ဟိုပုံလေးကိုတော့ ဟိုလိုလေး လုပ်လိုက်ပါလား ဆိုပြီး ပြောပြလို့... ဒီကောက်ရိုးပုံလေးကို ကိုသခင်ကြီး ပြောပြတဲ့အတိုင်း cropping လုပ်ထားတာပါ... အောက်မှာ ယှဉ်ကြည့်ပေးပါဦး... Ko ThaKhinGyi's Blog (http://www.tkg-photographicdiary.blogspot.com/)

Bagan @ Pagan #2

My Tags: Pagan, Bagan, Myanmar, Photo, Sunset

Bagan @ Pagan

တရုတ်နှစ်သစ်ကူး ၃-ရက် ပိတ်လို့ ရုံးက မားကတ်တင်း မန်နေဂျာ စုံတွဲနဲ့အတူ ပုဂံကို အပန်းဖြေ ခရီး ထွက်ဖြစ်ပါတယ်... ကျတော် ခဏ ခဏ မရိုးပဲ သွားချင်တာ ပုဂံ ညောင်ဦးပါပဲ... ဘယ်လို သဘောကျမှန်း မသိပါဘူး... ကျတော့်ရဲ့ မဖြစ်ညစ်ကျယ် လက်ညှိုးလေးကွေးပြီး နှိပ်ထားတာတွေကို ကြည့်ရှုကြပါဦး... ကြိုက်တယ်ဆိုရင် ကျတော့်ကို ဓာတ်ပုံပညာတွေ ကြုံရင် ကြုံသလို သင်ပေးနေတဲ့ ကိုသခင်ကြီး ကို တပည့်လေး တော်ကြောင်း ပြောပေးပါ... မကောင်းဘူး ဆိုရင်တော့ အလွန်တရာ မှန်ဥာဏ်အား မကောင်းတဲ့ ကျတော့်ကို ပြောပါ... ဓာတ်မီးရှင် Tags: Pagan, Bagan, Myanmar, Photo, Sunset

တောင်ကြီးမြို့ကို အလည် တစ်ခေါက်ရောက်ခဲ့တယ်...

အလုပ်ကိစ္စနဲ့ တောင်ကြီးမြို့ကို အလည်ရောက်ခဲ့ပါတယ်... အရမ်းအေးမယ်လို့ ထင်ထားခဲ့ပေမယ့် ထင်သလောက် မအေးပါဘူး... မန္တလေးထက်စာရင်တော့ အေးပါသေးတယ်... ညဘက်နဲ့ မနက်ပိုင်းမှာတော့ အအေးပို ပါတယ်... ဖိနပ်ဝယ်ဖို့ လိုက်ကြည့်တာ ကြိုက်တာတွေ့တော့ ကျတော်နဲ့ တော်တာ မရှိတာနဲ့ပဲ သမီးလေးအတွက်ပဲ ဖိနပ်ဝယ်ဖြစ်ပါတယ်... ဓာတ်ပုံတွေလည်း ရိုက်ဖြစ်ခဲ့ပါတယ်... အချိန်မှီ သွားရမှာမို့ ကားပေါ်ကနေပဲ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တာများပါတယ်... ဒီ ၂-ပုံက ကားပေါ်ကနေ ရိုက်ထားတာပါ... တောင်ကြီးက ဘဏ်ကြီးတစ်ခု ရဲ့ ညဘက် အလှပါ... မြစိမ်းတောင်ပေါ်မှာရှိတဲ့ ရွှေဘုန်းပွင့် ဘုရားကနေ တောင်ကြီးမြို့ ရှုခင်းကို ရိုက်ထားတာပါ...

အောင်တော်မူဘုရား...

မနေ့က အောင်တော်မူဘုရားကို ရောက်ခဲ့ပါတယ်... အချို့ ဓာတ်ပုံလေးတွေ လက်တုန်လို့ ၀ါးသွားတာလေးတွေက သဘောကျစရာ ကောင်းလို့ တင်ထားတာပါ...