Skip to main content

Posts

Showing posts with the label MDY

D Corner V2 Robot သရုပ်ပြပွဲ

မနေ့က ကိုသခင်ကြီး ရယ်၊ ကျတော်ရယ်၊ ဘုဃံဏက် ရယ် Skywalk မှာ D Corner က လုပ်တဲ့ V2 စက်ရုပ်ပြပွဲနဲ့ IT ပစ္စည်းများ ပြပွဲကို ရောက်ခဲ့လေသည်... ဒီအပေါ် ၂-ပုံက D Corner က ကိုကျော်ကျော်က V2 စက်ရုပ် အကြောင်း ရှင်းပြနေတာပါ... အိမ်စောင့်နိုင်တယ်... စကားပြန်ပြောနိုင်တယ်... ဓာတ်ပုံရိုက်ရင် အိုက်တင်ပေးတတ်တယ်... ပစ္စည်းလှမ်းတောင်းတတ်တယ်... ဘယ်သွားမလဲဆိုတာ မေးတတ်တယ်... စိတ်တိုတတ်တယ်... ကတတ်တယ်... လူတွေရဲ့မျက်နှာကို လိုက်ကြည့်တတ်တဲ့ စက်ရုပ်ပါ... ညဘက်ဆို ၁၅-ပေ အကွာအဝေးမှာ လှုပ်ရှားမှုရှိရင် အချက်ပေးတယ်လို့ ဆိုပါတယ်... စိတ်ဝင်စားဖို့ကောင်းတဲ့ စက်ရုပ်လေးပါ... စက်ရုပ်တန်ဖိုးက ကျပ် ၁၀-သိန်း ဝန်းကျင် ဖြစ်ကြောင်း သိရပါတယ်... ကိုကျော်ကျော်က သူတကယ် ရောင်းချင်တာ စက်ရုပ်မဟုတ်ပါဘူးတဲ့... Digital Camera, နဲ့ TV Wii Game စက်တွေပါတဲ့... စက်ရုပ်က မန္တလေးကလူတွေ စိတ်ဝင်စားအောင်၊ မြင်ဖူးအောင် ယူလာတယ် ဆိုပါတယ်... အပေါ်က ပုံက သင်္ကြန်ကင်မရာပါ... ကျတော်တို့ကို D Corner က မမ တစ်ယောက် ရှင်းပြပေးနေတာပါ... Olympus က ထုတ်လုပ်တာဖြစ်ပြီး model ၂-မျိုး ရှိပါတယ်... ၁-မျိုးက ၅-သိန်း ဝန်းကျင်ဖြစ်ပြီး၊ နောက် ၁-မျိုးက ၆-သိန်း ဝန်းကျင်ပါ... လက်ေ

The First Mandalay DJ Concert

အခုပဲ Skywalk Shopping Mall ပေါ်က ပြန်လာခဲ့တာပါ... NativeMyanmar မှာ ကိုဂျေ (ခ) သခင်ကြီး သတင်းပေးလို့ The First Mandalay DJ Concert ပွဲကြည့်ပြီးပြန်လာတာပါ... DJ Yan Naing, DJ Mann, DJ Zay Ya Thaw, DJ Pauk, DJ KP နဲ့ မန္တလေးက အခြား ဒီဂျေများ၊ အကအဖွဲ့များ၊ Hip-Hop အဖွဲ့များ ပါပါတယ်... ဒီနေ့နဲ့ မနက်ဖြန် ၂-ရက်ကျင်းပမှာဖြစ်ပြီး... မနက် ၁၀ နာရီကနေ နေ့လယ် ၁-နာရီအထိ၊ ညနေ ၄-နာရီကနေ ည ၈-နာရီအထိ ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်... ဒါနဲ့စကားမစပ်ပါ... NativeMyanmar.com ဒိုမိန်း နည်းပညာဆိုင်ရာ ပြသနာတက်နေလို့ http://forums.myanmarcommunity.com/ ကို အသုံးပြုပြီး နေးတစ်ထဲ ဝင်ရောက်နိုင်ကြောင်းပါ... My labels: Mandalay News, MDY, Mandalay, Myanmar News, Burma News, DJ Show

ကိုအချစ်ကြမ်းပိုးကြီး (Love-bug) မင်္ဂလာဆောင်လေပြီ...

BaganNET forum မှာကတည်းက ရေးဖော်ရေးဖက်၊ NativeMyanmar.com မှာလည်း ရေးဖော်ရေးဖက် သူငယ်ချင်းကြီး၊ လူပျိုသိုးကြီး ကိုlove-bug မနေ့က မင်္ဂလာဆောင်လေသည်... နေးတစ်က ရေးဖော်ရေးဖက် သူငယ်ချင်းများ သွားကြလေသည်... ကိုသခင်ကြီးတော့ ရေနံချောင်းက မင်္ဂလာဆောင် သွားနေလို့ မတက်ရောက် နိုင်ပါ... သူငယ်ချင်းတို့ ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်နိုင်ပြီး သား သမီး မြေ မြစ် တီ တွတ် ကျွတ် ဆတ် များစွာဖြင့် အောင်မြင် ပျော်ရွှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာသော မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ပါစေသောဝ်...

... Mandalay & Pyin-Oo-Lwin (MayMyo) News ...

မန္တလေးမှာ ဘောလုံးပွဲရှိတယ်... Grand Royal က ဦးစီးကျင်းပပြီး မြန်မာ၊ အင်ဒို၊ မလေး (U23) ၊ မြန်မာ (U23) တို့ပါမယ့် Grand Royal ဖိတ်ခေါ် ဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇-ရက် ကနေ ၂၃-ရက်နေ့ အထိ မန္တလေးမြို့ ဗထူးကွင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပမယ်လို့သိရပါတယ်... ပြင်ဦးလွင် စိန်ရတုပွဲ... ဒီဇင်ဘာလ ၁၄-၁၈ ရက်အတွင်း ပြင်ဦးလွင် (မေမြို့) အမျိုးသားကန်တော်ကြီး ဥယျာဉ် စိန်ရတုပွဲတော်ကိုလည်း ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ်လို့ သတင်းရထားကြောင်းပါ...

သိလား

ဒါနဲ့ သိလားဗျာ... မန္တလေးကနေ ကျတော်တို့ Broadband သမားတွေသုံးတဲ့ 203.81.71.148 Proxy Server ကြီးက နေ၀င်ကြည့်လို့ မရဘူး ဖြစ်နေတယ်... ခုတောင် အခြား တစ်ခုကနေ ကျော်ခွဝင်နေရတယ် သိလား... ကိုသခင်ကြီး ဆီမှာ မင်္ဂလာမော်ဒယ်ရွေးပွဲ ဗီဒီယိုတွေ တင်ထားတယ်သိလား... ခုတလော မန္တလေးမှာ လျှပ်စစ်မီးတွေ ပြန်ပျက်နေပြီ သိလား... မန္တလေးမှာ မနက်ခင်းရောက်ရင် ချမ်းလာပြီ သိလား... ညီလင်းဆက် ရန်ကုန်ပြန်ရောက်နေတယ် သိလား...

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်နေတယ်လို့ မနေ့ကမှ ရန်ကုန်က ပြန်ရောက်သူ တစ်ဦးရဲ့ ပြောပြချက် သိရပါတယ်... ၎င်းင်းသည် ရန်ကုန်မှ ၈-ရက်နေ့ ညနေ ၅-နာရီ ထွက်ရှိသည့် ရန်ကုန်-မန္တလေး express ကားဖြင့် မန္တလေးသို့ ပြန်လာရာ လမ်းမတွင် ရေများကျော်နေသည့်အတွက် ၉-ရက်နေ့ နေ့လယ် ၁း၃၀-နာရီ လောက်မှ မန္တလေးသို့ ရောက်ရှိကြောင်းသိရသည်... မီးရထား ခရီးစဉ်များကိုလည်း ၉-ရက်နေ့မှ စပြီး ၅-ရက်တာ ရပ်နားထားကြောင်းလည်း မီးရထား ၀န်ထမ်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူထံမှ ကြားသိရပါသည်...

မန္တလေး နဲ့ မိုး .... မိုး နဲ့ မန္တလေး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... ကျတော်တို့အိမ်ထဲလည်း ရေတွေ ၀င်တယ်... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်...

ဓာတ်ပုံ

လမ်းမကြီး ဒီလောက်ကျယ်တာ ဦးဇင်းတို့လည်းလိုက်မယ်

www.ALPHAmandalay.com မှသည် www.mandalayALPHA.COM သို့...

မန္တလေး AIT (Alpha info-tech Co., Ltd.) ၏ web site လိပ်စာအား www.mandalayALPHA.com ဟု ပြောင်းလဲထားကြောင်း Alpha Computer ၏ တာဝန်ရှိသူ ကိုဇော်ရဲသူမှ ပြောကြားပါသည်... ယင်း Alpha Computer သည် ဇော်ဂျီမြန်မာ ယူနီကုဒ် စာလုံးကို ပူးတွဲတီထွင်သူ ဖြစ်ပြီး Gtalk သုံးပြုသူ မြန်မာလူမျိုးများ အတွက် Gtalk Myanmar add-ins ကို တီထွင် ထုတ်လုပ်ထားသူလည်း ဖြစ်ပါသည်...