Skip to main content

Posts

Showing posts with the label Bagan

သဘောကျတယ်ဆိုတဲ့ ယာခင်း တဲပုံ...

အမှန်တကယ်က ယာခင်းတဲပုံ မဟုတ်ပါဘူး ခင်ဗျာ... ကောက်ရိုးပုံပါ... ကောက်ရိုးတွေကို တဲပုံသဏ္ဌာန် စုပုံထားတာပါ... ကြည့်လို့ကောင်းတယ် ဆိုတဲ့ ဒီပုံက ကျတော် တော်လို့မဟုတ်ပါဘူး... ကိုသခင်ကြီး ကြောင့်ပါ... ကျတော် ပုဂံမှာ ရိုက်လာတဲ့ ပုံတွေကို ကိုသခင်ကြီး သွားပြတော့ ဒီပုံလေးကို ဘယ်လို လုပ်ရင် ကောင်းမယ်... ဟိုပုံလေးကိုတော့ ဟိုလိုလေး လုပ်လိုက်ပါလား ဆိုပြီး ပြောပြလို့... ဒီကောက်ရိုးပုံလေးကို ကိုသခင်ကြီး ပြောပြတဲ့အတိုင်း cropping လုပ်ထားတာပါ... အောက်မှာ ယှဉ်ကြည့်ပေးပါဦး... Ko ThaKhinGyi's Blog (http://www.tkg-photographicdiary.blogspot.com/)

Bagan @ Pagan #2

My Tags: Pagan, Bagan, Myanmar, Photo, Sunset

Bagan @ Pagan

တရုတ်နှစ်သစ်ကူး ၃-ရက် ပိတ်လို့ ရုံးက မားကတ်တင်း မန်နေဂျာ စုံတွဲနဲ့အတူ ပုဂံကို အပန်းဖြေ ခရီး ထွက်ဖြစ်ပါတယ်... ကျတော် ခဏ ခဏ မရိုးပဲ သွားချင်တာ ပုဂံ ညောင်ဦးပါပဲ... ဘယ်လို သဘောကျမှန်း မသိပါဘူး... ကျတော့်ရဲ့ မဖြစ်ညစ်ကျယ် လက်ညှိုးလေးကွေးပြီး နှိပ်ထားတာတွေကို ကြည့်ရှုကြပါဦး... ကြိုက်တယ်ဆိုရင် ကျတော့်ကို ဓာတ်ပုံပညာတွေ ကြုံရင် ကြုံသလို သင်ပေးနေတဲ့ ကိုသခင်ကြီး ကို တပည့်လေး တော်ကြောင်း ပြောပေးပါ... မကောင်းဘူး ဆိုရင်တော့ အလွန်တရာ မှန်ဥာဏ်အား မကောင်းတဲ့ ကျတော့်ကို ပြောပါ... ဓာတ်မီးရှင် Tags: Pagan, Bagan, Myanmar, Photo, Sunset