gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဖြူဖွေးသော အသားအရေ ဖြစ်အောင် ဖန်တီးခြင်း (Photoshop Tutorial)

  1. ပြင်မယ့် ဓာတ်ပုံကိုဖွင့်ပြီး ဓာတ်ပုံ layer ကို duplicate (Ctrl+J) လုပ်လိုက်ပါ… မူရင်း layer ကို org ၊ ပွားထားတဲ့ layer ကို white လို့ အမည်ပြောင်းပေးပါ...
  2. white layer ကို layer mask ထည့်ပြီး အနက်ရောင် ဖြည့်ပေးပါ...
  3. white layer ကို Layer Palette က blending mode မှာ Screen ပြောင်းပေးပါ...
  4. Foreground ကို အဖြူရောင်ရွေးပြီး Brush tool ကိုရွေးပါ... brush size ကိုတော့ အဆင်ပြေမယ့် အရွယ်အစားရွေးပြီး hardness ကိုတော့ 0% ပဲ ထားပေးပါ...
  5. Layer Palette ထဲက white layer mask ကို click ခေါက်ပြီး select လုပ်ထားပေးပါ...
  6. အသားအရေရှိတဲ့ နေရာတွေ၊ ပိုဖြူစေချင်တဲ့ နေရာတွေကို စုတ်တံ နဲ့ လိုက်ခြယ်တဲ့ အခါ ပိုမို ဖြူဖွေးတဲ့ အသားအရေ ဖြစ်လာတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်...


ပိုဖြူချင်ရင်တော့ white layer ကို duplicate ထပ်ပြီး လုပ်လိုက်ပါ... အခြားနည်းတွေနဲ့လည်း ပြင်လို့ရသေးတယ် ခင်ဗျ... အသားမည်းချင်ရင်တော့ layer blending mode ကို multiply ထားပေးပါ...

Comments

MgHla said…
Dear Sir
Pls insert following code in afer (body) line in template.
(body background="http:// iNSERT YOUR PICTURE URL IN HERE ")
e.g. (body background="http://photos1.blogger.com/blogger/2097/1099/1600/bg.0.jpg")
Pls change ( to < and ) to >

Thanks
MgHla
P.S. I'm very poor in English.

Ad