Skip to main content

Posts

မန္တလေးပတ်ဝန်းကျင်မှ ကျွန်တော်ကြိုက်သော၊ ကျတော် စားသော၊ ကျော့် သိသော စားသောက်ဆိုင်များ - ၁၊ ၂၊ ၃၊ ၎

••••••••••••••••••••••••••••••••••••••••••••••••• မန္တလေးပတ်ဝန်းကျင်မှ ကျွန်တော်ကြိုက်သော၊ ကျတော် စားသော၊ ကျော့် သိသော စားသောက်ဆိုင်များ - ၁၊ ၂၊ ၃၊ ၄ ••••••••••••••••••••••••••••••••••••••••••••••••• မန်ကျည်းရိပ် မြီးရှည် https://goo.gl/maps/Q1RLJzjAs2D2 • မုံညင်းချဉ်ကြိုက်တဲ့သူတွေ အတွက် မုံညင်းချဉ် ကောင်းကောင်းလေးချပေးတယ်။ မုံညင်းချဉ်သာမက မုံလာချဉ်ပါ ချပေးတယ်။ ဝက်ဆီဖက်ကြော်နဲ့ ဂျုံကြော်လေးတွေပါ ချပေးတယ်။ ဝက်သားကို အခေါက်၊ အသားတင်မက အစုံရတယ်။ စိုးစိုး မုန့်တီ https://goo.gl/maps/kiXb1YKp7YU2 • အထူးမိတ်ဆက်ပေးရန် မလိုပါ။ ရန်ကုန်အတွက် ပါဆယ် သယ်မယ်ဆို ရန်ကုန်အတွက် ပါဆယ် ယူမည်ဖြစ်ကြောင်း ကြိုမှာပါ။ တစ်ပွဲချင်းထည့်ဝင်တဲ့ တစ်မယ်ချင်းကို တစ်အိတ်ချင်းစီ ထည့်ပေးတယ်။ ၂၄-နာရီခန့် အထားခံတယ်လို့ ပြောပါတယ်။ တာမိုးကျော် ယူနန် စားသောက်ဆိုင် https://goo.gl/maps/LFuR9x5Q4K62 • ဆိုင် အပြင်အဆင် မလန်းပေမယ့် အရသာ အထူးကောင်းမွန်ကြောင်းပါ။ ပန်ဆိုင်း အကင်ဆိုင် https://goo.gl/maps/L4t8uSAneMo • အကင်အပြင်အဆင်က လင်းလင်း အကင်ဆိုင်လိုပါပဲ။ ထူးခြားချက်က ပဲနို့အခမဲ့တိုက်တယ်။ လင်းလင်း အကင်ဆိုင် h

Facer app သုံး Smart Watch Face တွေကို ဘယ်လို manually install လုပ်မလဲ...

ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ကျွန်တော် မောင်လှနှင့် မဆိုင်ပါကြောင်း ကြိုတင် ပြောထားပါရစေ... ပထမဦးဆုံး လုပ်ရမယ့် အလုပ်တွေက... Facer app ကို android wear Smart Watch နဲ့ ချိတ်ဆက်ထားတဲ့ android handset ထဲ install လုပ်ပြီး Smart Watch မှာ facer သုံး watch face တွေ ပြောင်းလို့ ရမရ စစ်ဆေးပါ... အလုပ်လုပ်တယ် ဆိုရင်တော့ ကျတော်လုပ်ထားတဲ့ MgHlaFacer.zip fileဖိုင်ကို ဒေါင်းပါ... မိမိရဲ့ ကွန်ပျူတာထဲမှာ adb install လုပ်ထားပါ... ကွန်ပျူတာနဲ့ smart watch ကို usb ကြိုးနဲ့ ချိတ်ဆက်ပြီး adb အလုပ် မလုပ် စမ်းသပ်ပါ... adb နဲ့ ချိတ်ဆက် အသုံးပြုနည်းကို http://corbindavenport.com/?p=167 လေ့လာပါ... facer app လည်း အလုပ်လုပ်ပြီ ကွန်ပျူတာနဲ့ smart watch ကို adb command သုံးပြီး ချိတ်ဆက်လို့ရပြီ ဆိုရင်... ကျတော် download လုပ်ခိုင်းထားတဲ့ MgHlaFacer.zip ဖိုင်ကို ကွန်ပျူတာနဲ့ Desktop ပေါ် ဖြည်ပါ... MgHlaFacer ဆိုပြီး desktop ပေါ်မှာ folder တစ်ခု ပေါ်လာပါလိမ့်မယ်... သူ့ရဲ့ path လမ်းကြောင်းက "C:\Users\MgHla\Desktop\MgHlaFacer" ဖြစ်ပါလိမ့်မယ်... MgHla နေရာမှာ မိမိ computer မှာ လတ်တလော အသုံြး

Asus ZenWatch 2, iPhone နှင့် မောင်လှ

စိတ်ပါရင်တော့ Android Handset နဲ့ ချိတ်ဆက်သုံးရင် ရတာတွေ ထပ်လုပ်ပါ့မယ်... ...

Intel Compute Stick အား စမ်းသပ်ခြင်း...

MS Office Excel, PowerPoint 2010, Adobe Photoshop CS3 Portable တွေကို စမ်းပြထားပါတယ်......

Intel Compute Stick ဘူးထဲမှာ ဘာတွေပါလဲ...?

Google Maps ကို အသုံးပြုပြီး လုပ်ငန်း တည်နေရာများအား ရှာဖွေခြင်း

ဒီ video ကတော့ Google Maps ကို အသုံးပြုပြီး hotel, restaurant, ATM လိုမျိုး လုပ်ငန်း တည်နေများ ရှာဖွေ လမ်းညွှန်ခိုင်းတဲ့ နည်းကို ပြောပြပေးထားပါတယ်...

Google Maps သုံးကြမယ်...

မိမိ ရောက်ရှိနေတဲ့ နေရာကို လမ်းညွှန်ချင်တာပဲ ဖြစ်ဖြစ်... နေရာ တစ်ခုခုကို အခြား တစ်ယောက်ကို လမ်းညွှန်ချင်တာပဲ ဖြစ်ဖြစ်... ဘယ်လို လုပ်ရမလဲဆိုတာကို ရှင်းပြထားပါတယ်... ကျတော့်ရဲ့ ပထမဆုံး video post ဖြစ်တဲ့ အတွက် သည်းခံပြီး ကြည့်ရှုနားဆင်ပေးကြပါ... ချစ်ခြင်းအားဖြင့် မောင်လှ  #GoogleMaps #Maps #Navigation

ကျော့် မှ မေတ္တာရပ်ခံခြင်း

မေတ္တာရပ်ခံခြင်း ||||||||||||||||||||||||| "ကျော့်" ဆိုတဲ့ အသုံးကို ကျော့် စသုံးခဲ့ပါတယ်... မြန်မာစာကို ဖျက်ဆီးသူ ကျော့်ပေါ့... "ကျော့" လို့ စသုံးခဲ့တယ်... မိန်းကလေးအမည်တွေမှာ "ကျော့" ပါတတ်လို့ မြန်မာစာမှာ မရှိတဲ့ စကားလုံး ဖြစ်တဲ့ "ကျော့်" ဆိုပြီး သုံးခဲ့တယ်... ယခုအခါ တချို့ ချို့တွေ "-့ " မပါဘဲ "ကျော်" ဟု သုံးနေတာတွေ တွေ့ရှိနေရပါတယ်... ယောက်ျားလေးအမည်များမှာ "ကျော်" ပါတတ်လို့ ကျော် လို့သုံးတာ ရပ်ပြီး "ကျော့်" သုံးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်... ခင်မင်စွာဖြင့် "ကျော့်" စာလုံးဖြင့် မြန်မာစာ ဖျက်ဆီးသူ မောင်လှ (ခ) ထင်လင်းအေး "ကျော့်" အသံထွက် စကားပြောကို စတင် သုံးစွဲသူမှာ ကျော့်တို့ချစ်ခင်လေးစားရတဲ့ rocker ကြီး လေးဖြူပါ... ကျတော် ကျော့်ကို သုံးတာထက် ပိုစောပါတယ်... ကျွန်တော် > ကျတော် > ကျော့်