Skip to main content

Posts

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.)

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.) Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်... Username: Admin (A ၁-လုံးတည်း အကြီးပါ) Password: zabbix ရိုက်ထည့်ပြီး Sign in ခလုတ်ကို နှိပ်ပါ... ပုံထဲကလိုမျိုးပေါ်လာပါလိမ့်မယ်... ပုံထဲကလို Global View မှာ ကိုယ့်ရဲ့ zabbix server မှာ ထည့်ထားတဲ့ device တွေရဲ့ အခြေအနေကို ပြပါတယ်... Monitor အလုပ်ခံမယ့် device တစ်ခုကို အရင်ဆုံး SNMP agent ဖွင့်ရအောင် Configure လုပ်ရအောင်ပါ... ကျော့်ဆီမှာရှိနေတဲ့  ရှေးဟောင်း Ubiquiti Loco M5 ထဲက SNMP agent  ရှိတဲ့နေရာကို လိုက်ရှာပါတယ်... ဟော Services ထဲမှာ SNMP Agent ကိုတွေ့ပါပြီ... SNMP Agent ကို Enable လုပ်ပါ... SNMP Community နေရာမှာ စာသားတစ်ခုခု ရိုက်ထည့်ပါ... SNMP Community ဆိုတာ အရေးကြီးပါတယ်... ဘာလိုလဲဆိုတော့ Monitor လုပ်မယ့် Server နဲ့ အလုပ်ခံမယ့် device တို့ကြားမှာ password လို PreShared Key လို အလုပ် လုပ်လို့ပါ

ကျော့်သိသမျှ Zabbix အကြောင်း -၃ (How to install Zabbix using Zabbix Appliance)

အခမဲ့ အသုံးပြုလို့ရတဲ့ VirtualBox ပေါ်မှာ မှာ ကျော့် Zabbix Appliance iso ဖိုင်ကို install လုပ်ပြမှာပါ... အရင်ဆုံး https://www.zabbix.com/download ကိုသွားပြီး Zabbix Appliance အောက်က Installation CD/DVD (.iso) ကို download လုပ်ထားပါ... VirtualBox ကိုဖွင့်ပါ... New ကို နှိပ်ပါ... ကျော့်ကတော့ ဒီလို ပေးပါတယ်... Name မှာ Zabbix, Type: Linux, Version: Ubuntu (64-bit) လို့ပေးပါတယ်... Type နဲ့ Version ကတော့ မှားပေးလို့ မရပါဘူး... ဘာလို့လဲဆိုတော့ Zabbix Appliance က Ubuntu 64-bit သုံးထားလို့ပါ... ကျန်တဲ့ အဆင်တွေကိုတော့ ဆက်မပြောတော့ပါဘူး... Zabbix ကို Install မလုပ်ခင် iso ဖိုင်ကနေ boot တက်ဖို့ ပြင်ရအောင်ပါ... Zabbix VM ရဲ့ Setings > Storage > Controller IDE: Empty ရဲ့ ညာဘက်မှာရှိတဲ့ Attributes > Optical Drive: IDE Secondary Master ရဲ့ ညာဘက်က CD icon ကို click လုပ်ပြီး Choose a disk file ကနေ download လုပ်ထားတဲ့ Zabbix Appliance iso ဖိုင်ကို ရွေးပြီး OK နှိပ်ပါ... Zabbix installation စဖို့အတွက် Zabbix VM ကိုရွေးပြီး Start ကို နှိပ်ပါ... ကျော့်က My

ကျော့်သိသမျှ Zabbix အကြောင်း - ၂ (Zabbix Installation)

https://www.zabbix.com/download ကိုဝင်ကြည့်မယ်ဆိုရင် Zabbix Installation နည်းလမ်းတွေကို မြင်ရပါတယ်... ကျော့်ကတော့ ကျော့်အတွက် အလွယ်ဆုံးဖြစ်တဲ့ Appliance နည်းနဲ့ပဲ Install လုပ်ခဲ့ပါတယ်... Installation လုပ်နည်း မပြောခင် Zabbix Installation နည်းလမ်းတွေ ကြည့်ကြည့်ရအောင်... Install from Packages  Install from Packages နည်းလမ်းကတော့ သက်ဆိုင်ရာ Linux OS တွေပေါ်မှာ Zabbix Installation လုပ်နည်းတွေပါ... သက်ဆိုင်ရာ OS ကို အရင် install လုပ်ထားရမှာ ဖြစ်ပါတယ်... ဥပမာ - ကိုယ်က Raspberry Pi ပေါ်မှာ Zabbix ကို Install လုပ်မယ်ဆိုပါတော့... Pi ပေါ်မှာ Raspbian OS ကို အရင် တင်ထားရမှာပါ... ပြီးရင် ကိုယ်တင်မယ့် Zabbix version ကို ရွေး >  Raspbian ကိုရွေး > OS Version ကိုရွေး > ကိုယ်သုံးမယ့် Database အမျိုးအစား ကိုရွေး > ကိုယ်သုံးချင်တဲ့ Web Server အမျိုးအစားကို ရွေးလိုက်မယ်ဆိုရင် 2 Install and configure Zabbix server for your platform အောက်မှာ Terminal မှာ Zabbix Install လုပ်ရမယ့် အဆင့်တွေကို ပြပေးထားပါတယ်... အဲဒီ အဆင့်တွေ အတိုင်း လိုက်လုပ်ပေးရမှာပါ... Zabbix Cloud Images Zabb

ကျော့်သိသမျှ Zabbix အကြောင်း - ၁

ကျော့်က Zabbix စပြီးသုံးတာ ၂-ပတ်ကျော် ၃-ပတ်လောက်ပဲ ရှိပါသေးတယ်... ဒါပေမယ့် အသုံးပြုရတာ အဆင်ပြေတဲ့ အတွက် Zabbix အကြောင်းကို မျှဝေပါရစေ... Zabbix ကို မြန်မာပြည်က Telecommunication ကုမ္ပဏီကြီးတွေ၊ ဘဏ်အချို့မှာ သုံးစွဲကြတယ်လို့လည်း သိရပါတယ်... Zabbix ဆိုတာဘာလဲ...? Zabbix ဆိုတာက Network Monitoring System တစ်ခုပါ... Network ထဲမှာ ရှိနေတဲ့ Devices တွေ Service တွေကို monitoring လုပ်လို့ရပါတယ်... အဲဒါတွေအပြင် IoT စနစ်တွေနဲ့ အခြားစနစ်တွေကို လည်း monitoring ပြုလုပ်လို့ရပါတယ်...  ဒီအပိုင်းမှာတော့ Zabbix.com web site ထဲမှာ ရေးထားတာတွေနဲ့ပဲ စလိုက်ရအောင်... အပေါ်ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲ... Zabbix ရဲ့ Experience က ၂၁-နှစ်ရှိပြီ Open Source ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုလို့ ရပါတယ်... တစ်ကမ္ဘာလုံးမှာ Zabbix အင်စတောလုပ်တဲ့ အရေအတွက် ၃-သိန်းကျော် ရှိပါတယ်တဲ့... အပေါ်ပုံကတော့ Zabbix ကို ယုံကြည်စိတ်ချတဲ့ လုပ်ငန်းတွေရဲ့ နာမည်ကြီး brand တွေပါ... Zabbix ကို အာကာသနဲ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လက်လီအရောင်း လုပ်ငန်းတွေ၊ စွမ်းအင်နဲ့ ဓာတုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေရေးကြေးရေး လုပ

LibreSpeed ဆာဗာ...

Internet/LAN/WAN Speed Test ဖို့ ကိုယ်ပိုင် server ထားချင်ရင် LibreSpeed က မဆိုးဘူး အတော်လေး အဆင်ပြေတယ်... ကိုယ့်ရုံးရဲ့ VPN ချိတ်ထားတဲ့ remote site နဲ့ HO site speed ဘယ်လောက်ရလဲ တိုင်းချင်ရင်လည်း သုံးလို့ရတယ်... LAN အတွင်းမှာ အင်တာနက် ရှိရှိ မရှိရှိ client နဲ့ sever ကြား speed ကို စစ်လို့ရတယ်... ဘယ်လို install လုပ်ရလဲ သိချင်ရင်တော့ https://github.com/librespeed/speedtest/blob/master/README.md မှာ ဖတ်ရှုပါ... ပုံထဲက ဒီဇိုင်းကာလာတွေက ကျော့်ပြန်ပြင်ထားတာပါ...

ကလေးတွေကို ဖုန်းအသုံးပြုခွင့် ပေးထားတဲ့ မိဘတွေ အတွက် Google Family Link

Google Family Link က ကလေးရှိပြီး ကလေးတွေကို ဖုန်းသုံးခွင့်ပြုတဲ့ မိဘတွေအတွက် အဆင်ပြေတယ်။ ပုံ တစ်ပုံချင်းရဲ့ အောက်မှာ description တွေရေးပေးထားပါတယ်။ စပြီး configuration လုပ်တဲ့အခါ ဖုန်းတိုင်းနဲ့ အဆင်မပြေပါဘူး။ ကျော့်လုပ်တုန်းက Mi Note 3 မှာ အဆင်ပြေပေမယ့် Mi Max Prime မှာ အဆင်မပြေဖြစ်ပါတယ်။ အဲဒါနဲ့ Mi Max Prime ကို custom ROM တင်တာတောင် ၃-ခုမြောက် ROM ကျတော့မှ အဆင်ပြေသွားပါတယ်။  မိဘအတွက်  https://play.google.com/store/apps/details?id=com.google.android.apps.kids.familylink&fbclid=IwAR1j8FL4lAmhaBfHxoFw33CqyZvzheZqMom1zumoNK34glvPQ83Iwk_HqrQ ကလေးအတွက် https://play.google.com/store/apps/details?id=com.google.android.apps.kids.familylinkhelper&fbclid=IwAR2WfG0bRo5jNuNKisOilNWPp-Un2jt3fTaIRw7D9ZsIFd_G5Z12u68jNl0 ဒါက မိဘတွေ သုံးရမယ့် Family Link app ပါ icon မှာ လေတံခွန် တစ်ခုပဲ ပါပါတယ်။ ကလေးအတွက် app မှာက လေတံခွန် အကြီးနဲ့ အသေး ၂-ခု ပါပါတယ်။ ဒါက Family Link for parent ထဲဝင်လိုက်ရင် မြင်ရမယ့် နမူနာပုံစံပါ။ ကလေး ၂-ယောက် account နဲချိတ်ထားလို ၂-ခု ပြနေတာပါ။