Skip to main content

Posts

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်... မန္တလေးမြို့ရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့ Barcamp Mandalay 2011 ကို ဖေဖော်ဝါရီလ ၁၂-၁၃ ရက်များမှာ ပုပ္ပား ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်... IT သာမက အကြောင်းအရာ မျိုးစုံတဲ့ barcamp ဖြစ်ခဲ့ပါတယ်... ၂-ရက်ပေါင်း တက်ရောက်သူ ၃၁၀၀-ကျော်ရှိခဲ့ပါတယ်...  ကျတော်တို့ ၁-ထောင်လောက်ပဲ တက်လိမ့်မယ်လို့ မှန်းထားခဲ့မိတာ မှားခဲ့ပါတယ်... ပြီးတော့ နေရာ ရွှေ့ပြောင်း ခဲ့ရတဲ့အတွက် ယခင်မှန်းထား သလို အခန်းကျယ်များ မပါရှိပဲ အခန်းကျဉ်းများသာ ဖြစ်ခဲ့တဲ့ အားနည်းချက် ရှိခဲ့ပါတယ်... barcamp Mandalay 2011 ဖြစ်မြောက်ဖို့ အဓိက ဦးစီး လုပ်ဆောင်ခဲ့တဲ့ မန္တလေး MCPA နှင့် MCIA မှ တာဝန်ရှိသူများကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ... ဒါနဲ့ စကားမစပ်... ၁၃-ရက်နေ့ ကျတော်လည်း lightroom အကြောင်းပြောဖို့ အတွက် projector ဆင်နေတုန်း မီးသတ်ကားတွေ ဖြတ်သွားလိုက်တာ မပြောပါနဲ့တော့... နောက်နေ့မှ သိရတာ ၂-နေရာမှာတောင်မှ မီးလောင်တယ်တဲ့ဗျ... ၁၄-ရက်နေ့ မနက် ၃-နာရီလောက်မှာလည်း တောင်မြို့သွားတဲ့ ဒေါ်သီသနပ်ခါး အကျော်ရှိတဲ့ ဈေးလည်း မီးလောင်သေးတယ်... ဒါနဲ့ စကားမစပ်... barcamp Mandalay 2011 ရဲ့ နောက်ဆက်တွဲ အောင်ြ

Lightroom Tutorial eBook

ကျတော့် ဘလော့မှာ ရေးဖူးတဲ့ Lightroom tutorial တွေကို pdf လုပ်ထားတာပါ... ပြီးပြည့်စုံမှု မရှိသေးပေမယ့် အခုမှ စသုံးမယ့်လူတွေ အတွက်တော့ အသုံးတည့်မယ်လို့ ထင်ပါတယ်... http://www.mghla.net/share/MgHla_Lightroom.pdf

BarCamp Mandalay 2011 ကျင်းပမည်...

မန္တလေးမြို့ရဲ့ ပထမဆုံး အကြိမ် ကျင်းပမှာ ဖြစ်တဲ့ BarCamp Mandalay 2011 ကို ယခင် သတ်မှတ်ထားတဲ့ အင်းဝ ဟိုတယ် အစား ၇၈-လမ်း၊ ၂၈-၂၉ လမ်းကြားမှာ ရှိတဲ့ ပုပ္ပား ဟိုတယ် မှာ ဖေဖော်ဝါရီလ ၁၂-ရက်နေ့နဲ့ ၁၃-ရက်နေ့မှာ ကျင်းပ ပြု လုပ်မှာ ဖြစ်ပါတယ်... အဲဒီ ၂-ရက်မှာ ကျင်းပမယ့် အချိန်က မနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ ကျင်းပမှာ ဖြစ်ပြီး တစ်နေလုံး အချိန်ပြည့် တက်ရောက် နိုင်သလို အချိန်ပြည့် မတက် ရောက်နိုင်ပါက မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဆွေးနွေးတဲ့ အချိန်များမှသာ သွားရောက် နားထောင် ဆွေးနွေးနိုင်ပါတယ်... မန္တလေး BarCamp အကြောင်း ပိုမို သိရှိလိုပါက http://barcampmandalay.org/about/ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်...  My Labels: BarCamp, ဘားကမ့်, Mandalay, Myanmar, Burma

အိမ်ပြန်ချိန်

My Labels: Photo, Taungdaman, U Pain, Mandalay, Myanmar, Burma

မန္တလေး ညရှုခင်း

မန္တလေး ညရှုခင်း မန္တလေးတောင်ပေါ်တက်ပြီး Star Trails ဓာတ်ပုံ တက်ရိုက်တာပဲ... ဒါပေမယ့် ကြယ်ပုံမရဘဲ မန္တလေးညရှုခင်း ပုံပဲ ရခဲ့တယ်... My Labels: Night Photography, Long Shutter, Mandalay, Myanmar, Burma, Photo

ကြယ်တွေ တကယ်ပြေးတဲ့ည

ကြယ်တွေ တကယ်ပြေးတဲ့ည ဒီပုံကတော့ အမှန်တကယ် ရိုက်ထားတဲ့ Star Trails ပုံပါ... စက္ကန့် ၃၀ ကြာရိုက်ထားတဲ့ပုံ ၅၈-ပုံကို stacking software နဲ့ပေါင်းထားတာပါ... စုစုပေါင်း exposure time 29min ရှိပါတယ်... My Labels: Star Trails Photo, Photography, Mandalay, Night Photograp့y

ဓာတ်ပုံ ၁-ပုံတည်းနဲ့ Star Trails ပုံဖြစ်အောင် ဘယ်လို လုပ်မလဲ...

ပထမဆုံး လိုအပ်တာကတော့ ကြယ်တွေပေါ်အောင်ရိုက်ထားတဲ့ ဓာတ်ပုံ ၁-ပုံပါ... ကျတော်ကတော့ အောက်မှာ ဖော်ပြထားတဲ့ ကျတော် ရိုက်ထားတဲ့ပုံကို သုံးပါ့မယ်... အနက်ရောင်ထဲမှာ အဖြူရောင် အစက်အပြောက်လေးတွေက ကြယ်တွေပါ... ဒီပုံကို ဖိုတိုshop မှာ ဖွင့်ပါတယ်... ၁. ပုံပါတဲ့ background layer ကို duplicate လုပ်ပါတယ်... (Control + J  နှိပ်ရင်လည်းရပါတယ်...) ၂. ရလာတဲ့ layer ကိုလည်း ထပ်ပြီး duplicate လုပ်ပါတယ်...  ၃. duplicate လုပ်လို့ရလာတဲ့ ဓာတ်ပုံ layer ကို Ctrl+T (free transform) လုပ်ပါတယ်... အပေါ်မှာပြထားတဲ့ ပုံထဲကအတိုင်း... ၄. (1)လို့ ဘဲဥပုံနဲ့ပြထားတဲ့ နေရာမှာ ပုံ angle ကို လိုအပ်သလို ပြောင်းပြီး (2)လို့ဘဲဥပုံနဲ့ပြထားတဲ့နေရာက Commit Transform ကိုနှိပ်ပါတယ်... ၅. (3)လို့ ဘဲဥပုံနဲ့ပြထားတဲ့ layer mode နေရာမှာ Lighten ကို ရွေးပါတယ်... ၆. အောက်ကပ်လျက်မှာ ရှိတဲ့ layer နဲ့ပေါင်းဖို့အတွက် Ctrl+E ကို နှိပ်ပါတယ်...  ၇. ကိုယ်လိုချင်တဲ့ star trails အရှည်ရသည်အထိ အဆင့်-၂ ကနေ အဆင့်-၆ အထိ ထပ်ကာ ထပ်ကာ လုပ်ပါ...       ကျတော်ကတော့ အပေါ်က ပုံအတိုင်း ရတဲ့အခါ ... အဆင့်-၈ ကို သွားပါတယ်... ၈. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း မူရင်းဓာတ်