Skip to main content

Posts

Mandalay Theme 01 for Sony Ericsson (240×320 pixels)

MgHla Mandalay Theme 01 screen size 240 x 320 pixels ရှိတဲ့ Sony Ericsson Mobile Phones တွေမှာ အသုံးပြုနိုင်တဲ့ ကျတော် လုပ်ထားတဲ့ Mandalay Theme 01 theme ပါ... ပုံပေါ် ကလစ် လုပ်ပြီး download လုပ်ယူနိုင်ပါတယ်... My Labels: Mobile Phone, handset

Zawgyi-One ကို ထောက်ခံကြ... Zawgyi-One ကို ဝန်းရံကြ...

အင်တာနက်တွင် မြန်မာလူမျိုးများ အသုံးအများဆုံးဖြစ်သော Zawgyi-One font ကို Burglish စနစ်ကို ရေးသားသူ ကိုစိုးမင်း http://www.soemin.net/ မှ Zawgyi-One 2009 version ကို ရေးသားနေပြီ ဖြစ်ပြီး စမ်းသပ် သုံစွဲနိုင်ပြီမှာ ၁-လခန့် ကြာပြီဖြစ်သည်... Zawgyi-One အဟောင်းများဖြင့် ရေးထားသော စာများကို Zawgyi-One 2009 အသစ်ဖြင့် ဖတ်ရှုနိုင်သည်... ရရစ် အကြီးအသေး၊ လုံးကြီးတင်ပါသော ရရစ်များ ရွေးချယ် နေရန်မလိုအပ်ခြင်း၊ ယခင်က အသုံးပြုသော အောက်ကမြင့် ၃-မျိုးရှိသော်လည်း အောက်ကမြင့် တစ်မျိုးတည်းဖြင့် အဆင်ပြေစွာ ပြောင်းလဲပေးခြင်း စသော လုပ်ဆောင်ချက် အသစ်များစွာ ပါဝင်နေသည်... Zawgyi-One 2009 အသစ် လက်ကွက် နှင့် font ကို http://newzawgyi.googlecode.com/svn/latest/ တွင် Download လုပ်နိုင်ပါသည်... အသေးစိတ် အချက်အလက်များနှင့် နောက်ဆုံး သတင်း ထုတ်ပြန်ချက်များကို ကိုစိုးမင်းရဲ့ http://www.soemin.net/ ဘလော့တွင် ဖတ်ရှုနိုင်ပါသည်... Zawgyi-One ကို ထောက်ခံကြ... Zawgyi-One ကို ဝန်းရံကြ... ကျတော် ချစ်သော Zawgyi-One... ချစ်ခြင်းအားဖြင့် မောင်လှ မှတ်ချက် - သင်၏ ဘလော့၊ သင်၏ web site ကို သင်ကြို

မန္တလေးမှာလေ... (Mandalay News + Gossips)

မန္တလေးမှာလေ... မိုးခေါင်ပြီး ပူလိုက်၊ အိုက်လိုက်တာလည်း မပြောနဲ့ဗျို့... ဒီဆောင်းတော့ အရမ်းကို အေးမလား မသိဘူး... မန္တလေးမှာလေ... ညနေ ၅-နာရီလောက်စပြီး မနက် ၅-နာရီလောက်အထိ မီးလာနေတာ အနည်းဆုံး ၁၀-ရက်လောက်ရှိနေပြီ... ဒါပေမယ့် ညနေ ၇ - ၉ နာရီ အတွင်းတော့ ခဏ ခဏ မီးပျက်တတ်တယ်... ညဦးပိုင်းတွေမှာ မီးအားလည်း နည်းတယ်... နေ့လည် ဘက်တွေကတော့ ပုံမှန် ၆-နာရီလာ ၁၂-နာရီ ပျက် အလှည့်အတိုင်းပဲ သွားနေတယ်... ဘာပဲ ပြောပြော မီးလာနေတော့လည်း စိတ်ချမ်းသာရတာပေါ့... မန္တလေးမှာလေ... ကြွတ်ကြွတ်အိတ် အသုံးပြုခွင့် ကန့်သတ်လိုက်တယ် ဆိုတာ သိကြပြီးသား ဖြစ်မှာပါ... အစပိုင်းမှာတော့ အသုံးပြုမှုရပ်တန့် သလောက် ရှိခဲ့သော်လည်း ဂျာနယ်များမှာ ဒဏ်ရိုက်မှု မရှိသေးကြောင်း သတင်း များ ထွက်ပေါ်လာပြီး နောက်ပိုင်း အချို့ဆိုင်များဟာ ကြွတ်ကြွတ်အိတ်ကို ဆက်လက် သုံးစွဲလာကြတာကို တွေ့ရပါတယ်... ကြွတ်ကြွတ်အိတ် အမျိုးအစားကို နိုင်လွန်အိတ်လို့ ခေါ်ဝေါ် သုံးစွဲနေကြပါတယ်... စည်းကမ်း လိုက်နာတဲ့ ဆိုင် အများစုကတော့ recycle ပြန်လုပ်နိုင်တဲ့ ပလတ်စတစ် အကြည်အိတ်များကို ကြွတ်ကြွတ်အိတ် ပုံစံမျိုး လက်ကိုင်ပါ အိတ်များ အသုံးများကြောင်းပါ.

ကျတော် သဘောကျ မိတာလေးတွေ...

Nikon က Nikon D300s နဲ့ Nikon D3000 Digitial Camera အသစ် ၂-မျိုးကို ထုတ်လိုက်ပြန်လေပြီ... Nikon D5000 camera ပိုင်ရှင်ဆိုရင်တော့ ဒါလေး သွားဖတ်ပါဦး... PC hardware ပေါ်မှာ Mac OS တင်ချင်တော့ အကောင်းဆုံး လမ်းညွှန်ချက်တွေ ဖတ်နိုင်တဲ့ forum လေးပါ [How to] Boot your real Windows partition with Parallels on Hackintosh - InsanelyMac Forum ... ဒီဓာတ်ပုံတွေ လည်း မိုက်တယ် ... ဒီဓာတ်ပုံတွေ လည်း မိုက်တာပဲဗျ... ဒီမှာလေ Nikon D40 နဲ့ ရိုက်ထားတဲ့ ပုံတဲ့ဗျာ... Nikon D700 ကြော်ငြာ တဲ့ဗျာ... သူ့ရှေ့က ဖြတ်သွားရင် flash မီးတွေ ပွင့်တယ်တဲ့... 20 Incredible Photo Manipulation Examples ဆားချက်ခြင်း အလုပ် ဒီတွင်ပြီး၏... My Labels: Photo, Links, Camera, Mac OS, Apple

Wireless အလှူပေးတာ ကာကွယ်ရအောင်...

အိမ်တွေ ရုံးတွေမှာ အင်တာနက် တပ်ကြတယ်... အင်တာနက်လိုင်းကို ခွဲသုံးဖို့ အတွက် Router ဝယ်တပ်ကြတယ်... ဝယ်တပ်လိုက်တဲ့ Router က Wireless (WiFi) ပါတယ်... Wireless လည်း သုံးချင်တယ် လုံခြုံအောင် ဘယ်လို ပိတ်ရမှန်းမသိတော့ default setting အတိုင်း သုံးကြတယ်... ဟော ဘေးပတ်ဝန်းကျင်က လူတွေပါ ကိုယ့်ရဲ့ wireless ကို အလွယ်တကူ မိပြီး ကိုယ့်ရဲ့ အင်တာနက်ကိုပါ သုံးလို့ရရော... ကျတော်တောင် ဒီပြီးခဲ့တဲ့ သင်္ကြန်တုန်းက အိမ်နားက လှူပေးတားတဲ့ Wireless လေးနဲ့ အလုပ်ဖြစ်လိုက်သေးတယ်... အဲဒီလို default setting တိုင်း တပ်ထားတဲ့ wireless တွေမှာ လုံခြုံမှုရှိအောင် လုပ်နည်းလေး ပြောပါ့မယ်... လတ်တလော ကျတော် သုံးဖြစ်နေတဲ့ SMC wireless router ပေါ်မှာ အခြေခံပြီး ပြောပါ့မယ်... Wireless router/access point တစ်ခုနဲ့ တစ်ခု setting ချရတာ သိပ်မကွာပါဘူး... ၁. ကျတော်တို့ wireless router ကို setting လှမ်းပြင်မယ့် ကွန်ပျူတာနဲ့ wireless router ကို network cable ကြိုးနဲ့ ချိတ်ဆက်ပါ... ၂. wireless router ရဲ့ default IP address ကို သိအောင်လုပ်ပါ... SMC wireless router မှာ 192.168.2.1 ပါ... ကွန်ပျူတာရဲ့ Cable ကြိုးနဲ့ ချိတ်ဆက်ထားတဲ့ LAN card ရဲ့

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News) MNL Cup 2009 မှာ ပထမဆုဒိုင်းကို ထိုက်တန်စွာ ဆွတ်ခူးရရှိတဲ့ မန္တလေး အခြေစိုက် Yadanarbon FC ဘောလုံးအသင်းရဲ့ Official Website http://www.yadanarbonfc.com/ ဟာ အင်တာနက်မှာ တရားဝင် ပေါ်ပေါက်လာဖြစ် ဖြစ်ပါတယ်... ဒီ Official website မပေါ်ပေါက်ခင်ကတည်းက Yadanarbon FC fan များ ကလည်း Yadanarbon FC fan website ရေးသားနေကြတယ်လို့ သတင်း ရရှိကြောင်းပါ... ဒါပေမယ့် အခုအချိန်အထိ အင်တာနက်ပေါ် လွှင့်တင်ထားခြင်းကို မတွေ့ရသေးပါဘူး... မန္တလေးမှာ... (Mandalay Gossips) လူသတ်မှုဖြစ်တယ်လို့ ကောလာဟလ ထွက်ရှိလာပြန်ပါတယ်... ဒေးဝန်းထဲမှာ ရှိတဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သုံးလောင်းပြိုင် လူသတ်မှု ဖြစ်တယ်လို့ ကြားရှိရပါတယ်... ပြီးခဲ့တဲ့ လအတွင်းကလည်း အလယ်တန်းအရွယ် ကျောင်းသူသတ်မှု၊ စင်တင် တစ်ခုက ဝိတ်တာကို သတ်မှုများ ဖြစ်ပေါ်ခဲ့တဲ့တယ် ကောလာဟလ ကြားရှိခဲ့ရပါတယ်... မန္တလေးမှာ... (Mandalay Weather News) မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီဥတု သာယာခဲ့ပြီး အခု သုံး - လေး ရက်တွင်း ပူပြင်းတဲ့ ရာသီဥတု ပြန်လည် ဖြစ်နေပါတယ်... အပူချိန်ဟာ နေ့ဘက်တင်မက ညဘက်ပါ ပူပြင်းလှပါတယ်... မန္တလေးမှာ..

ပုဂံကို ရောက်ခဲ့သေးတယ်...

၂၀၀၈ နိုဝင်ဘာတုန်းက သခင်ကြီးရယ် ကျတော်ရယ် ပုဂံနက်ရယ် ပုဂံသွားခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်... အဲဒီတုန်းက ကျတော်တို့ လှုပ်ရှားမှုတွေကို သခင်ကြီးက သူ့ရဲ့ Nikon P5100 နဲ့ movie မှတ်တမ်းတင်ခဲ့တယ်... သခင်ကြီးက အဲဒီ video ဖိုင် ကို FaceBook မှာ အခုပြီးခဲ့တဲ့ June လတုန်းက တင်လိုက်တယ်... အဲဒါကို ဆြာရဲလွင်ဦး က သဘောကျတော် မူပြီး ကျတော်တို့နဲ့ အတူ ပုဂံသွားချင်တယ်ဆိုလို့ ပြီးခဲ့တဲ့ လတုန်းက ပုဂံ ရောက်ခဲ့တယ်... ရဲလွင်ဦး က ရန်ကုန်ကနေ ပုဂံလာ၊ ကျတော်နဲ့ သခင်ကြီး က မန္တလေးက နေ ပုဂံသွားပေါ့... သတ်မှတ်ထားတဲ့ ရက်မှာ ကျတော် အလုပ်မပြီးတာနဲ့ သခင်ကြီး ကို တစ်ယောက်တည်း သွားခိုင်းပြီး နောက်တစ်ရက် လိုက်ခဲ့ပါ့မယ်လို့ အကြိမ်ကြိမ် ကတိပေးပြီး နောက်တစ်ရက်ကျမှ ကျတော် ပုဂံ သွားဖြစ်တယ်... ရထားနဲ့ ပုဂံကို တစ်ယောက်တည်းသွား... အလုပ်ပင်ပန်းလို့ အိပ်လိုက်သွားတာ ကျတော် အိပ်ယာနိုးတော့ ရထားတစ်တွဲလုံးမှာ ကျတော် အပါအဝင် လူ ၆-ယောက်လောက်ပဲ ကျန်တော့တယ်... တော်တော်များများက မြင်းခြံမှာ ဆင်းကြတယ်တဲ့လေ... ပုဂံရောက်တော့ သခင်ကြီးနဲ့ ရဲလွင်ဦးတည်းတဲ့ မေခလာ တည်းခိုခန်းကိုသွား... သူတို့ အိပ်ယာ မထကြသေးလို့ မနည်းနှိုးလိုက်ရတယ်... ပုဂံမှာ မြင်းလ