Skip to main content

Posts

Myanmar Software Conference

Myanmar Computer Professionals Association (MCPA, Mandalay) No.304,Rayworld Complex, Bet 32nd Street & Zaw Ti Ka Street , Bet.77th Street & 78th Street Mandalay, Ph:09- 6806311, 6806511, 6806911 (Ext-207), email.address . [email protected] ======================================================================== သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံတွင် ITနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)က ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အသင်းခွဲများဖွဲ့စည်းပြီး ရည်ရွယ်ချက်များကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်ရန် အလေးထား ကြိုးစား ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (မန္တလေးတိုင်း) သည် ကွန်ပျူတာနည်းပညာ ပြန့်ပွားရေး၊ ကွန်ပျူတာကိုတွင်ကျယ်စွာ အသုံးပြုလာရေး၊ အဆင့်မီ ကွန်ပျူတာပညာရှင်များ ပေါ်ထွက်လာရေးတို့အတွက် နည်းပညာ ဟောပြောပွဲများကို အခါအားလျော်စွာ ကျင်းပပေးလျှက်ရှိပါသည်။ ဤဟောပြောပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း က မန္တလေးတိုင်းအတွက် ကမကထပြု စီစဉ်

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News) ရာသီဥတုက အရမ်းကို ပူတယ်... မနက် ရုံးမလာခင် ရေချိုး၊ ညနေ ရုံးပြန်ရောက် ရေချိုး တာနဲ့တောင် မလုံလောက်ချင်တော့ဘူး... အိပ်ခါနီးတောင် ရေချိုးရတော့မယ် ထင့်ပါ့ဗျာ... ကလေးတွေလည်း ပူလွန်းလို့ ည ည မအိပ်နိုင်ကြဘူး... ရာသီဥတု ပူလို့ထင်ပါရဲ့ သက်ကြီးရွယ်အိုတွေ ဖိတ်စင်တာတွေ ကြားနေရတယ်... သူငယ်ချင်း အဖွားတောင် မနေ့က ဆုံးသွားတယ်... မန္တလေးမှာ... (Mandalay News) သိပြီးသား ဖြစ်ကြမှာပါ... ဒီလ ၂၁-ရက်ကနေစပြီး မန္တလေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တော့မှာပါ... ရောင်းချသူရော သုံးစွဲသူရောပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တာကိုတော့ ကြိုဆိုပါတယ်... ချက်ချင်းကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတော့ ကြွတ်ကြွတ်အိတ် နဲ့ အသားကျနေတဲ့ မြို့သူ မြို့သားတွေနဲ့တော့ ခက်တော့မှာပဲ... လက်ဖက်ရည်ဝယ်သွားမယ်ဆို ခါတိုင်းလို လက်ဗလာကြီး သွားလို့ မဖြစ်တော့ဘူး ကြွတ်ကြွတ်အိတ် မထွန်းကားခင်ကလို တလုံးချိုင့်လေး ယူသွားမှရတော့မယ်... ယခင်နှစ်ကလည်း ကွမ်းယာကို ပလတ်စတစ်အိတ်နဲ့ထုပ် ပေးခြင်းကို ကန့်သတ် ခဲ့ပေမယ့်လည်း အခုအချိန်အထိ

မှတ်ထားဦးမှ... (IT Tips and Tricks)

» Symantec Endpoint ပရိုတက်ရှင်း (client) နဲ့ Symantec Endpoint ပရိုတက်ရှင်း မန်နေဂျာ (server) ချိတ်လား မချိတ်လား သိချင်ရင် Symantec Endpoint ပရိုတက်ရှင်း တင်ထားတဲ့ client ရဲ့ Internet Browser မှာ http://ဆာဗာလိပ်စာ-or-ip-address/secars/secars?hello,secars ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ... OK. လို့ပြန်ပြရင် ဆာဗာနဲ့ client ချိတ်ဆက်မှု ရှိတယ်... » Symantec Endpoint ပရိုတက်ရှင်းမှာ definition update လုပ်မယ်ဆိုရင် http://www.symantec.com/business/security_response/definitions/download/detail.jsp?gid=savce က .jdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec\Symantec Endpoint Protection Manager\data\inbox\content\incoming အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်... » Symantec Antivirus Corporate Server မှာ definition update လုပ်မယ်ဆိုရင် အပေါ် URL ထဲက .xdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec AntiVirus အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်... My Labels: AntiV

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ကျတော့် ဘလော့တွင် အောက်ပါအတိုင်း ကြေငြာထားသော်လည်း ပြည်တွင်းဂျာနယ် အချို့သည် အသိမပေး အကြောင်းမကြားဘဲ သုံးစွဲနေသည့်အပြင် ကျတော့်အား နစ်နာစေနိုင်သည့် အရေးအသားမျိုးနှင့်ပါ ရေးသား နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရပါသည်... “မောင်လှ ဖန်တီးထားသော စာများ၊ ပုံများ၊ ဒီဇိုင်းများနှင့် ဖန်တီးမှုများကို လွတ်လပ်စွာ အခမဲ့ အသုံးပြုနိုင်သည်။ သို့သော် စီးပွားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စီးပွားရေးဆန်သော လုပ်ငန်းများနှင့် သတင်း မီဒီယာ အမျိုးမျိုးတွင် အသုံးပြုမည်ဆိုပါက အသုံးပြုခွင့် ကြိုတင်တောင်းခံကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။” ဒါနဲ့စကားမစပ်... ကျတော်တို့ မန္တလေးမှာလေ မိုးရွာလိုက်၊ နေပူလိုက်နဲ့ပေါ့ဗျာ... ဇွန်လ ၁-ရက်နေ့ မနက် ကျောင်းဖွင့်ချိန်မှာ မိုးတွေသည်းလို့ ကျောင်းစတက်မယ့် ကလေးတွေလည်း ရှိုးစမိုးနဲ့ ကျောင်းကို မသွားနိုင်ဘူး ဖြစ်နေတယ်... မိုးရွာပေမယ့်လည်း အပူချိန်ကတော့ ပူနေမြဲပဲ... ဒါနဲ့စကားမစပ်... လောကအလှ မဂ္ဂဇင်း က အင်တာဗျူးများကို ပြည်တွင်းထုတ် Personal Computer မဂ္ဂဇင်းက မည်သည့် ခွင့်ပြုချက်မှ တောင်းခံခြင်း၊ အကြောင်းကြားခြင်းမရှိဘဲ အသုံးပြုထားသည့် အတွက် လောကအလှ အယ်ဒီတာ အဖွဲ့မှ

မန္တလေးတောင်ပေါ်တက်ခဲ့တယ်...

ကင်မရာ စကိုင်ကတည်းက မန္တလေးတောင်ပေါ်ကနေ ဓာတ်ပုံမရိုက်ဖူးသေးလို့ ချိန်းတိုင်း မရောက်ဖြစ်တာနဲ့... ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုဂျေ (ခ) သခင်ကြီး ၊ ညီမင်းစံ (ခ) ပုဂံနက် ၊ ဗိုလ်အောင်ဒင် ၊ ညီညီ ၊ ကိုရှုမောင် တို့နဲ့အတူ မန္တလေးတောင်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်... မန္တလေးတောင်ပေါ်မှာ DJ Clean တို့နဲ့ပါ ဆုံခဲ့သေးတယ်... မိုးသားတွေ တက်လာမှန်း သိပေမယ့်လည်း မရောက်ရောက်အောင် သွားခဲ့တယ်... ဓာတ်ပုံရိုက်နေတုန်း သိပ်မကြာပါဘူး... မိုးတွေ ရွာချလာတယ်... ညဘက်ဆက်ရိုက်ချင်လို့ မိုးတိတ်မလား စောင့်နေတာ ဆိုင်ကယ်အပ်ခံတဲ့ ကောင်လေးတွေက ကျွန်တော်တို့ ပြန်ချင်လို့ပါ အကိုတို့ ဆိုင်ကယ်တွေ ဇတ်သော့လာခတ်လှည့်ပါဆိုလို့ မထူးပါဘူးဆိုပြီး မိုးသည်းသည်းထဲမှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ရတယ်... ရွာလိုက်တဲ့မိုး... သည်းလိုက်တဲ့မိုး... Mandalay Panorama from Mandalay Hill [ Click Photo for Large Size ] ပြိုတော့မယ် မိုးတိမ်တောင် My Labels: Photo, Mandalay Hill

လယ်ယာတောဆီ ချီတက်စဉ်...

My Labels: Photo, Ava City, Innwa City, အင်းဝ, အဝ

ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် (Mandalay News)

ဒီနေ့ မနက်ကျင်းပခဲ့တဲ့ ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် ကိုရောက်ခဲ့ပါတယ်... နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းကတော့ နိုင်ငံတော် အဆင့် ကျင်းပခဲ့တယ်လို့ သိရပြီး အခု နှစ် ၁၅၀ပြည့်ကတော့ တိုင်းအဆင့်သာ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်... အခမ်းအနား ဘယ်အချိန် စမယ်မသိတော့ စာနယ်ဇင်းသမားတွေကို မေးကြည့်တော့မှ မနက် ၈-နာရီ စမယ်လို့ သိရတာနဲ့ ရုံးက နေ့တဝက်ခွင့်ယူပြီး အပြေးလေးသွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ... ရှေးမြန်မာမင်းများ လက်ထက်ကအတိုင်း ဝင်းခင်းရာမှာ မြင်းများကို မြင်းအစစ်သုံးခဲ့ပေမယ့် ဆင်များကိုတော့ ကျောက်ဆည် အရုပ်ဆင်များကိုသာ အသုံးပြု ခဲ့ပါတယ်... ဆင်အစစ်များ အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း လာကြည့်တဲ့ ပရိတ်သတ်ကို ဆင်များကြောက်လှန့် ထွက်ပြေးမှာစိုးတဲ့ အတွက် အရုပ်ဆင်များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်... My Labels: Mandalay News, Burma, Myanmar, News,