Skip to main content

Posts

မန္တလေးတောင်ပေါ်တက်ခဲ့တယ်...

ကင်မရာ စကိုင်ကတည်းက မန္တလေးတောင်ပေါ်ကနေ ဓာတ်ပုံမရိုက်ဖူးသေးလို့ ချိန်းတိုင်း မရောက်ဖြစ်တာနဲ့... ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုဂျေ (ခ) သခင်ကြီး ၊ ညီမင်းစံ (ခ) ပုဂံနက် ၊ ဗိုလ်အောင်ဒင် ၊ ညီညီ ၊ ကိုရှုမောင် တို့နဲ့အတူ မန္တလေးတောင်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်... မန္တလေးတောင်ပေါ်မှာ DJ Clean တို့နဲ့ပါ ဆုံခဲ့သေးတယ်... မိုးသားတွေ တက်လာမှန်း သိပေမယ့်လည်း မရောက်ရောက်အောင် သွားခဲ့တယ်... ဓာတ်ပုံရိုက်နေတုန်း သိပ်မကြာပါဘူး... မိုးတွေ ရွာချလာတယ်... ညဘက်ဆက်ရိုက်ချင်လို့ မိုးတိတ်မလား စောင့်နေတာ ဆိုင်ကယ်အပ်ခံတဲ့ ကောင်လေးတွေက ကျွန်တော်တို့ ပြန်ချင်လို့ပါ အကိုတို့ ဆိုင်ကယ်တွေ ဇတ်သော့လာခတ်လှည့်ပါဆိုလို့ မထူးပါဘူးဆိုပြီး မိုးသည်းသည်းထဲမှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ရတယ်... ရွာလိုက်တဲ့မိုး... သည်းလိုက်တဲ့မိုး... Mandalay Panorama from Mandalay Hill [ Click Photo for Large Size ] ပြိုတော့မယ် မိုးတိမ်တောင် My Labels: Photo, Mandalay Hill

လယ်ယာတောဆီ ချီတက်စဉ်...

My Labels: Photo, Ava City, Innwa City, အင်းဝ, အဝ

ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် (Mandalay News)

ဒီနေ့ မနက်ကျင်းပခဲ့တဲ့ ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် ကိုရောက်ခဲ့ပါတယ်... နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းကတော့ နိုင်ငံတော် အဆင့် ကျင်းပခဲ့တယ်လို့ သိရပြီး အခု နှစ် ၁၅၀ပြည့်ကတော့ တိုင်းအဆင့်သာ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်... အခမ်းအနား ဘယ်အချိန် စမယ်မသိတော့ စာနယ်ဇင်းသမားတွေကို မေးကြည့်တော့မှ မနက် ၈-နာရီ စမယ်လို့ သိရတာနဲ့ ရုံးက နေ့တဝက်ခွင့်ယူပြီး အပြေးလေးသွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ... ရှေးမြန်မာမင်းများ လက်ထက်ကအတိုင်း ဝင်းခင်းရာမှာ မြင်းများကို မြင်းအစစ်သုံးခဲ့ပေမယ့် ဆင်များကိုတော့ ကျောက်ဆည် အရုပ်ဆင်များကိုသာ အသုံးပြု ခဲ့ပါတယ်... ဆင်အစစ်များ အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း လာကြည့်တဲ့ ပရိတ်သတ်ကို ဆင်များကြောက်လှန့် ထွက်ပြေးမှာစိုးတဲ့ အတွက် အရုပ်ဆင်များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်... My Labels: Mandalay News, Burma, Myanmar, News,

မနေ့က ... (Mandalay News)

မနေ့က seminar တစ်ခုတက်အပြီး ညနေ ၄-နာရီလောက် ပြန်လာတော့ လမ်းမှာ လေပွေလိုမျိုး လေတိုက်တာတွေ ဖြစ်နေပြီး ဖုန်တွေအများကြီးပါပဲ... ရုံးပြန်ရောက်ပြီး သိပ်မကြာပါဘူး... ၄-နာရီခွဲလောက်မှာ လေတိုက်တာ ပိုပြင်းလာပြီး မိုးတွေပါ ပါပါတယ်... လေတိုက်တာ ပြင်းလို့ထင်ပါရဲ့... မိုးတွေက အထက်အောက် သွားတာမျိုး မဟုတ်ဘဲ ဘေးတိုက်သွားနေတယ်... တဝုန်းဝုန်းနဲ့ အသံတွေ ဆူညံလို့ပေါ့ဗျာ... တော်သေးတာပေါ့ နာရီဝက် ဝန်းကျင်လောက်ပဲတိုက်လို့... ၃-နာရီ ၄-နာရီလောက်သာ ဆက်တိုက်မယ်ဆိုရင်တော့ နာဂစ်လိုမျိုး ဖြစ်သွားလိမ့်မယ်... ရုံးက ပြန်တော့ လမ်း-၈၀ နဲ့ ၃၅-လမ်းထောင့်က အချိုရည် billboard တစ်ခု မြေခ နေလေရဲ့... ကားတစ်စီးရဲ့ နောက်ပိုင်းလည်း အဲဒီ ဘုတ်နဲ့ ထိပြီး ပျက်စီးမှု ရှိတယ်လို့ ကြားတယ်... ကျတော်တို့ ဖြတ်သွားတဲ့အချိန်မှာတော့ ကားမတွေ့တော့ဘူး... အင်ဂျင်ဝိုင်ကြော်ငြာဘုတ် တစ်ခုလည်း ထောင့်တွေ တွန့်ကုန်တာမြင်ခဲ့ရတယ်... ၃၅-လမ်း မီးရထား ဂုံးကျော်ပေါ်က ဘုတ်အသေးလေးတွေလည်း လဲတဲ့ဟာလဲ ကျိုးတဲ့ကျိုးနဲ့... မြို့တော် စည်ပင်က billboard တွေရဲ့ ကြံ့ခိုင်ရေးကို ပြန်လည် စစ်ဆေးသင့်နေပြီ... ကျတော်တို့ ခေါင်းပေါ်မှာ ရှိနေတဲ့ billboard တွေထောင်ခွင့်ကိုလည်း စီစစ်

Takeown Command in Windows Server

Windows Server 2003 မှာ shared folder တွေရဲ့ security level တွေပြင်ရင်း တွေ့လိုက်ရတဲ့ ပြသနာတစ်ခုက အရင် ရှိတဲ့ security setting တွေအကုန် ပြန်ဖြုတ်တာ လက်လွန်သွားလို့ Server ပေါ်ကနေ administrator account နဲ့ဝင်တာတောင် အဲဒီ folder ထဲကို ဝင်လို့ကို မရတော့ဘူး... Access is denied ပဲပြနေတော့တယ်... အင်တာနက်ထဲ လိုက်ရှာရင်းနဲ့ takeown command လေးနဲ့ ဖြေရှင်းလိုက်တာ အဆင်ပြေသွားတယ်... server ထဲက Drive D: အောက်က MgHla လို့နာမည်ပေးထားတဲ့ folder ကဖြစ်နေတယ်ဆိုပါတော့.... server ထဲကို administrator နဲ့ login ဝင်... Start > Run ကိုသွား... cmd လို့ ရိုက်ပြီး Enter နှိပ်... command prompt မှာ takeown /f d:\mghla /r /a လို့ရိုက်ပြီး Enter နှိပ်လိုက်... mghla folder ကို administrator က owner ဖြစ်သွားပြီဆိုတော့ Administrator ပြန်ဝင်လို့ရသွားပါပြီ... အဲဒီတော့မှ owner ပြောင်း security setting ပြောင်းတာတွေ ပြန်လုပ်လို့ ရသွားကြောင်းပါ... My Labels: tech, it, how to, windows server

ကောလဟလ သာလျှင်ဖြစ်

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေသည် ဟု မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့် စည်ကားနေကြောင်းသိရပါသည်... ယင်းမှာ ကောလဟလသာလျှင် ဖြစ်ပြီး ဧပြီ ၂၀-ရက်နေ့က ဘုရားကြီးအား ပူဇော်သော ဆလိုက်မီးများ ပြောင်းလဲ တပ်ဆင်ခြင်းကြောင့် ယင်းသို့ ထင်ယောင် ထင်မှား ဖြစ်ကြခြင်း ဖြစ်ကြောင်း သိရပါသည်... ဪ... အဲဒါ ကျတော်တို့ မြန်မာ...

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော်မူနေ (Mandalay News/Gossip)

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေသည်ဟု မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့် စည်ကားနေကြောင်းသိရပါသည်... ယနေ့ နံနက် ၈-နာရီ မိနစ် ၃၀ ခန့်က ရိုက်ကူးခဲ့သည့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ပုံတော် My Labels: Mandalay News/Gossip, Mahamuni Image