Skip to main content

Posts

Spot Removal Tool (Lightroom 2.0)

Spot Removal tool က သူ့နာမည် အတိုင်းပါပဲ ကျတော် တို့ မလိုချင်တဲ့ အစက်အပြောက်လေးတွေ ဖယ်ရှားချင်တဲ့ အခါ သုံးနိုင်ပါတယ်… DSLR camera တွေရဲ့ sensor တွေမှာ ဖုန်တွေ ကပ်ညှိတတ်ပါတယ်… အဲဒီလို ဖုန်တွေကပ် ညှိရင်ပဲဖြစ်ဖြစ်၊ မလိုချင်တဲ့ အစက်အပြောက်လေးတွေ ပါလာရင်ပဲ ဖြစ်ဖြစ် spot removal tool ကို သုံးနိုင်ပါတယ်… Spot Removal Tool ကိုရွေးလိုက်ရင် အောက်မှာ ထပ်ရွေးလို့ရတဲ့ option တွေ ထပ်ပေါ်လာပါလိမ့်မယ်… Brush အမျိုးအစားမှာ Clone လုပ်မှာလား Heal လုပ်မှာလား ဆိုပြီး ရေးနိုင်ပါတယ်… Brush Size နဲ့ Opacity ကိုလည်း ရွေးချယ်နိုင်ပါတယ်… ကျတော်ကတော့ အခု လုပ်ပြတဲ့ နေရာမှာ Heal Brush ရွေးပြီး Size ကို 76 ထားပြီး Opacity ကိုလည်း 100 ပဲထားပါတယ်… အဆင့် 1 - အစက်အပြောက် ရှိတဲ့ပေါ် Mouse pointer သွားပါတယ်… အဆင့် 2 – click ကိုဖိပြီး ပုံစံတူ ရှိတဲ့ နေရာ အထိ ဆွဲသွားပြီး click ကို ပြန်လွှတ်လိုက်ပါ… အစက်အပြောက်လေး ပြောက်သွားတာကို တွေ့ရပါလိမ့်မယ်… အစက်အပြောက်လေးတွေအများကြီးကို spot removal tool သုံးပြီး ဖာထားတယ်… အဲဒီထဲက အစက်အပြောက် ၁-ခုကို ပြန်လိုချင်ရင် spot removal tool ကိုရွေးပါ အစက်အပြောက် ရှိတဲ့ စက်ဝိုင်းကို click ၁-ချက်ခေ

Sony Ericsson မှာ...

Sony Ericsson မှာ Service mode ထဲကို ဒီလိုနည်းနဲ့ ဝင်လို့ရပါတယ်... * < * > *<<*<* < ဆိုတာ ဘယ်ဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ... > ဆိုတာက ညာဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ... အသံထွက် ဖတ်တဲ့ပုံစံ ပြောရမယ် ဆိုရင် “ စတား (*) ဘယ် စတား ညာ စတား ဘယ် ဘယ် စတား ဘယ် စတား ” ပါ... အဲဒီ လိုနှိပ်လိုက်ရင် service mode ထဲကို ရောက်သွားပါတယ်...ှService info Service Settings Service tests Text Labels ဆိုပြီး မြင်ရရင် service mode ထဲကို ရောက်နေပါပြီ... Service tests က ဖုန်းမှာ ပါဝင်တဲ့ function တွေ အလုပ် လုပ်မလုပ် စစ်ဆေးနိုင်ပြီး ဒီ handset ရဲ့ စုစုပေါင်း အသုံးပြု ခေါ်ဆို လက်ခံထားတဲ့ အချိန် (Total call time) ကို ပြန်ကြည့်နိုင်ပါတယ်... PIN နံပါတ်မေးလာတဲ့ လုပ်ဆောင်ချက်တွေကိုတော့ မသိဘဲနဲ့ မစမ်းစေချင်ပါဘူး... PIN နံပါတ်တွေ မှားထည့်မိရင် SIM card သုံးမရတော့ဘဲ အသစ်ပြန်လျှောက်ရပါလိမ့်မယ်... ကျတော်တို့ မြန်မာပြည်မှာ SIM card ပျက်လို့ အသစ် ပြန်လျှောက်ရင် စာရွက်စာတမ်းတွေ ဘာညာတွေ လုပ်ရပြီး မြန်မာကျပ်ငွေ ၁-သိန်းခွဲကနေ ၂-သိန်းလောက်အထိ ကုန်ပါတယ်... Sony Ericsson service mode ထဲကို ဝင်နည်းပြောပြပေး

Bokeh Photos

ဒီတစ်ခေါက် ရန်ကုန်မလာခင် အသစ်ဝယ်ထားတဲ့ ဟန်းဆက်လေးပေါ့ဗျာ... ညီမင်းစံ ဆိုတဲ့ ငနဲ လုပ်တာနဲ့ Sony Ericsson W660i ကို ခြစ်ချုပ်ပြီး ၀ယ်လိုက်တယ်... အသစ်မို့လို့လားတော့ မသိဘူး... လိုင်းဆွဲအား ပိုကောင်းတယ်... ယောက္ခမအိမ်မှာရှိတဲ့ မိုတိုရိုလာ၊ နိုကီယာတွေထက် လိုင်းပိုမိတယ်... အရင် Sony Ericsson K510i ထက်လည်း လိုင်းဆွဲအား ပိုမိတယ်... ဘက်ထရီလည်း ပိုခံတယ်... သီချင်း နားထောင်လို့လည်း ကောင်းတယ်... FM လည်း ဖမ်းလို့ရတယ်... ကင်မရာက 2.0 Megapixels ... မန္တလေး Anycall က ၀ယ်ထားတာလေ... NativeMyanmar ဖိုရမ်ထဲက ကိုကိုစာ၊ ကိုသခင်ကြီးတို့ရဲ့ သူငယ်ချင်းဆိုင်ပေါ့... အိတ်၊ လက်ကိုင်ကြိုးတွေရော လက်ဆောင်ပေးတယ်... အခု အဲဒီ ဟန်းဆက်ကို မနေ့ညက ဓာတ်ပုံ ရိုက်ထားပါ... နောက်က ဖိုးကပ် မပြတ်တဲ့နေရာတွေမှာ အလင်းပြန်တာလေးတွေက ကြယ်လိုလို၊ ငှက်လိုလို လေးတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်... My Labels: Photography, bokeh, DOF

ဓာတ်ပုံ စောင်းနေလား မပူပါနဲ့ (Lightroom 2.0) ...

အခု Straighten tool အကြောင်းပြောတဲ့နေရာမှာ Steven (Photo: http://stevenalexand.blogspot.com ) ရဲ့ ဓာတ်ပုံ အတည့်ကို မစောင်း စောင်းအောင် လုပ်ပြီး Steven မသိအောင် ယူသုံးထားကြောင်းပါ… Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် Angle လို့ပေါ်နေတဲ့ Straighten tool ကိုရွေး… ကျတော် နမူနာပြထားတဲ့ ပုံထဲက ပြထားတဲ့အတိုင်းပါပဲ ကျတော်က အဆောက်အဦကြီး စောင်းနေလို့ အဆောက်အဦနဲ့ ပြန်ချိန်မှာဆိုတော့ ချိန်ရတာလွယ်တဲ့ အဆောက်အဦ ဘေးမှာ mouse pointer သွားပြီး အဲဒီ အဆောက်အဦနဲ့ အပြိုင် drag လုပ်ပြီး မျဉ်း တစ်ကြောင်းဆွဲတယ်… ပုံထဲမှာ အနီရောင်နဲ့ ပြထားတဲ့ မျဉ်းကြောင်းပါ… ပြီးရင် click ကိုလွှတ်လိုက်တယ်… ဟော စောင်းနေတဲ့ ဓာတ်ပုံက တည့်သွားရော… အပေါ်က ပြောခဲ့တဲ့ အတိုင်း မလုပ်ချင်ရင် Angle ရဲ့ဘေးမှာရှိတဲ့ slide bar ကနေ ပြောင်းလို့ရသလို slide bar ရဲ့ပေးမှာ ဂဏန်းတွေရိုက်ထည့်ပြီး စောင်းတာ တည့်တာတွေ လုပ်လို့ ရကြောင်းပါ… My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

NEC + KMD @ Mandalay Swan Hotel

KMD နဲ့ NEC တို့ ပူးပေါင်း ကျင်းပတဲ့ ပြပွဲကို ဒီနေ့ မနက်ပိုင်း ရောက်ခဲ့ပါတယ်... NEC laptop, All-In-One Desktop Computer, Home Media Server များနှင့် အခြား ပစ္စည်းများ ပြသထားတာကို တွေ့ရပါတယ်... NEC ထုတ်ပစ္စည်းများကို ၁-နှစ်အာမခံ ချက်ပေးထားပြီး warranty ကာလအတွင်းမှာ ပစ္စည်း တစ်ခုခု ချို့ယွင်းမှု ရှိခဲ့လို့ လဲလှယ်ရန် လိုအပ်ပါက DHL အမြန်ချောပို့ စနစ်နဲ့ ပစ္စည်းများကို NEC မှ ပြန်လည် ပေးပို့ပေးမှာ ဖြစ်တဲ့အတွက် အမြန် ပြုပြင်လဲလှယ်ပေးမှာ ဖြစ်တယ်လို့ ဆရာဦးသောင်းတင် ကိုယ်တိုင် ပြောကြား ခဲ့ကြောင်းပါ... All-In-One PC မှာ စိတ်ဝင်စားဖွယ် ကောင်းသော်လည်း AMD CPU မဟုတ်ဘဲ Intel CPU ဖြစ်ခဲ့ရင် လူကြိုက်ပိုများ နိုင်ကြောင်းပါ... Home Media Server ကို စီးပွားရေး လုပ်ငန်းငယ်များမှာ Server တစ်လုံးအနေနဲ့ပါ အသုံးချ နိုင်ပါတယ်... CPU က Intel Core2Quad 2.5GHz, 6MB, 1333FSB | RAM က 2GB DDR2 | HDD က 250GB ပါဝင်ပါတယ်... HP Laptop တွေလည်း ရောင်းပါတယ်... NEC Laptop တွေ NEC All-In-One Desktop PC ဘုန်းဘုန်းတို့လည်း ဝယ်ဦးမယ်... My Lables: NEC Laptop Show at Mandalay, News, Myanmar, KMD Computer

ချဉ်ငံစပ်

29-Sep-08 နေ့က Cafe Seezar မှာကျင်းပ ပြုလုပ်တဲ့ Htan Ta Ya Entertainment Group က လုပ်တဲ့ စာနယ်ဇင်း အသိပေးပွဲကိုရောက်သွားပါတယ်.. Htan Ta Ya ကနေ အခုလာမယ့် သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပမယ့် ချဉ်ငံစပ် လို့ အမည်ပေးထားတဲ့ DJ Show အကြောင်းကို စာနယ်ဇင်းကို အသိပေးရှင်းပြတဲ့ ပွဲပါ... အဲဒီပွဲမှာ DJ Jay, Moe Moe, DJ Nicky, DJ Yan Naing, DJ Pu 2 တို့က ဖျော်ဖြေကြမှာ ဖြစ်ပြီး Rupar Mandalay Resort မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်... Htan Ta Ya Entertainment Group ကို သခင်ကြီး နဲ့ သူငယ်ချင်းများ ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်... My labels: Mandalay News, DJ News

Crop Overlay Tool (Lightroom 2.0)

Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် သူ့အောက်မှာ Crop လုပ်ဖို့အတွက် အရွယ်အစားတွေ ပြောင်းဖို့ Aspect ရယ်… ဓာတ်ပုံ စောင်းတာ တည့်တာ လုပ်ဖို့ Angle ရယ်ဆိုပြီး ပါပါတယ်… ဓာတ်ပုံကို cropping လုပ်ဖို့ အတွက်ဆိုရင် Aspect ဘေးမှာ အခုပုံထဲမှာ ဆိုရင် Original ပေါ်မှာ click ခေါက်ပါ… Custom, Original, 1 x 1, 2 x 3, 4 x 5, 4 x 6, 5 x 7, 8 x 10, 8.5 x 11, Enter Custom… ဆိုပြီး မြင်ရပါတယ်… ကျတော်တို့ အခုရွေးထားတဲ့ ဓာတ်ပုံကို 4 x 6 အချိုးအစား ထားမယ်ဆိုရင် 4 x 6 ရွေးပေးရပါတယ်… ကျတော်က အခုပုံကို 16:9 အချိုး ထားချင်ပါတယ်… အဲဒီ အချိုးက default အနေနဲ့ Lightroom မှာ မပါပါဘူး… အဲဒါကြောင့် Enter Custom… ကို click ခေါက်ပြီး Aspect Ration မှာ 16 x 9 ရိုက်ပြီး OK နှိပ်လိုက်တော့ Original နေရာမှာ 16 x 9 ဆိုပြီး ဖြစ်သွားပါပြီ… ဓာတ်ပုံပေါ်ကို ကြည့်လိုက်ပါ… ကျတော့်ရဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ဓာတ်ပုံကို ၃-ပိုင်း ပိုင်းထားတဲ့ အထက်အောက် မျဉ်း ၂-ကြောင်းနဲ့ ဘယ်ညာ မျဉ်း ၂-ကြောင်း ခပ်မှိန်မှိန်နဲ့ ပေါ်နေပြီး မျဉ်းအဖြူ ခပ်သေးသေးနဲ့ ခပ်ထားတဲ့ဘော်ဒါလေးတွေ ပေါ်လာပါလိမ့်မယ်…. ကျတော့်ပုံထဲမှာတော့ မြင်သာအောင