Skip to main content

Posts

လူပျိုကြီးပန်း...

လူပျိုကြီး တစ်ယောက် စိုက်ထားတဲ့ ပန်းပင်ကပွင့်တဲ့ ပန်းမို့ "လူပျိုကြီးပန်း" လို့ နာမည်ပေးထားတာ လွန်လားဗျာ... My Label: Flowers, Photo, Nikon D40, Myanmar

Remove Restrictions Tool

ကွန်ပျူတာလေးကို အကောင်တွေ ကိုက်သွားပြီး antivirus နဲ့ရှင်းထုတ်လို့ ရပေမယ့်... folder options, Task Manager, Run Command, etc... တွေသုံးမရဘူး ဖြစ်နေတယ်ဆိုရင်တော့ ဒါလေး download လုပ်ပြီး ဖြေရှင်းကြည့်ပါ... ကွန်ပျူတာထဲမှာ ဖြစ်နေတဲ့ ပြသနာတွေကို အနီရောင်နဲ့ဖော်ပြပေးထားပါတယ်... ဥပမာ- Folder Options ပျောက်နေတဲ့ ကွန်ပျူတာမှာ ဆိုရင် Folder Options ကို အနီရောင်ပြပေးပါလိမ့်မယ်... Folder Options ပြန်ပေါ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ရှေ့မှာ ရှိတဲ့ check box မှာ အမှန်ခြစ်လေး ပေါ်အောင် click ခေါက် ပြီးရင် အောက်ဆုံးမှာ ရှိတဲ့ Remove ဆိုတဲ့ ခလုတ်လေးကို ထပ် click ခေါက်ပါ... သက်ဆိုင်ရာ ပြသနာကို ဖြေရှင်းပေးပြီးပါပြီ ကွန်ပျူတာကို restart လုပ်ရပါလိမ့်မယ် လာပြောပါလိမ့်မယ်... OK ကို ကလစ်လုပ်ပြီး Restart လုပ်ပြီးရင် (သို့) နောက်တစ်ခါ ကွန်ပျူတာ ပြန်တက်လာတဲ့ အချိန်မှာ ဖြစ်နေတဲ့ ပြသနာ ပြေလည် သွားပါလိမ့်မယ်... မပြေလည်ဘူးဆိုရင်တော့ ကွန်ပျူတာထဲမှာ Virus , Worm, Trojan, တွေရှိနေသေးလို့ ဖြစ်ပါလိမ့်မယ်... link: http://en.sergiwa.com/modules/mydownloads/ My Label: RRT

http://www.etmsms.com/ နဲ့ မြန်မာပြည်က GSM တွေကို sms ပို့ကြမယ်...

ပထမဆုံး လုပ်ရမယ့် အလုပ်က eTrade Myamar ရုံးခန်းကို သွားပြီးတော့ ပိုက်ဆံကြိုသွင်းပြီး  account ဖွင့်စရာ လိုအပ်ပါတယ်...  ၃၀၀၀-ကျပ် / ၅၀၀၀-ကျပ် / ၁၀၀၀၀-ကျပ် ဆိုပြီး ၃-မျိုး ကြိုတင်သွင်း လို့ရပါတယ်... ငွေသွင်းလည်း သွင်းပြီပြီ အသုံးပြုလို့ ရပြီ ဆိုရင်တော့ eTrade Myamar ကနေ ဖုန်းဆက်ပြီးတော့ user name နဲ့ password ကိုအကြောင်းကြားလာပါလိမ့်မယ်... အဲဒီ user name နဲ့ password ကို သုံးပြီး http://www.etmsms.com/ မှာ login လုပ်ပြီး သုံးလို့ရပါပြီ... ကျတော် စမ်းပို့ကြည့်တာတော့ ချက်ချင်း ဖုန်းဆီကို sms ဝင်ပါတယ်... နောက်ကျ ခဲ့သည်ရှိသော internet connection နဲ့ မြန်မာ့ဆက်သွယ်ရေးနဲ့ သက်ဆိုင်ကြောင်းကိုတော့ eTrade Myanmar က တာဝန် ရှိသူတစ်ယောက်က ရှင်းပြပါတယ်... GSM ဖုန်းတွေကနေ etmsms account ပိုင်ရှင်ထံကိုလည်း စာပြန်လို့လို့ရပါတယ်... eTrade Myanmar က user id ဆိုပြီး ပေးပါတယ်... sms စရိုက်တဲ့အချိန်မှာ +userID ရိုက်ထည့်ပြီး space တစ်ခါခြားပြီး မိမိပို့လိုတဲ့ message ကိုရိုက်ထည့်ရပါတယ်... ပြန်ပို့ရမယ့် ဖုန်းနံပါတ်ကတော့ 5195333 ကိုပါ... etmsms account ပိုင်ရှင်က http://www.etmsms.com/ မှာ login လုပ်ပြီး သူ့ဆ

မနေ့က...

ကိုသခင်ကြီးတို့ မိသားစု၊ သခင်စိုးကြီး၊ သတင်းထောက် ၁-ယောက်နဲ့ ကျတော်တို့ မိသားစု တတွေ ၈၄-လမ်းအတိုင်း တောင်ဘက် စူးစူးကိုသွားပြီး မန္တလေးနဲ့ တောင်မြို့ကြားမှာ ရှိတဲ့ ၁၃၀၀ ရာပြည့် အရေးတော်ပုံတုန်းက ကျဆုံးခဲ့တဲ့ အာဇာနည် ၁၇-ဦး ဗိမာန်ကို ဓာတ်ပုံဝင်ရိုက်ပြီး ဦးပိန် တံတားကို သွားခဲ့ကြတယ်... အာဇာနည် ဗိမာန်ကိုတော့ နောက်နေ့များမှပဲ တင်ပါ့မယ်... ဒါမှမဟုတ် ကိုသခင်ကြီး ဆီမှာသွားကြည့်ပါ ခင်ဗျာ... ကိုသခင်ကြီး တင်ထားပါတယ်... အောက်က ပုံ ၂-ပုံကတော့ ကျတော် မနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေထဲကပေါ့... ဦးပိန်တံတားကြီး၊ တောင်သမန်အင်းကြီး အမှိုက်များနဲ့ ဖုံးလွှမ်းစေရမည် လို့များ ကြွေးကျော်ထားလားတော့ မသိဘူးခင်ဗျ...  ပေါများလှတဲ့ အမှိုက်တွေ... အမှိုက်တွေနဲ့ စည်စည်ကားကားရှိနေတဲ့ မယ်ဇယ်ပင်တန်း... ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ လာကြတဲ့ ဦးပိန်တံတားနားက မယ်ဇယ်ပင်တန်းပေါ့... ညာဘက်အခြမ်းမှာ တောင်မြင့် သုသန်နဲ့ အမှိုက်ပုံကြီး ရှိတယ်ခင်ဗျ...  နိုင်ငံခြားငွေ ရှာမှာလား... အမှိုက်ပုံလုပ်ကြမှာလား... အိမ်ပြန်ချိန်

Windows XP စတက်တဲ့ အချိန်မှာ...

Windows XP could not start because the following file is missing or corrupt: \WINDOWS\SYSTEM32\CONFIG\SYSTEM ------------------------ or ------------------------------ Windows XP could not start because the following file is missing or corrupt: \WINDOWS\SYSTEM32\CONFIG\SOFTWARE အပေါ်က ပြထားတဲ့ error တစ်ခုခု ပေါ်ပြီး Windows မတက်ခဲ့ရင် ဒီလိုဖြေရှင်းလို့ရပါတယ်... ၁. Windows XP installation CD ထည့်ပြီး boot လုပ်ပါ... ၂. Welcome to Windows XP Setup ဆိုတာ ပေါ်လာရင် Recovery Console ကို သွားဖို့ အတွက် R ကို နှိပ်ပါ... ၃. Recovery Console ဆိုတာ ပုံတွေနဲ့ပြတဲ့ GUI မဟုတ်ဘဲ Command Line Interface ပါ... Recovery Console ကိုရောက်ပြီဆိုရင် ၄. md tmp ရိုက်ထည့်ပြီး Enter နှိပ်ပါ... tmp ဆိုတဲ့ အမည်နဲ့ folder အသစ် တစ်ခု တည်ဆောက်တာပါ... ၅. \WINDOWS\SYSTEM32\CONFIG\SYSTEM ဆိုတဲ့ error ပြတာဆိုရင်တော့  copy c:\windows\system32\config\system c:\windows\tmp\system.bak ရိုက်ပြီး Enter နှိပ်ပါ... c:\windows\system32\config\ အောက်မှာရှိတဲ့ system ဆိုတဲ့ ဖိုင်ကို ကျတော်တို့ အဆင့်-၄ မှာ တည်ဆောက်

မနေ့က...

မနေ့က ကိုသခင်ကြီးရယ်၊ ကိုဇော်ဌေးရယ်၊ မောင်အေးဆွေရယ်၊ ကျတော်ရယ် ၄-ယောက်သား ကန်တော်ကြီးကို ဓာတ်ပုံရိုက် ထွက်ကြတယ်...  ပြည်ကြီးမွန် ဖောင်တော်ကို ရိုက်ဖို့သွားကြည့်တော့ မလှမပ မီးထွန်းထားလို့ စိတ်ညစ်ပြီး ပြန်ခဲ့ကြတယ်...  ကန်တော်ကြီးကနေ ကန်ရေပြင်ကြီးကနေ တစ်ဆင့်မြင်ရတဲ့ ဘုရားကြီးရှုခင်းကို လှမ်းရိုက်ဖြစ်တယ်... မီးရောင်စုံထွန်းထားတဲ့ ကောင်းကောင်း စားသောက်ဆိုင်ကိုလည်း လှမ်းရိုက်ဖြစ်တယ်... ဓာတ်ပုံရိုက်ပြီးတော့ Mandalay City II မှာ ဝင်ပြီး ချွေချွေတာတာ စားသောက် ကြတယ်... ဘိုင်ပြတ်နေကြလို့လေ... ကျတော်လည်း ကိုဂျေ့ဆီက remote လေးငှားပြီး ကြယ်တွေကို စမ်းရိုက်ဖြစ်တယ်... ပုံမှန် ခလုတ်နှိပ်ပြီးရိုက်ရင် Nikon D40 က shutter ကို 30 seconds စာအထိပဲ အကြာဆုံး ဖွင့်ထားလို့ရတယ်လေ... remote နဲ့ဆို ကိုယ်ကြိုက်သလောက် ဖွင့်ထားလို့ရတယ်... မနေ့ညကမှ သိတာကတော့ tele lens တစ်လုံး မဝယ်မဖြစ် ဝယ်ရဦးမယ် ဆိုတာပါပဲ.. အု.. ပိုက်ပိုက် သူ့ဘာသာသူ ရောက်လာရင် ကောင်းမှာပဲ... ည ၁၁-နာရီလောက်မှ ဆိုင်က ပြန်ထွက်ခဲ့တာ လမ်းမှာ အရမ်းချမ်းတယ်... အိမ်ပြန်ရောက်တော့လည်း အရင်နေ့တွေနဲ့ မတူ အအေးပိုတယ်... မနက်ကတောင် အေးလွန်းလို့ထင်ပါ့ ဆိုင်ကယ်ကို မနည

မနှစ်ရဲ့ နောက်ဆုံး အဆုံးသတ် အချိန်လေးမှာ...

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့ ညတုန်းကပေါ့... ကျတော့်ရဲ့ အသက် ၃၀-ပြည့် မွေးနေ့ပွဲလေးကို ဆင်နွဲခဲ့တယ်... online ပေါ်မှ သိခဲ့ ခင်ခဲ့ရတဲ့ သူငယ်ချင်းအချို့ရယ်၊ အလယ်တန်း ကျောင်းသား ဘဝကတည်းက ခင်လာတဲ့ သူငယ်ချင်းများနဲ့ ဆင်နွဲခဲ့တယ်... စိတ်မကောင်းစရာက ကျတော့်ကို ဓာတ်ပုံပညာတွေ သင်ပေးနေတဲ့ ကိုသခင်ကြီး ခရီးလွန်နေလို့ ကျတော်မွေးနေ့ပွဲ မတက်ရောက်နိုင်တာပါပဲ... NativeMyanmar Forum က ငွေနှင်းမြူ တစ်ယောက်တည်းပဲ ကျတော့်မွေးနေ့ပွဲကို ရောက်ခဲ့တယ်... ကျန်တဲ့သူများကလည်း ကိုသခင်ကြီးလို ခရီးထွက်နေကြလို့ပါ... နေးတစ်မြန်မာမှာ နေ့လယ်စာ သတင်းများကို ရေးနေတဲ့ ကိုမင်းအိုချမ်းသာ (minO)ရဲ့ မိတ်ဆွေဖြစ်သူ ကိုစိုးထိုက်လည်း ကျတော့်မွေးနေ့ပွဲကို လာနွှဲပါတယ်... blog လောကမှ သူငယ်ချင်းများကို ဖိတ်ချင်သော်ငြားလည်း ဖွတ်ကလိ ဒင်္ဂါးပြား အခြေအနေ မကောင်းတာကြောင့် မဖိတ်နိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်... ကျပ်သိန်းပေါင်း ၂၀၀၀-တန် ထီပေါက်ရင်တော့ အကုန်လုံးကို Mandalay Hill Resort မှာ ဧည့်ခံချင်ကြောင်းပါ... စားပြီး သောက်ပြီးကြတော့ ရန်ကုန်သား ကိုစိုးထိုက်ကို ကျတော် မန္တလေးရဲ့ New Year ညကို လိုက်ပို့ ပေးဖြစ်တယ်... ဘယ်နားလဲဆိုတော့ ကျုံးဘေး၊