Skip to main content

Posts

မန္တလေး နဲ့ မိုး .... မိုး နဲ့ မန္တလေး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... ကျတော်တို့အိမ်ထဲလည်း ရေတွေ ၀င်တယ်... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်...

Blogger Beta Template

Beta ရဲ့ template ကို ပြောင်းထားပါတယ်... ပြင်စရာတွေ ကျန်ပါသေးတယ်... အချို့ဟာတွေ ဘယ်နားမှာ သွားပြင်ရမှမှန်းလဲမသိဘူး ဖြစ်နေလို့ပါ... အမှားတွေ့ရင်၊ အဆင်မပြေတာတွေ့ရင် ပြောကြပါဦး...

လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ...

မြန်မာ ပြည်တွင်းမှာ ရှိတဲ့သူတွေရော ပြည်ပကလူတွေရော စုဝေးကြတဲ့ နေရာလေး တစ်ခုပါ... လာခဲ့ကြပါ... ၀င်ရောက် ဆွေးနွေးကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ...

အရွယ်အစားသေးငယ်တဲ့ ဒစ်ဂျစ်တယ်ကင်မရာလေးသုံးကြမလား...

၁ လက်မခွဲ x ၂လက်မခွဲ အရွယ်စားရှိပြီး ဓာတ်ပုံကင်မရာ၊ ဗီဒီယိုနဲ့ webcam အဖြစ်ပါအသုံးနိုင်တဲ့ ကင်မရာလေးပါ... 2560 x 2048 pixels အရွယ်အစားရှိ ဓာတ်ပုံ ရိုက်ကူးနိုင်ပါတယ်... Internal memory 8 MB ပါပြီး SD memory card ထည့်သုံးလို့လည်းရပါတယ်... AAA အရွယ်အစားရှိ ဓာတ်ခဲကို အသုံးပြုတာဖြစ်ပြီး ဈေးနှုန်းကတော့ ၆၉ ဒေါ်လာပါတဲ့ဗျား... via newlaunches.com

ဓာတ်ပုံ

လမ်းမကြီး ဒီလောက်ကျယ်တာ ဦးဇင်းတို့လည်းလိုက်မယ်

www.ALPHAmandalay.com မှသည် www.mandalayALPHA.COM သို့...

မန္တလေး AIT (Alpha info-tech Co., Ltd.) ၏ web site လိပ်စာအား www.mandalayALPHA.com ဟု ပြောင်းလဲထားကြောင်း Alpha Computer ၏ တာဝန်ရှိသူ ကိုဇော်ရဲသူမှ ပြောကြားပါသည်... ယင်း Alpha Computer သည် ဇော်ဂျီမြန်မာ ယူနီကုဒ် စာလုံးကို ပူးတွဲတီထွင်သူ ဖြစ်ပြီး Gtalk သုံးပြုသူ မြန်မာလူမျိုးများ အတွက် Gtalk Myanmar add-ins ကို တီထွင် ထုတ်လုပ်ထားသူလည်း ဖြစ်ပါသည်...

GSM တွေ ကိုင်ကြမယ်...

အစိုးရ ဌာနများမှ ဦးစီးအရာရှိအဆင့် အရာရှိများ၊ လက်ထောက်မန်နေဂျာအဆင့်နှင့် အထက် ၀န်ထမ်းများကို ၁-ယောက်လျှင် GSM တစ်လုံးစီ ငှားရမ်းချထားပေးမည် ဖြစ်ပြီး ကျန်အဆင့် ၀န်ထမ်းများကို မဲဖောက် ချထားပေးမည် ဖြစ်ကြောင်းနှင့် စုစုပေါင်း အလုံးအရေအတွက် ၂-သောင်း အငှားချထားပေးမည် ဖြစ်ကြောင်း ကြားသိရသည်...