Skip to main content

Posts

Showing posts with the label telecom

MgHla နှင့် #ooredoo စိတ်ကြိုက်နံပါတ် ဝယ်ယူခြင်း အတွေ့အကြုံ

ooredoo အရောင်းဆိုင်မှာ ဝယ်လို့ရမယ်ထင်လို့ အရောင်းဆိုင်ကို မနေ့က သွားတော့ ooredoo call center 234 ကို ဖုန်းဆက်မှာပြီးမှ အရောင်းဆိုင်မှာ ပြန်လာဝယ်ရမှန်း သိခဲ့ရတယ်။ အဲ့ဒါနဲ့ ooredoo ဖုန်းနဲ့ 234 ကိုဆက်ပြီး ကျတော်လိုချင်တဲ့ နံပါတ်ရှိလား စုံစမ်းတော့ ရှိတယ်လို့ ပြန်ဖြေတယ်... ဈေးမေးကြည့်တော့ ကျတော်လိုချင်တဲါ နံပါတ်က ၁၅၀ဝိ/- ပါပဲ... ယူမယ်ပြောလိုက်တာနဲ့ call center ဝန်ထမ်းက အခြားသူတွေ ဝယ်လို့မရအောင် password လိုမျိုး ကိုယ်ပေးချင်တဲ့ code ၈-လုံးပြောခိုင်းပါတယ်... ပြီးရင် ဝယ်ချင်တဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံးကို သေချာ ပြန်ပြောပြပါတယ်... ဆိုင်မှာ သွားဝယ်တဲ့အခါဝယ်မယ်ပြောထားတဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံး တူမှ ဝယ်လို့ရမယ့် အကြောင်းရယ်၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် ယူသွားဖို့ရယ်၊ ဖုန်းဆက်တဲ့ အချိန်ကစပြီး ၂၄-နာရီ အတွင်းသာ ဝယ်ယူနိုင်ကြောင်း ရှင်းပြပါတယ်... ၂၄-နာရီအတွင်း မဝယ်ဖြစ်ခဲ့ရင် 234 ကိုဖုန်းခေါ်ပြီး အခုလို ပြန်လုပ်ဖို့ ရှင်းပြပါတယ်... Call Center က ဝန်ဆောင်မှု ကောင်းပါတယ်... ဒီနေ့ ၇၃-လမ်းပေါ်က ooredoo အရောင်းဆိုင်ကိုသွားပြီး token နံပါတ်ယူပါတယ်... ရှေ့မှာ လူ ၇-ယောက် ၈-ယောက်လောက

Telenor ရယ်... ကျတော်ရယ်... အပိုင်း (၂)...

Telenor ရယ်... ကျတော်ရယ်... မှာဖြစ်ခဲ့တဲ့ အကြောင်းတွေပေါ် မူတည်ပြီး အပိုင်း (၂) ဆက်ဖြစ်ခဲ့ပါတယ်... Telenor ရယ်... ကျတော်ရယ်... မှာ မတင်မိခဲ့တဲ့ ဇာတ်လမ်းအစ BBC News SMS တွေကို အရင်တင်ပါရစေ...  Telenor ကနေပြီးတော့ facebook message ကနေဆင့်ရော၊ ဖုန်းဆက်ပြီးတော့ပါ ဇူလိုင်(၂)ရက်နေ့မှာ လုပ်ခဲ့တဲ့ Telenor Fans တွေ့ဆုံပွဲကိုဖိတ်ခဲ့လို့ တက်ရောက်ခဲ့ပါတယ်... မနက် ၁၀ နာရီ - ၁၁ နာရီ ၃၀ မိနစ် ဆိုပေမယ့် ပွဲကို ၁၀ နာရီ ၃၀ မိနစ်မှ စခဲ့ပါတယ်... ပွဲလုပ်ရာ ခန်းမထဲဝင်တာနဲ့ Door Gift အဖြစ် Telenor တံဆိပ် မတ်ခွက်၊ ထီး၊ စက္ကူnotepad၊ ဘောပင်၊ ကီးချိန်းပါတဲ့ အိတ်တစ်အိတ် လက်ဆောင်ပေပြီးတော့ ဓာတ်ပုံ အရိုက်ခံရပါတယ်... ပွဲပြီးတဲ့အချိန် ဘောင်ထဲထည့်ပြီး တက်ရောက်သူတွေကို လက်ဆောင် ပြန်ပေးပါတယ်... ကျတော် ဓာတ်ပုံမရိုက်ခဲ့ပါဘူး... အဲဒါကြောင့်ထင်ပါတယ်... တယ်လီနော ဝန်ထမ်း ကင်မရာကိုင်ထားသူက ကျတော့်ကို ဓာတ်ပုံခိုးရိုက်ပါတယ်... ကျတော်က ကင်မရာအကြောင်းမသိတော့ ခံရတာပေါ့... ပွဲမှာ Telenor Group အကြောင်းကို မိတ်ဆက်တဲ့ Cooperate Film, TVC များပြသပါတယ်... လမင်းကြီးဘယ်လောက်ကြီးဆိုတဲ့ TVC အကြောင်း မှတ်ချက်ပြန်တောင်းပါတယ်... Tel

Telenor ရယ်... ကျတော်ရယ်...

Telenor သုံးမယ်ဆိုရင်လေ ဖုန်းပြော၊ sms ပို့ဖို့ပဲသုံးပါ... အင်တာနက် ကောင်းတယ်ဆိုရင် အင်တာနက်သုံးပါ... Value Added Services လို့ခေါ်တဲ့ VAS ဝန်ဆောင်မှုတွေကိုမသုံးပါနဲ့... 979 Call Centre ကို ဖုန်းမဆက်ပါနဲ့... ကိုယ့်ကိုကိုယ် ငတုံးငအ လို့ ခံယူထားရင်တော့ Telenor ရဲ့ Call Centre ကို ဖုန်းဆက်ပါ... BBCNews SMS VAS ဝန်ဆောင်မှုနဲ့ ကျတော်... အင်တာနက် မဖွင့်ဖြစ်တဲ့အချိန်များ အရေးကြီးသတင်းတွေကို sms နဲ့ရမယ်ထင်ပြီး BBCNews sms VAS ယူဖြစ်ပါတယ်... ဝန်ဆောင်ခက ၁-ပတ်ကို ၂၅၀-ကျပ် ပေးရပါတယ်... တစ်နေ့ကို မနက် ၁-ခါနဲ့ ညနေ ၁-ခါ sms နဲ့ သတင်းတွေကို ပို့ပေးပါတယ်... ယူဖြစ်တဲ့ ၂-ပတ်တာကာလ အတွင်းမှာ တူညီတဲ့ သတင်းကိုပဲ မနက်နဲ့ ညနေ အတူတူပို့တာ ၄-ရက်တောင်ရှိပါတယ်... လုပ်ငန်းကြီး ဖြစ်နေပြီး သုံးစွဲသူကို စော်ကားတယ် ထင်လို့ တယ်လီနော်ရဲ့ Call Centre ကို ဘာကြောင့်လဲ ဆိုတာ မေးမြန်းရင်း complaint တက်ပါတယ်... Telenor 979 Call Centre နဲ့ ကျတော်... Telenor Call Centre က တစ်မိနစ်ကို ၂၅-ကျပ်ပေးရပါတယ်... တယ်လီဖုန်း လုပ်ငန်းဖြစ်ပေမယ့် သုံးစွဲသူတွေကို အခမဲ့ ဝန်ဆောင်မှု မပေးပါဘူး... ကျတော် ဖုန်းဆက်တော့ ယော