Skip to main content

Posts

Showing posts with the label Zabbix

ကျော့်သိသမျှ Zabbix အကြောင်း - ၁

ကျော့်က Zabbix စပြီးသုံးတာ ၂-ပတ်ကျော် ၃-ပတ်လောက်ပဲ ရှိပါသေးတယ်... ဒါပေမယ့် အသုံးပြုရတာ အဆင်ပြေတဲ့ အတွက် Zabbix အကြောင်းကို မျှဝေပါရစေ... Zabbix ကို မြန်မာပြည်က Telecommunication ကုမ္ပဏီကြီးတွေ၊ ဘဏ်အချို့မှာ သုံးစွဲကြတယ်လို့လည်း သိရပါတယ်... Zabbix ဆိုတာဘာလဲ...? Zabbix ဆိုတာက Network Monitoring System တစ်ခုပါ... Network ထဲမှာ ရှိနေတဲ့ Devices တွေ Service တွေကို monitoring လုပ်လို့ရပါတယ်... အဲဒါတွေအပြင် IoT စနစ်တွေနဲ့ အခြားစနစ်တွေကို လည်း monitoring ပြုလုပ်လို့ရပါတယ်...  ဒီအပိုင်းမှာတော့ Zabbix.com web site ထဲမှာ ရေးထားတာတွေနဲ့ပဲ စလိုက်ရအောင်... အပေါ်ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲ... Zabbix ရဲ့ Experience က ၂၁-နှစ်ရှိပြီ Open Source ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုလို့ ရပါတယ်... တစ်ကမ္ဘာလုံးမှာ Zabbix အင်စတောလုပ်တဲ့ အရေအတွက် ၃-သိန်းကျော် ရှိပါတယ်တဲ့... အပေါ်ပုံကတော့ Zabbix ကို ယုံကြည်စိတ်ချတဲ့ လုပ်ငန်းတွေရဲ့ နာမည်ကြီး brand တွေပါ... Zabbix ကို အာကာသနဲ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လက်လီအရောင်း လုပ်ငန်းတွေ၊ စွမ်းအင်နဲ့ ဓာတုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေရေးကြေးရေး လုပ