Skip to main content

Posts

Showing posts with the label Tutorial

Adobe Photoshop ဘယ်လို သုံးမလဲ -၂

Adobe Photoshop ဘယ်လို သုံးမလဲ -၁ ကို မေလ (၄)ရက်နေ့က ရေးခဲ့သော်လည်း ဆက်မရေးဖြစ်ခဲ့ပါ... ဖိုတိုရှော့ သုံးတတ်သူများကလည်း လွယ်လွယ်လေးတွေ လာရေးပြနေတယ်... မောင်လှ ပညာပြနေတယ် ဆရာကြီး လုပ်နေသည်ဟု ထင်မှာ စိုးသောကြောင့် ဆက်မရေးဘဲ ရပ်ထားခဲ့သည်... အပျင်းကြီးမှုက အဓိက ဖြစ်ပေသည်... သို့သော်ငြားလည်း Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်... Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ... Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်... ၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်... ဖျက်ချင်တဲ့ လေ

Adobe Photoshop ဘယ်လို သုံးမလဲ -၁

လွယ်လွယ်လေးပါဗျာ… Adobe Photoshop ထဲအရင်ဝင်ပေါ့… ကျတော် ပြောတာ မှားများသွားလား… Photoshop ထဲလည်း ရောက်ရော ကျန်တဲ့ software တွေနဲ့ မတူတာက အလုပ်လုပ်မယ့် နေရာ မတွေ့တာပဲ… Photoshop ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုတော့ ပန်ချီဆွဲတဲ့အခါ ကျတော်တို့ ဆွဲမယ့် canvas အရွယ်အစားအတိုင်း ဘောင်အရင် ကျပ်ထားရတဲ့ ပုံစံနဲ့ တူတယ်ဗျ… ကဲ… ကျတော်တို့ canvas အရွယ်အစားယူကြရအောင်… ဘယ်ကနေ ယူမလဲ ဆိုတော့ File menu ထဲက New ကို ရွေးပေးပါ… အောက်မှာ ပြထားတဲ့ ပုံအတိုင်း New dialog box ပေါ်လာပါလိမ့်မယ်… Name ဆိုတဲ့ေ နရာမှာ ကျတော်တို့ ပေးချင်တဲ့ file name ကို ကြိုတင် ပေးထားလို့ရပါတယ်… Preset ဆိုတာကတော့ အသင့်လုပ်ထားပေးတဲ့ အရွယ်အစားနဲ့ resolution တွေ အဆင်သင့်ပါရှိတယ်… Preset တွေနဲ့ ကျတော်တို့ လုပ်မယ့် အရွယ်အစား မကိုက်ညီဘူး ဆိုရင်တော့… Width မှာ ကျတော်တို့ ဒီဇိုင်းလုပ်မယ့် canvas size ရဲ့ ဘယ်ညာ အကျယ်ကို ရိုက်ထည့်ပေးပါ… အဲ.. မေ့တော့မလို့ နောက်က Unit ကို အရင်ပြောင်းပြီးမှ ရိုက်ထည့်ပါ… inches လား၊ cm လား၊ pixels လား ဆိုတာ အရင်ရွေးခိုင်းတာပါ… press လုပ်မယ့်ပုံတွေ (စက္ကူတို့ vinyl တို့လို ပြင်ပ media တစ်ခုခုမှာ ပုံနှိပ်မယ့် ဒီဇိုင်းမျိုးတွေ

eot ဘယ်လိုလုပ်... အပိုင်း - ၂

အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်... ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ... ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url( http://h1.ripway.com/MgHla/eot/ZAWGYIO3.eot ) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင် @font-face {........ ......... .......} အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ... ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ... WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး... အပိုင်း-၁ သို့... ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်... http://mgzeng.blog.com/450405/ http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

eot လုပ်ရအောင် - ၁

ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exe ကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ... ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ 1. Bold 2. Italic 3. Bold+Italic 4. Normal WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ... Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ... ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://

ဖန်တုံးပုံစံ button လေးတွေ လုပ်ကြရအောင်...

၁- Rectangle tool ကို အသုံးပြုပြီး rectangle တစ်ခုဆွဲပါ... Layer နာမည်ကိုတော့ One လို့ပေး ပေးပါ... ၂- ပုံထဲမှာ ပြထားတဲ့ အတိုင်း Foreground colour ကို #2D4F9E (C:100 M:80 Y:0 K:0) , Background colour ကို #00ACEC (C:100 M:0 Y:0 K:0) ပြောင်းပေးပါ... ၃- One Layer ကို Layer palette ထဲမှာ select လုပ်ပေးပါ... ပြီးတော့ Gradient over lay effect (Layer Style) ကို ရွေးပြီး foreground colour ကနေ background colour Gradient ကို ထည့်ပေးပါ... ပုံမှာ ပြထားတဲ့ အတိုင်းပေါ့... အပေါ်က အပြာနုရောင် အောက်ကို တဖြည်းဖြည်း အပြာရင့်ရောင် ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့... ၄- ဒီ One Layer ကို duplicate layer လုပ်ပြီး Layer အမည်ကိုတော့ white လို့ ပေးပေးပါ... ၅- white layer ကို Layer Palette ထဲမှာ right click ခေါက်ပြီး clear layer style ရွေးပေးပါ... အဲ.. မေ့သွားလို့ အရောင်ကို အဖြူရောင် ပြောင်းပေးပါဦး... ၆- ဒီ white layer ရဲ့ opacity ကို 25% ထားပေးပါ... ဖြစ်လာမယ့် ပုံစံကို ပုံထဲမှာ ပြထားပေးတယ်ဗျာ... ၇ - One Layer ကို Bevel and Emboss effect ထည့်ပေးပါဦး... ထည့်ရင် တစ်ခုတော့ လုပ်ပေးဗျာ... shadow mode ကို screen ထားပြီး အရေ