Skip to main content

Posts

Showing posts with the label Sex Education

မောင်လှ နှင့် ရာသီလာခြင်း...

xxx ရေး - ရာသီလာစဉ် ဆက်ဆံတာကတော့ ကိုယ်ဝန်ရှိဖို့ ပိုနီးစပ်တယ်လို့ မှတ်သားဖူးပါတယ်... ဖြေချင်နေတာ အူယားနေတာပဲ... ကဲ ခုတော့ ဖြေပြီဗျာ... သွေးပေပေတွေနဲ့ မရွံဘူးဆိုရင်တော့ ရာသီလာချိန်မှာ ဆက်ဆံတာဟာ ကိုယ်ဝန်လုံးဝ မရနိုင်ပါဘူးဗျာ... ဒီမှာ ဒီလိုဗျ... မိန်းကလေးတစ်ယောက်ရဲ့ menstrual cycle က ၂၈ ရက်ဆိုပါတော့... ပထမဆုံး ရာသီလာသွေး စလာတဲ့နေ့ကို ၁ ရက်လို့ စရေတွက်ရအောင်... ၂၈-ရက် သမားဆိုရင်တော့ ၂-နဲ့ စားလိုက်ရင်ထွက်လာတဲ့ ၁၄-ရက် ၀န်းကျင်မှာ မမျိုးဥကြွေပါတယ်... ၁၄-ရက် ထက်စောရင်လည်း စောနိုင်သလို နောက်ကျရင်လည်း နောက်ကျနိုင်တယ်... အဲဒီအချိန်မှာ ဖိုသုတ်ပိုး ၀င်ရောက်သွားပြီး တွေ့ဆုံကြမယ်ဆို မျိုးအောင်ပြီး ကိုယ်ဝန်ရနိုင်ပါတယ်... အဖိုသုတ်ပိုးဟာ မိန်းကကိုယ်အတွင်းမှာ ၃-ရက်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်... အမမျိုးဥကတော့ ၂-ရက်လောက်ပဲ အသက်ရှင် နေနိုင်ပါတယ်ဗျ... ကဲ ... ကိုxxx က ရာသီစလာတဲ့နေ့က စပြီး ရေတွက်လာတဲ့ ၁၂-ရက်နေ့မှာ ဆက်ဆံမိတယ်... ကိုxxx အဖိုသုတ်ပိုးက ဆက်ဆံဖက်ရဲ့ မိန်းမကိုယ်ထဲမှာ ကျန်ခဲ့မယ်... ဆက်ဆံဖက် အမျိုးသမီးရဲ့ မမျိုးဥက ၁၄-ရက်နေ့မှာ ကြွေတယ် ဆိုကြပါတော့... ကိုxxx ကိုယ်ပွားလေးနဲ့ ဆက်ဆံဖက်အမျိုးသမီး ကိုယ