Skip to main content

Posts

Showing posts with the label မောင်လှရေ...

ဘာရယ်တော့ မဟုတ်ပါဘူး...

ဒီတလော ဘာမှလုပ်ချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... စိတ်တွေ ထွေနေတယ်ပေါ့ဗျာ... အားအားရှိ အိပ်လိုက်စားလိုက် သူငယ်ချင်းတွေနဲ့ စကားပြောလိုက်ပဲ နေချင်တယ်... ဘလော့မှာလည်း ရေးချင်စိတ် နည်းနေသလို... ဖိုရမ်မှာလည်း ရေးချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... ဘလော့ကို ဆက်မရေးတော့ဘဲ နေရင် ကောင်းမလားတောင် စဉ်းစားမိတယ်... ဘလော့လုပ်မယ့် အသစ်အသစ်တွေကို ကြိုဆိုပါတယ်... ကျတော် စလုပ်ခဲ့တုန်းကဆို ရှေ့ဆောင်လမ်းပြ ဘာလုပ်ရင် ဘာဖြစ်မယ်လို့ ပြောခဲ့တဲ့သူ မရှိသလောက်ရှားတယ်... စမ်းတဝါးဝါးနဲ့ စလုပ်ခဲ့ရတယ်... လုပ်လို့ရပြန်ရင်လည်း လွယ်အောင် သုံးလို့ရမယ့် နည်းတွေ လိုက်ရှာရတယ်... template ပြောင်းပြီဆို လူကို ၃-ရက်လောက် ခေါင်းတွေ ကိုက်လို့... ညအိမ်ပြန်ရောက်ရင် တချိုးတည်း အိပ်ရော... ခုလည်း template ပြောင်းရင် အဲဒီအတိုင်း ဖြစ်နေတုန်း... အရင်က CSS ဆိုတာ ဘာမှန်းကို မသိဘူး... blog template ပြင်ရင်းနဲ့မှာ CSS ဆိုတာကို နည်းနည်း တီးမိ ခေါက်မိလာတယ်... အဓိက ပြောချင်တာက (မေတ္တာရပ်ခံချင်တာက) အခုမှ ဘလော့ အသစ်စလုပ်မယ့်သူတွေ ရှေ့က ဘလော့လုပ်ပြီး အတွေ့အကြုံရှိတဲ့ လူတွေရေးထားတဲ့ post တွေကို ရှာဖတ်ပြီး သေချာစမ်းကြည့်ပါဦး... ဒီနည်းနဲ့ မရရင် နောက်တစ်

ပုံမှန်မဟုတ်တဲ့ အကျင့်တွေ

တက်ကြတာတွေ... ဘာတွေလဲ မသိဘူး လာတက်ကြတယ်... တက်ကြတဲ့ သူတွေ များနေပြီဆိုတော့ ရေးဦးမှပဲ... ခုမှ စတွေ့သူကို ပြုံးပြဖို့ ဝန်လေးတတ်သည်... စိတ်မပါရင်လည်း မပြုံးပြတတ်... အဲဒီလောက် လူမှုရေး အလွန်တော်တာ... မတွေ့တာ ကြာတဲ့သူဆို မမှတ်မိတတ်... လူ မြင်ဖူးပြီး နာမည် မမှတ်မိတာမျိုးတွေ ခဏ ခဏ ဖြစ်တတ်... အဲဒီလောက် မှတ်ဥာဏ် ကောင်းတာ.... ထမင်းစားလျှင် ဟင်းချီးများ၏... ထမင်းရော ဟင်းပါ ပူပူနွေးနွေးလေးမှ ကြိုက်၏... ကလေး ကလား အရမ်းဆန်၏... အအိပ်ကြီး၏... အိပ်နေတုန်း လာနှိုးလျှင်လည်း မကြိုက်ပေ... သင်တန်းတွေလိုက်တက်ရမှာ ပျင်း၏... စာမေးပွဲ ဖြေရမှာလည်းပျင်း၏... ထို့ကြောင့် ပညာတိုးတက်မှု မရှိသောသူဟု ကိုယ့်ကိုကိုယ် သိ၏... အလုပ်လုပ်ရင် နေ့ရွှေ့ ညရွှေ့... ပူလွန်းသည် အေးလွန်းသည် အကြောင်းပြတတ်၏... စိတ်ပါလျှင်တော့ ချက်ချင်းလုပ်တတ်သည်... အခြောက်တွေကို မုန်း၏... လာလာကျူကြ လွန်းလို့... အရက်မူးပြီး ရစ်ကြသူတွေကိုလည်း မုန်း၏... ဒါတွေ ဒါတွေကိုပဲ ထပ်ထပ် ပြောလွန်းလို့... အရင်က နန္ဒာလှိုင် ကိုကြိုက်ခဲ့ဖူး၏... ပြီးတော သက်မွန်မြင့်... ယခုတော့ သင်ဇာဝင့်ကျော်ကို ကြိုက်နေ၏... ကြိုက်သော်ငြားလည်း သူမ လက်ထပ်ခွင့်တောင်းပါက စဉ်းစားကာ နေရဦးမည်... ပြ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ကျတော့်ဆီကို The Voice က တောင်းပန်e-mail ပို့ပါတယ်... ကျတော်မထင်ထားတဲ့ Living Color ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေတယ်... ကျတော် ပိုက်ဆံမက်လို့၊ ငွေမက်လို့ ကန့်ကွက်ခဲ့တာ မဟုတ်ရပါဘူး... ယူသုံးမယ်ဆိုရင် အသိပေးမှုလေးပဲ လိုချင်တာပါ... အသိပေးမှုလေး လုပ်ခဲ့မယ်ဆိုရင် ကျတော့်အတွက် အပန်းမကြီးဘူး၊ ကူညီသင့်တယ် ထင်ရင် ထပ်ပြီးတော့ကို ဓာတ်ပုံရိုက်ပြီး ပုံကြီးကြီးတွေ ထပ်ပို့ဦးမှာ... ဒါနဲ့စကားမစပ်... ကျတော်ဘာဖြစ်လို့ ဘလော့တွေ ရေးနေမိတာလဲ... ပိုက်ဆံရလို့လား... ငွေကြေးလိုချင်လို့လား... ဟုတ်ရပါဘူး... ဝါသနာအရ ရေးနေတာပါ... စိတ်ထွက်ပေါက်ရဖို့ ကျတော် ဘလော့ရေးတယ်... ဖိုရမ်ရေးတယ်... လုပ်ငန်းခွင်မှာဖြစ်နေတဲ့ stress ကို ဘလော့မှာ ပြန်လာဖွင့်ထုတ်တယ်... ကျတော့် ဘလော့ရဲ့ အစပိုင်းတွေကို ပြန်ကြည့်ပါ... ညည်းညူမှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရလိမ့်မယ်... ဘယ်သူ့ကို အားကျပြီး ဘလော့ရေးခဲ့လဲဆိုတော့ ကိုarloo ကို အားကျပြီးရေးခဲ့တယ်... အဲဒီတုန်းက သူက english လိုရေးတယ်... ကျတော်က english လို မရေးတတ်တော့ မြန်မာလို ရေးတယ်... HTML code တွေ တီးမိခေါက်မိ အနည်းငယ်သိတဲ့ ကျတော် စမ်းသပ်ရင်းနဲ့ ဘလော့မှာ မြန်မာလိုရေးလို့ ရသွား

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၃

ပြောရဦးမယ်... မောင်မိုးဆိုတာ ဆော်ကြည်ဘဲ... မှတ်မိသေးသည်... ၁၀-တန်း Physics ကျူရှင်က ကောင်မလေး တစ်ယောက်ကို မောင်မိုးစာပေးသည်... အနှီကောင်မလေးလည်း မောင်မိုးကို ပြန်ကြိုက်သည်... မောင်မိုး ထိုကောင်မလေးကို ပေးသောစာမှာ ကျတော် ပေါက်ကရရေးထားသောစာ ဖြစ်၏... သူများတွေလို ပန်းနုရောင်ဖျော့ဖျော့ အချစ်သင်္ကေတလေးတွေနှင့် နုနုရွရွ ရေးထားသော စာဟု ထင်လျှင်သော မှားသွားလိမ့်မည်... မောင်မိုး၏ ဗလာစာအုပ် နောက်ကျော... မောင်မိုး ကာတွန်းပုံအကြမ်းများ ဆွဲထားသော နေရာအောက် စုတ်စုတ်ပြတ်ပြတ် ပေါက်ကရ လျှောက်ရေးထားခြင်း ဖြစ်သည်... “မင်း ကိုယ့်ကို ပြန်မကြိုက်ရင် ကိုယ့်ရဲ့ အသည်းနှလုံးကို အယ်လ်ကိုဟောထဲ စိမ်လိုက်တော့မည်...” “နစ်ကိုတင်း ဓာတ်ငွေ့တွေထဲမှာ ကိုယ့်ရဲ့ အချစ်တွေကို မြှုပ်နှံလိုက်တော့မယ်...” ဆိုတဲ့ စကားလုံးတွေ ပါတာတော့ မှတ်မိသည်... ကျတော့် လက်ရေးနှင့် ထိုရည်းစားစာကို မောင်မိုးက ပြန်မကူးဘဲ ထိုအတိုင်းပေးလိုက်တာ... အနှီကောင်မလေးက သူ့ကိုပြန်ကြိုက်လေသည်... ကြာကြာတော့ မခံပါ... ထိုဇာတ်လမ်းက လက်လေးတောင် မကိုင်လိုက်ရဘဲ ဆယ်တန်း စာမေးပွဲ ဖြေပြီးတော့ ပြီးသွားလေသည်... မောင်မိုးအသက်ထက် သူ့ကောင်မလေး အရေအတွက်က ပိုများမည်ဟု ထင်သည်.

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၂

တကယ်တန်း ဖိုးဇော်နဲ့က ၆-တန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှ စတွေ့ချင်းဖြစ်... ဖိုးဇော်က ကျတော်တို့ထက် တစ်တန်း ကြီးသည်... မောင်မိုး... မောင်မိုးကို ဘယ်လို မိတ်ဆက်ပေးရမည်နည်း... လူတိုင်း သိကြမယ်ထင်ပါသည်... မောင်မိုးကိုတော့ မဟုတ်... မောင်မိုးရဲ့ အဖိုး ပန်းချီဆရာကြီး ဦးဘကြည်ကိုပါ... ကမ္ဘာကျော် ပန်းချီဆရာကြီးပါ... ကျောင်းတုန်းကတော့ မောင်မိုးကို မိုးရေ ဟုခေါ်ကြသည်... ကျတော်တို့တင် မဟုတ် သူ့အမေလည်း ခေါ်သည်... “ငမိုးရေ” တဲ့... သူ့အမေ စခေါ်တဲ့ င ဆိုတဲ့ စကားလုံးက တိုးတော့ ကျတော်တို့ မကြားပါ... ကျတော်တို့ ဒီကောင့်ကို မိုးရေလို့ ခေါ်တာ အကြောင်းရှိသည်... သူ့အဖေက ဆရာဝန်မို့ ချစ်စနိုးဖြင့် ခေါ်ကြခြင်း ဖြစ်သည်... ကျတော် ဒီကောင်နဲ့ ပိုတွဲဖြစ်သည်... ၉-တန်း နဲ့ ၁ဝ-တန်း ကဆို နေ့လည် ထမင်းစားဆင်းချိန်မှာ ရွှေကျီးမြင်ဘုရားပေါက်မှာ ထိုင်ပြီး အမှတ်(၈)၊ (၄၄)နဲ့ (၁၁) က ကောင်မလေးတွေကို ငမ်းကြသည်... (တည့်တိုးပဲ ရေးလိုက်သည်) ... အဲဒီထဲက လမ်းလျှောက်သွားသည့် ၁၁-ကျောင်းက ကောင်မလေး တစ်ယောက်ကို သတိထားမိသည်... ကျတော်တို့ ၂-ယောက်ရှေ့ယောက်ရင် ပဲတွေ ပေးပေးသွားလို့... အဲဒါနဲ့ ၂-ယောက်သား တိုင်ပင်ပြီး ကျတော်က ရည်းစားစာ ရေးသည်... ကျ

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၁

မောင်လှရေ... မနေ့က ၆-တန်းကတည်းက အတူပေါင်းလာတဲ့ သူငယ်ချင်း ၅-ယောက် ပြန်ဆုံဖြစ်တယ် သိလား... သြော်... ကျန်တဲ့သူတွေလည်း လာလာဖတ်နေကြတာပဲ... ဖိုးဇော် ဆိုတာဘယ်သူတုန်း ဆိုတာ ပြောလိုက်ဦးမယ် မောင်လှရေ... ဖိုးဇော်ဆိုတာ ကျောင်းကတည်းက သူငယ်ချင်း... ပန်းချီဆရာ၊ ဒီဇိုင်းဆရာ... ကျောင်းမှာ ပန်းချီဆွဲရင်း သိခဲ့ ခင်ခဲ့တဲ့ အရင်းအနှီးဆုံးဖြစ်လာတဲ့ သူငယ်ချင်း... ဖိုးဇော် အကြောင်းက စိတ်ဝင်စားစရာကောင်းသည်... သူ့ဇာတိက မန္တလေး-မတ္တရာသွားတဲ့ လမ်းမပေါ် တည်ရှိတဲ့ လင်းမြွေချောင်းရွာ ဇာတိ... သိကြပါသလား ခင်ဗျာ... မသိသေးရင် ထပ်ညွှန်းရမယ်ဆိုရင် ကြာနီကန်ရွာ... ကြာနီကန် ဆရာတော်ကိုတော့ ကြားဖူးကြမယ် ထင်ပါ့... ခုတော့ ကြာနီကန်ရွာဆိုတာ သင်္ချိုင်းကြီး တည်ထားသည်... အဲဒီရွာရဲ့ တောင်ဘက်မှာ လင်းမြွေချောင်းဆိုတဲ့ ရွာရှိသည်... ဖိုးဇော်ရဲ့ ဖခင်၊မိခင်တွေက တောင်သူလယ်သမားကြီးတွေ... သို့သော်လည်း သူတို့ သားကို ပညာတတ် ဖြစ်စေချင်တော့ မန္တလေး အနောက်ပြင်၊ မြောက်ပြင်ကလူတွေ အားထားတဲ့ အမှတ်(၁) အ.ထ.က မှာ အလယ်တန်းက စပြီး ကျောင်းထားပေးခဲ့သည်... လင်းမြွေချောင်းရွာကနေ ကျောင်းအထိ လိုင်းကားနဲ့လာတဲ့ အခါလာသည်... နောက်ပိုင်း စက်ဘီးအစုတ်ကလေးနဲ့ ကျောင်းသွား ကျော