gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Facebook 3D Photo ဖြစ်အောင် Photoshop သုံးပြီး လုပ်ရအောင်...

(1) Photoshop ကို ဖွင့်ပါ...

(2) 3D Photo ဖြစ်ချင်တဲ့ ဓာတ်ပုံကို ဖွင့်ပါ... ကျော့်နမူနာလုပ်ပြမယ့်ပုံက အောက်ကပုံပါ... ဖိုင်နာမည်က _DSF4116.jpg ပါ...
_DSF4116.jpg

(3) ပုံထဲက ဘုရားဆင်းတုတော်လေးကို select ပေးပြီး ဖြတ်ထုတ်ပါ... ကျော့် အဖြူရောင် ဖြည့်ပြထားပါတယ်...

(4) အဲဒါကို select ပေးပြီး Expand လုပ်ပြီး Feather လုပ်ပါ... Layer အသစ်ခေါ်ပြီး select လုပ်ထားတဲ့ထဲကို gray ထဲက ပိုနုတဲ့ gray အရောင်ကို ဖြည့်ပါ...

(5) နောက်ထပ် layer တစ်ခုခေါ်ပြီး ပိုရင့်တဲ့ gray အရောင်ဖြည့်ပါ... အောက်ကပုံထဲမှာ layer အစီအစဉ်တွေ ပြထားပါတယ်...

(6) အဆင့် (2) မှာ မြင်နေရတဲ့ အခြေအနေတိုင်း ထားပြီး File > Export > Export As ထဲဝင်ပြီး JPG/PNG format နဲ့ သိမ်းပေးပါ... ကျော့်ကတော့ ဖိုင်နာမည်ကို _DSF4116.jpg လို့ပေးလိုက်ပါတယ်... ဖိုင်နာမည်ပေးတာ အရေးကြီးပါတယ်...

(7) အဆင့် (4) မှာ မြင်နေရတဲ့ အခြေအနေအတိုင်းထားပြီး ပုံကို Export လုပ်ပြီး အဆင့် (6)မှာ ပေးထားတဲ့ ဖိုင်နာမည်ရဲ့ နောက်မှာ _depth ထည့်ပြီး သိမ်းပါ... ကျော့်ကတော့ ဒီအဆင့်မှာ ဖိုင်နာမည်ကို မဖြစ်မနေ
_DSF4116_depth.jpg လို့ ပေးရပါတယ်... ဖိုင်နာမည်ပေးတာမှားရင် facebook မှာ 3D Photo မဖြစ်တော့ပါဘူး...

(8) facebook ထဲကို ဝင်ပြီး ဓာတ်ပုံတင်ဖို့ Photo/Video ရွေးပါ... အဆင့် (6) နဲ့ အဆင့် (7) တုန်းက Export လုပ်ထားတဲ့ ဖိုင် (၂)ဖိုင်စလုံးကို select လုပ်ပြီး open နှိပ်ပါ...



(9) Creating a 3D Photo လိုပြနေတာ ပြီးသွားရင်တော့ Share ခလုတ်ကို နှိပ်လို့ရပါပြီ...


နမူနာ facebook 3D Photo ပါ...

ထပ်ဖြည့်...
Depth Map ကို အောက်ကပုံထဲကလို အနီးအဝေး အထပ်လေးတွေခွဲပြီး gradient လေးတွေနဲ့ဆို ပိုပြီး ချောမွေ့တဲ့ facebook 3D ပုံတွေ ရကြောင်းပါ...

Original ပုံ...


Comments

Ad