gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကျော့်ပြောချင်တဲ့ Zhiyun Smooth 4 အကြောင်း

 Zhiyun ကထုတ်လုပ် ရောင်းချမယ့် Smooth 4 အကြောင်းကို သဘောကျလို့ ရေးတာပါ... ယခုအချိန်အထိတော့ pre-Order အဖြစ်ပဲမှာယူနိုင်ပါသေးတယ်... ဒီ Smooth 4 အကြောင်းကို user manual နဲ့ https://youtu.be/fchHnWTIONQ က review ကို ကြည့်ပြီး ရေးမှာ ဖြစ်ပါတယ်...  

Zhiyun ကုမ္ပဏီက Smooth 4 မထုတ်ခင် Smooth-C, Smooth 2, Smooth-Q, Smooth 3 တွေ ထုတ်ခဲ့ပြီး Smooth-Q ဟာ လူကြိုက်များခဲ့ပါတယ်... သုံးရတာအဆင်ပြေတာရော၊ ဈေးနှုန်းသက်သာမှုကြောင့်ပါ Smooth-Q ဟာ လူသုံးများခဲ့ပါတယ်... အခုအချိန်မှာ Smooth-Q ရဲ့ဈေးက USD99.0 ပဲရှိပါတယ်... 
 Smooth-Q တို့ Smooth 4 တို့ဆိုတာ နာမည်ကြီး Dji ကုမ္ပဏီကထုတ်တဲ့ osmo mobile, osmo mobile 2 တို့လိုမျိုး mobile ဖုန်းနဲ့ video ရိုက်တဲ့အခါ တည်ငြိမ်အောင်ပြုလုပ်ပေးတဲ့ Gimbal Stabilizer မျိုးပါ... 
 Osmo mobile စထွက်တုန်းက USD299.0 ရှိခဲ့ပြီး Smooth-Q ရဲ့ ရိုက်ခတ်မှုကြောင့်ထင်ပါတယ်... Osmo Mobile 2 ထွက်လာတော့ USD129.0 ဈေးနဲ့ ရောင်းချခဲ့ပါတယ်... 
 Zhiyun က အခုထုတ်ရောင်းမယ့် Smooth 4 ကို USD139.0 နဲ့ ရောင်းချမှာ ဖြစ်ပါတယ်... Smooth 4 ဟာ နာမည်ကြီး Dji ထုတ် osmo mobile 2 ထက် USD10 ဈေးပိုများပေမယ့်လည်း သူ့မှာပါတဲ့ လုပ်ဆောင်ချက်တွေက osmo mobile 2 ထက်ပိုများပါတယ်... 
 Smooth 4 မှာပါတဲ့ ကျတော်ကြိုက်တာလေးတွေကိုပဲ ရွေးပြီး ရေးပါ့မယ်...  

Smooth 4 မှာ ဖုန်းကိုတပ်ပြီး ဖုန်းနဲ့ Smooth 4 ချိတ်ဆက်ပြီးတာနဲ့ ဖုန်းကိုကိုင်စရာမလိုအောင် mode ပြောင်းတာ function ပြောင်းတာတွေကို Smooth 4 မှာပါတဲ့ ခလုတ်တွေကနေ တဆင့် လုပ်ဆောင်လို့ရပါတယ်... ဖုန်း screen သွားပြီး တို့ထိစရာ မလိုတော့ပါဘူး... S

mooth 4 ရဲ့ ဘယ်ဘက်ဘေးက Zoom/Focus handwheel လေးကို အသုံးပြုပြီးတော့ zoom in/out လုပ်တာ၊ လိုချင်တဲ့ object ကို focus ပြောင်းဖြတ်တာမျိုးကို အလွယ်တူ လုပ်နိုင်ပါတယ်... အဲဒီလို လုပ်နိုင်တာ အတော်ကို အဆင်ပြေပါတယ်... 

 Panorama mode ၂-မျိုးပါလာပါတယ်... 180° pano နဲ့ 3x3 pano mode ပါ... 

Multi-Exposure mode နဲ့ Long Exposure mode တွေ လည်းပါပါတယ်... 

 Review video အရဆိုရင် သူ့မှာပါတဲ့ slow motion video ဟာ အတော်လေးကို ကောင်းမွန်တာ တွေ့ရပါတယ်... 

ကျန်တာတွေ မရေးတော့ပါဘူး... 
Smooth 4 မှာ ကျတော်အကြိုက်ဆုံး function တစ်ခုကတော့ Vertigo Shot လေးပါ... ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတွေ့ရတဲ့ ရိုက်ချက်ပါ... လူရဲ့ အရွယ်အစားက ဒီတိုင်းပဲရှိနေပြီး နောက်က ရှုခင်းတွေကို တဖြည်းဖြည်းနဲ့ zoom out/in ဖြစ်သွားတဲ့ ရိုက်ချက်မျိုးပါ... ပုံမှန်လူတွေရိုက်ဖို့ဆိုရင် ဒီရိုက်ချက်က ရိုက်ရတာ ခက်ခဲပါတယ်... 

 ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ... 

အဆုံးထိဖတ်ပေးလို့ ကျေးဇူးအထူးပဲ တင်ရှိပါတယ်...

Comments

Ad