photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Sunday, February 21, 2016

ကျော့် မှ မေတ္တာရပ်ခံခြင်း

မေတ္တာရပ်ခံခြင်း
|||||||||||||||||||||||||

"ကျော့်" ဆိုတဲ့ အသုံးကို ကျော့် စသုံးခဲ့ပါတယ်... မြန်မာစာကို ဖျက်ဆီးသူ ကျော့်ပေါ့...

"ကျော့" လို့ စသုံးခဲ့တယ်... မိန်းကလေးအမည်တွေမှာ "ကျော့" ပါတတ်လို့ မြန်မာစာမှာ မရှိတဲ့ စကားလုံး ဖြစ်တဲ့ "ကျော့်" ဆိုပြီး သုံးခဲ့တယ်...

ယခုအခါ တချို့ ချို့တွေ "-့ " မပါဘဲ "ကျော်" ဟု သုံးနေတာတွေ တွေ့ရှိနေရပါတယ်... ယောက်ျားလေးအမည်များမှာ "ကျော်" ပါတတ်လို့ ကျော် လို့သုံးတာ ရပ်ပြီး "ကျော့်" သုံးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်...

ခင်မင်စွာဖြင့်

"ကျော့်" စာလုံးဖြင့် မြန်မာစာ ဖျက်ဆီးသူ
မောင်လှ (ခ) ထင်လင်းအေး

"ကျော့်" အသံထွက် စကားပြောကို စတင် သုံးစွဲသူမှာ ကျော့်တို့ချစ်ခင်လေးစားရတဲ့ rocker ကြီး လေးဖြူပါ... ကျတော် ကျော့်ကို သုံးတာထက် ပိုစောပါတယ်...

ကျွန်တော် > ကျတော် > ကျော့်

Friday, February 19, 2016

MgHla နှင့် #ooredoo စိတ်ကြိုက်နံပါတ် ဝယ်ယူခြင်း အတွေ့အကြုံ


ooredoo အရောင်းဆိုင်မှာ ဝယ်လို့ရမယ်ထင်လို့ အရောင်းဆိုင်ကို မနေ့က သွားတော့ ooredoo call center 234 ကို ဖုန်းဆက်မှာပြီးမှ အရောင်းဆိုင်မှာ ပြန်လာဝယ်ရမှန်း သိခဲ့ရတယ်။

အဲ့ဒါနဲ့ ooredoo ဖုန်းနဲ့ 234 ကိုဆက်ပြီး ကျတော်လိုချင်တဲ့ နံပါတ်ရှိလား စုံစမ်းတော့ ရှိတယ်လို့ ပြန်ဖြေတယ်... ဈေးမေးကြည့်တော့ ကျတော်လိုချင်တဲါ နံပါတ်က ၁၅၀ဝိ/- ပါပဲ... ယူမယ်ပြောလိုက်တာနဲ့ call center ဝန်ထမ်းက အခြားသူတွေ ဝယ်လို့မရအောင် password လိုမျိုး ကိုယ်ပေးချင်တဲ့ code ၈-လုံးပြောခိုင်းပါတယ်... ပြီးရင် ဝယ်ချင်တဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံးကို သေချာ ပြန်ပြောပြပါတယ်...

ဆိုင်မှာ သွားဝယ်တဲ့အခါဝယ်မယ်ပြောထားတဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံး တူမှ ဝယ်လို့ရမယ့် အကြောင်းရယ်၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် ယူသွားဖို့ရယ်၊ ဖုန်းဆက်တဲ့ အချိန်ကစပြီး ၂၄-နာရီ အတွင်းသာ ဝယ်ယူနိုင်ကြောင်း ရှင်းပြပါတယ်... ၂၄-နာရီအတွင်း မဝယ်ဖြစ်ခဲ့ရင် 234 ကိုဖုန်းခေါ်ပြီး အခုလို ပြန်လုပ်ဖို့ ရှင်းပြပါတယ်... Call Center က ဝန်ဆောင်မှု ကောင်းပါတယ်...

ဒီနေ့ ၇၃-လမ်းပေါ်က ooredoo အရောင်းဆိုင်ကိုသွားပြီး token နံပါတ်ယူပါတယ်... ရှေ့မှာ လူ ၇-ယောက် ၈-ယောက်လောက်ပဲ တွေ့တယ်... ကျတော်တို့စရောက်တဲ့ အချိန်လုပ်ပေးနေတာက တိုကင်နံပါတ် ၂ ပါ... နံပါတ် ၃ လုပ်ပေးနေချိန် အချိန်မှတ်ကြည့်တာ ၁၅-မိနစ်ကျော်ကြာပါတယ်... ကျတော်တို့ ၂-နာရီခွဲကျော်လောက်ကြာခဲ့တယ်...

အကြံပေးချင်တာကတော့ တိုကင်နံပါတ်ရရင် အခုလုပ်ပေးနေတဲ့ တိုကင်နံပါတ်နဲ့ ကိုယ်ရထားတဲ့ နံပါတ် ဘယ်လောက်ကွာလဲ တွက်ကြည့်ပါ... ပြီးရင် ၁၅ နဲ့မြှောက်ပြီး ကြာချိန်ကို တွက်ပါ... ဥပမာ ကိုယ်ရတာ တိုကင်နံပါတ် ၁၅ ... အခုလုပ်ပေးနေတာ တိုကင်နံပါတ် ၄ ဆိုပါစို့... ၄ နဲ့ ၁၅ ကြားမှာ ၁၀ ကွာတယ်... တိုင်ကင်တစ်ခုကို ၁၅ မိနစ်လောက် အချိန်ယူတယ်ဆိုတော့ မိနစ် ၁၅၀... အဲဒီတော့ မိနစ် ၁၅၀ လောက်ကြာမှာဆိုတော့ တစ်နေရာရာမှာ အချိန်ဖြုန်းပါ၊ အလုပ် လုပ်စရာရှိတာ လုပ်ပါ... မန္တလေး ၇၃ ပေါ်က ooredoo ဆိုင်မှာ ထိုင်ခုံ အလုံအလောက် မရှိသလို၊ သောက်စရာ ရေလည်း မရှိပါဘူး...

အဲဒီက ဝန်ထမ်းအမကြီး တစ်ယောက်က လာဝယ်တဲ့သူကို နင်တွေ ငါတွေနဲ့ပါ ပြောပြီး ငေါက်ပါတယ်... သူပြောနေတဲ့ လာဝယ်တဲ့သူက ဖုန်းဆိုင်တွေပြန်ရောင်းမယ့်သူ ခဏခဏ လာဝယ်နေလို့ ငေါက်တာ ဟောက်တာ ဖြစ်နိုင်ပေမယ့်... ကျတော်တို့လို ရိုးရိုးသားသား လာဝယ်သူတွေကိုပါ မလေးစားရာ ရောက်ပါတယ်...

sim card ၁-ကဒ် အတွက် ငွေဖြည့်ကဒ် ၃၀၀၀-ကျပ်တန် ၁-ကဒ် အနည်းဆုံးဝယ်ရပါတယ်...

Call Center ဝန်ဆောင်မှုကို 5/5 အမှတ်ပေးပြီး Ooredoo ဆိုင်ရဲ့ ဝန်ဆောင်မှုကို 2/5 အမှတ်ပဲ ပေးပါတယ်...