gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Joke for All. All for Joke ကာတွန်းပြပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မန္တလေးတိုင်း ဒေသကြီး) NLD က ကြီးမှူးကျင်းပတဲ့ Joke for All. All for Joke ကာတွန်းပြပွဲကို ဒီနေ့ (၂၀-၁-၂၀၁၂) မှစပြီး (၂၂-၁-၂၀၁၂) အထိ ၂၆-လမ်း၊ ၈၇-၈၈ လမ်းကြားမှာ ရှိတဲ့ ပဒုမ္မာခန်းမမှာ ကျင်းပပြုလုပ်နေပါတယ်... နေ့လယ် ထမင်းစားပြီးတော့ ရဲဘော်သူရိန်နဲ့ အတူ အဲဒီ ကာတွန်းပြပွဲကို ရောက်ခဲ့ပါတယ်... ကာတွန်းပြပွဲနဲ့ အတူ ရန်ပုံငွေ ရရှိရေးအတွက် အမှတ်တရ ပစ္စည်းများကိုပါ ရောင်းချပေးနေတာ တွေ့ခဲ့ပါတယ်...


ပြပွဲအတွင်း ကြည့်ရှုနေကြသူများ

အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသော အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားစာရင်းကို ဖတ်ရှုနေသူ ပြပွဲလာသူတစ်ဦး

အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၁

အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၂

ဒေါ်အောင်ဆန်းစုကြည့်ပုံပါ T-Shirt အား ဝယ်ယူရန် ကြည့်ရှုနေသူ တစ်ဦး


NLD မှ ရောင်းချနေသော အမှတ်တရ ပစ္စည်းဆိုင်
 
ကာတွန်းဆရာများမှ အမှတ်တရ ကာတွန်းရေးဆွဲနေပုံ


My Labels: NLD, National League for Democracy, Cartoon Exhibition, Mandalay, Myanmar, Burma

Comments

ကိုမောင်လှတင်သမျှ အထဲမှာ အကြိုက်ဆုံး ပို့ စ် တခုလို့ မှတ်တမ်းတင်ပရစေ...

Ad