photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, June 28, 2011

GSM ဖုန်းမှာ Internet သုံးမယ်... by DD85 - mmcpcommunity.net

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။

Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။

Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes  လုပ်ပါ။  Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name  မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။

ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက်ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။

PC ကနေသွားမယ်ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။

အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။

ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။

ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံပြီးရေးပါသည်။



ကျေးဇူးတင်ပါတယ် ကြိုက်သလို သုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှ မသိလိုက်ရတဲ့ သူတွေ အတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေး လိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။



credit: http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef-%283%29%2Fpage29 မှ DD85 ရေးသားထားသော post ကို DD85 ဆီမှ ခွင့်ပြုချက်ယူပြီး ပြန်လည် မျှဝေပါသည်။

Tuesday, June 07, 2011

iPhone 3GS နဲ့ ကျတော်...

iOS 4.1 တင် ထားတဲ့ ကျတော့်ရဲ့ iPhone 3GS လေး ဖုန်းပြောတာကြာရင် restart ကျတတ် လို့ရယ်၊ ဖုန်းသုံးရတာ လေးတာရယ်၊ နောက်ပိုင်းထွက် app အချို့တင်လို့ မရတာကြောင့် အခုနောက်ဆုံးထွက် ထားတဲ့ iOS 4.3.3 ကို တင်ဖြစ်ပါတယ်... iPhone လက်ထဲရောက်ပြီး  ပထမဆုံး အကြိမ် firmware မြှင့်ခဲ့တုန်းက အဆင်မပြေလို့ iSONIC က ရှမ်းလေး ပြန်ပေးခဲ့တာကို အခု upgrade မလုပ်ခင် အချိန် အထိ သုံးနေတာပါ... ကျတော့်ရဲ့ ပထမဆုံး iPhone firmware တင်တာ အောင်မြင်မှုကို မျှဝေပါရစေ...

ကျတော် သုံးနေတဲ့ iPhone 3GS က old bootroom ဖြစ်ပြီး baseband (သို့) Modem Firmware 06.05.00 (iPad baseband) ပါ...
iPhone 3Gs မှာ old bootrom လား new bootrom လားဆိုတာကို www.redmondpie.com နည်းနဲ့ စစ်ခဲ့ပါတယ်... ပထမအကြိမ် firmware တင်လို့ မရတာလည်း iPad baseband ပြောင်း ထားလို့ပါ... အဲဒါလည်း နောက်မှ forum တွေ ဖတ်ရင်း သိတာပါ... 06.05.00 bb ပြောင်းထားရင် apple ထုတ် stock firmware ကိုတင် လို့မရတော့ဘဲ ပြုပြင်ထားတဲ့ custom firmware ပဲတင်လို့ရတော့တယ် ဆိုတာပါ သိလာပါတယ်...

www.redmondpie.com မှာ sn0wbreeze ကို သုံးပြီး Apple stock firmware iOS 4.3.1 ကို သုံးပြီး custom firmware tutorial မြင်ကတည်းက ကျတော့ဖုန်းကိုလည်း upgrade လုပ်ဖို့ပါပဲ... ခရီးထွက် အလုပ် မအားတာနဲ့ မလုပ်ဖြစ်ဘဲ apple.com က ဒေါင်းထားတဲ့ iOS 4.3.3 firmware ကို သုံးပြီး မနေ့ကမှ gensanblog.com ကနည်း အတိုင်း custom firmware လုပ်ပါတယ်... Firmware ရတော့ အပြင်သွားစရာ ရှိတာနဲ့ sn0wbreeze ကိုပိတ်ပြီး အပြင်သွားပါတယ်... 

အပြင်ကပြန်ရောက်တော့မှ ဖုန်းကို DFU mode ထဲဝင်ပြီး iTune နဲ့ချိတ်ပြီး shift+restore လုပ်ပါတယ်... ဒါပေမယ့် 1600 error code ပြပြီး restore လုပ်လို့ မရကြောင်း ပြော ပါတယ်... ကျတော်သုံးတဲ့ iTune နိမ့်လို့ ဖြစ်နေတာထင်ပြီး iTune အသစ် ဒေါင်းလုပ်တော့လည်း အဲဒီဟာပဲ ပြပါတယ်... နောက်မှ စဉ်းစားမိတာက sn0wbreeze ကပြောတဲ့ အဆင့်နဲ့ DFU mode ကိုဝင်ခဲ့တာမဟုတ်တာဆိုတာကို သွားတွေ့ပါတယ်... iREB rc4 နဲ့ DFU mode ကိုဝင်၊ iTune မှာ shift+restore လုပ်မှပဲ firmware upgrade ကအောင်မြင် ပါတော့တယ်... Unlock ကိုတော့  www.redmondpie.com ကနည်းနဲ့ လုပ်ခဲ့ပြီး ပထမဆုံး အကြိမ် အောင်မြင်စွာ iPhone firmware မြှင့်နိုင်ခဲ့ကြောင်းပါ...



My Labels: iPhone, iOS, firmware upgrage, custom firmware, jailbreaking, unlock

Wednesday, June 01, 2011

facebook မှာ share မိတာတွေ... June-2011

  • iPhone နဲ့ iPod Touch တွေမှာ iWork သုံးလို့ရပါပြီတဲ့ ခင်ဗျာ... http://www.redmondpie.com/iwork-suite-for-iphone-and-ipod-touch-now-available-for-download/

  • iPhone မှာ သုံးတဲ့ barcode ရော QR code ပါဖတ်တဲ့ QuickMark app ကို သဘောကျနေတယ်... QR code generator (http://www.the2dcode.com/qr-code-generator) ကိုကြိုက်နေတယ်...

  • Android နဲ့ Windows Mobile ပုံစံ လုပ်ထားတဲ့ iPhone app ပါ... အာသာပြေပေါ့...  http://www.redmondpie.com/install-windows-phone-7-and-android-on-iphone-with-osfaker/

  • iPhone ကနေ Windows/Mac Computer တွေကို လှမ်းပြီး shutdown လုပ်လို့ရတဲ့ app အကြောင်းပါ... http://www.redmondpie.com/ishutdown-lets-you-remotely-turn-off-your-pc-or-mac-using-iphone/ 

  • Oct 2009 မှ Apr 2011 အတွင်း Apple မှ ထုတ်လုပ်ထားတဲ့ MacBook အဖြူရောင် ပိုင်ရှင်များ ခင်ဗျား ဒါလေးကို ဖတ်ဖြစ်အောင် ဖတ်ကြပါ... အဖြူရောင် MacBook အောက်ခံပြား ကွာလာတာ ဟလာရင် apple အခမဲ့  လဲလှယ်ပေးနေပါတယ်တဲ့... http://www.apple.com/support/macbook-bottomcase/

  • အသစ်ထွက်တဲ့ ကင်မရာ ဝယ်ထားပြီး RAW နဲ့ရိုက်တဲ့ပုံတွေကို Photoshop or Lightroom မှာ ဖွင့်လို့မရဘူးလို့ ဆိုကြတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေးများ http://www.adobe.com/products/photoshop/extend.html ကနေ Photoshop အတွက်ဆို Camera Raw... Lightroom အတွက် ဆို Lightroom update ကို ဒေါင်းပါလေ...
http://www.facebook.com/MgHla.net မှာ share ထားတဲ့ အထဲက အချို့ကို blog မှာ ပြန်လည် မျှဝေလိုက်တာပါ...