gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, May 31, 2011

“ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ”မှတ်တမ်း ဒီဗီဒီ ထွက်ပြီ...

"အမျိုးဂုဏ်ဇာတိဂုဏ်နှင့်ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး" ဟူသော ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်ရတာ ၂ နှစ်ခွဲ ကြာသတဲ့ ....။

မြန်မာအကဗေဒကို ဖော်ထုတ် မှတ်တမ်း တင်ရိုက်ကူးထားသည့် "ဗုံလေးလုံးသံစဉ် ဂန္ထဝင်အက ပဒေသာ"မှတ်တမ်း ဗီစီဒီကို မေလ ၂၃ ရက်နေ့က စတင်ဖြန့်ချိနိုင်ခဲ့ပါပြီ။ ၁၉၅၃ ခုနှစ် မန်းလေး ပန်တျာကျောင်းတွင် စတင်တီထွင်ပြီး သင်ရိုးအဖြစ် သင်ကြားခဲ့ အကပညာရှင် ဒေါ်သြဘာသောင်း၏ ကဗျာလွတ်က ကွက်များကို အခြေခံကာ ကကြိုး ကကွက်များ၊ မြန်မာ ရှေးရိုး တပင်တိုင် အကများကို မြန်မာ သီချင်းကြီးတေးသွား သံစဉ်များနှင့် အတူ ဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးမှုတွင် သမိုင်းကြောင်း ရှင်းပြခြင်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာ စာတန်းထိုး များ ၊ဖွင့်ဆိုရှင်းလင်းချက်များ ပါဝင်သည်။ "အခုခွေက ၂ နှစ်ကျော်ကြာမြင့် သွားခဲ့ပြီး ထုတ်လုပ် ဖြန့်ချိခွင့် မရနိုင်လောက်အောင် ကန့်ကွက်မှုတွေရှိတဲ့ အခြေအနေကြားကနေ နားလည် သဘောပေါက်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တချို့ရဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ခက်ခက်ခဲခဲနဲ့ ထွက်လာတယ်လို့ ဆိုရမှာပါ။ စီးပွားရေးမပါပဲ အခုလိုဖော်ထုတ် မှတ်တမ်းတင်ရိုက်ကူးမှုကို လုပ်ပိုင်ခွင့်နဲ့ကန့်ကွက်ကြတယ်ဆိုတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ မြန်မာရိုးရာ ယဉ်ကျေးမှု အနုပညာကို ဈေးကွက်မရှိဘဲ ခက်ခက်ခဲခဲ ဖော်ထုတ်ရတဲ့ကြားက အနှောက်အယှက် အတားအဆီးတွေ ရှိနေအုံးမယ်ဆိုရင် ကိုယ့်ယဉ်ကျေးမှုအတွက် စိတ်မကောင်းစရာပါပဲ။ ခေတ်ပေါ်ဆိုတာတွေ ခုရိုက်ခုဖြန့်နေကြချိန်မှာ ကိုယ့်ယဉ်ကျေးမှု အနုပညာဖော်ထုတ်တဲ့ ပညာရှင်ကြီးတွေရဲ့အခွေက ခက်ခဲစွာ ဆောင်ရွက်ရတယ်ဆိုတာ လုံးဝမဖြစ်သင့်တော့ဘူး"ဟု ဗုံလေးလုံးသံစဉ် စီစဉ်သူက ဆိုသည်။

၁၉၆၇ ခုလောက်က ဆရာမကြီးတီထွင်ခဲ့တဲ့ ကဗျာလွတ် ၅ ဆင့် ကကွက် ၁၂၅ ကွက်ကို ကျွန်မရဲ့ကဟန်တွေနဲ့ ပန်းချီပုံကြမ်း ၁၆၁၇ ပုံ၊ ဓာတ်ပုံမှတ်တမ်း ၄၇၁၃ ပုံနဲ့အပြင် အဲဒီအချိန်က မော်ကွန်း ရုပ်ရှင်အနေနဲ့လည်း မှတ်တမ်းတင်ဖူးတယ်။ နောက်ပြီး ကဗျာလွတ်ကကွက် ၁၂၅ ကွက်နဲ့မြန်မာ့ရှေးရိုး တပင်တိုင်အက၊ ခေတ်ဆန်း တပင်တိုင်အကတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ ၁၉၈၄ ခုမှာ မှတ်တမ်းရိုက်ကူးခဲ့သေးတယ်။ အခု ဗုံလေးလုံးသံစဉ်က လေ့လာလိုသူတွေအတွက် ဆရာမကြီးရဲ့ မူမှန်စနစ်ကို သိရှိမှတ်သားစေလိုတာကြောင့် လုပ်ဖြစ်ခဲ့ကြတာ။ဘာလိုပဲဖြစ်ဖြစ် အချိန်အများကြီး ကုန်ဆုံးသွားခဲ့ပြီးမှ ထွက်ရှိလာပြီဆိုတော့လည်း လုပ်ရကျိုးနပ်ပါတယ်" ဟုလည်း အကပညာရှင် ဒေါ်ခင်ဝင်းနွယ်က ပြောသည်။

ဒါရိုက်တာ - ဆူးငှက်၊ အကပညာရှင် - ခင်ဝင်းနွယ် (မန္တလေး) တို့ရဲ့
ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ မှတ်တမ်းခွေ ၂၃ရက်နေ့ တနင်္လာနေ့တွင် မြန်မာတစ်ပြည်လုံးသို့ ဖြန့်ချိတော့မည်...
[via: ရဲဘော်သူရိန် @ facebook]

ဒီနေ့ မနက်ပိုင်း Oriental Houseမှာ ကျင်းပခဲ့တဲ့  "ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ"မှတ်တမ်း ဒီဗီဒီ  မိတ်ဆက်ပွဲမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြ ပေးလိုက်ပါတယ်....

254433_10150206578519784_691314783_6854468_8131222_n.jpg
ဒေါ်ခင်စောဦး (Oriental House)

254433_10150206578524784_691314783_6854469_1868923_n.jpg
လှဂုဏ်ရည် ကျော်ဝင်း

254433_10150206578529784_691314783_6854470_586675_n.jpg
ဦးရွှန်းမြိုင် (မြို့မ)

254433_10150206578534784_691314783_6854471_3092539_n.jpg
ဆရာဆူးငှက်

253818_10150206581254784_691314783_6854503_4938563_n.jpg
ဆရာသင့်နော်


My Labels: News, Burma, Mandalay, Myanmar, Four Drum Melody: General Dance Programme




Thursday, May 05, 2011

Lightroom 3.x က Watermark ကို သုံးပြီး ဓာတ်ပုံကို ဘောင်ခတ်ရအောင်...




1. ပထမဆုံး အပေါ်မှာ ပြထားတဲ့ပုံအတိုင်း ဖိုတိုshop (သို့) အလားတူ software မျိုးသုံးပြီး စိတ်တိုင်းကျ ဓာတ်ပုံဘောင်တစ်ခု ဖန်တီးပါ... background layer ကို မျက်စိပိတ်လိုက်ပါ... အပေါ်မှာ ပြထားတဲ့ပုံ ထဲမှာဆို background layers ကို ပိတ်ထားတဲ့ အတွက် transparent ဖြစ်တဲ့နေရာတွေကို ကျားကွက်လို အကွက်မျိုးနဲ့ ပြနေပါတယ်... စိတ်ကြိုက် ဘောင်တစ်ခု လုပ်ပြီးပြီ ဆိုရင်တော့ ဖိုင်ကို PNG format နဲ့ Save လုပ်ပြီး စိတ်ချရတဲ့ နေရာမှာ သိမ်းဆည်းပါ..
2. Lightroom 3.x ကိုဖွင့်ပါ...
3. Edit > Edit Watermarks ကို ကလစ်နှိပ်ပြီးဖွင့်ပါ... အောက်က ပုံအတိုင်း dialog box ပေါ်လာပါလိမ့်မယ်...


4. Image Options > Choose ခလုတ်ကို နှိပ်ပြီး ခုနက လုပ်ထားတဲ့ ဘောင်ကို ရွေးပေးပါ...
5. Size မှာ Fit (သို့) Fill ကို ရွေးပါ...
6. Anchor မှာ အလယ်တည့်တည့် အပြောက်ကို ရွေးပါ...
preview မှာ နမူနာ ပုံပြနေမှာ ဖြစ်တဲ့ အတွက် စိတ်တိုင်းကျ ချိန်ညှိပါ...
7. စိတ်ကြိုက် ဖြစ်ရင်တော့ Save ကို နှိပ်ပါ... Preset နာမည် လာတောင်းပါလိမ့်မယ်... ကျတော်ကတော့ Border Tutorial လို့ ပေးလိုက်ပါတယ်...

8. ကျတော်တို့ Export လုပ်မယ့် ဓာတ်ပုံ(တွေ)ကိုရွေးပြီး File > Export ကိုရွေးပါ...
Export dialog box ပေါ်လာပါလိမ့်မယ်...


9. Watermarking ဆိုတဲ့နေရာမှာ အဆင့် 7 မှာ သိမ်းခဲ့တဲ့ watermark preset ကိုရွေးပါ... Export ခလုတ်ကို နှိပ်လိုက်ပြီ ဆိုတာနဲ့ အောက်မှာပြထားတဲ့ ပုံအတိုင်း ဘောင်ခတ်ပြီးသား ပုံလေး ရလာပါပြီ...

အောက်ကပုံကတော့ အလယ်မှာ MgHla.net ဆိုတဲ့ စာတမ်း ထပ်ဖြည့် ထားတဲ့ PNG ဖိုင် ဘောင်နဲ့ export လုပ်ထားတာပါ...


My Labels: Photograpy, Photo Editing Software, Microsoft Windows, Macintosh  Max OS X snow leopard