photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, March 29, 2011

CMScamp Mandalay 2011 ကျင်းပမည်...



ယနေ့ခေတ် web site များတည်ဆောက်ရာတွင် အသုံးပြုမှုများပြားလာသော CMS...
အင်တာနက် သုံးတတ်သူ မည်သူမဆို web site များ၊ blog များ အလွယ်တကူ ဖန်တီးနိုင်သော CMS...
Content Management System (CMS) မျိုးနွယ်စုဝင်များဖြစ်သည့် Joomla, Drupal, Wordpress နှင့်ပတ်သက်သည့် နည်းပညာရပ်များကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေး ဖလှယ်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။  
CMScamp Mandalay 2011 ကို လာမယ့် တနင်္ဂနွေနေ့(ဧပြီ-၃ ရက်နေ့)မှာ နေ့လယ် ၁၁-နာရီကနေ ညနေ ၅-နာရီအထိ ရွှေဖြူပလာဇာ ဒုတိယထပ်မှာရှိတဲ့ MCPA/MCIA conference hall မှာ ကျင်းပမှာပါ...
My Labels: seminar, barcamp, cmscamp, Mandalay, MDY, MDL, Burma, Myanmar

Friday, March 25, 2011

နှစ်သက်မိတဲ့ iPhone Dictionary apps တွေ...

  • Cambridge Advanced talking dictionary လေးကို ကြိုက်မိတယ်... ဒေါင်းလုပ်လုပ်တာ ၂၀၉-မက်လောက် ရှိပါတယ်... အသံထွက်က US အသံထွက်ရော UK အသံထွက်ပါ ပါတယ်...
  • saturngod @ ထိန်လင်းရွှေ ရေးထားတဲ့ Ornagai Dictionary ကိုလည်း ကြိုက်မိတယ်... သိပ်စုံတဲ့ light version ကို သုံးနေတယ်... ဖုန်းဝယ်တဲ့ဆိုင်က jb လုပ်ပြီး ထည့်ပေးလိုက်တုန်းက Ornagai full version (cracked) ပါတယ်... 
  • ကိုယ်ဘာသာကို iOS 4.2.1 တင်လိုက်တာ ပြန်မတက်တော့လို့ iSonic က ညီငယ် ရှမ်းလေး ပြန်တင်ထားပေးတာနဲ့ သုံးနေတာဆိုတော့ Ornagai full version (cracked) မရှိတော့ဘူး... ရှမ်းလေးတို့ရဲ့ iSonic က ၇၃-လမ်း၊ ၃၆×၃၇-လမ်းကြားမှာ ရှိတယ်... iDevice တွေနဲ့ ပတ်သက်တဲ့ software ပိုင်း hardware ပိုင်းတွေကို ဖြေရှင်းပေးပါတယ်...
  • နောက်ညွှန်းချင်တာကလည်း မြန်မာလူမျိုးတွေ ထုတ်ထားတဲ့ iDEFINED ပါ... ဒီ iDEFINED ကို Technomation Studio ရဲ့ CEO ထူးမြင့်နောင် ဆီက လက်ဆောင် ရထားတာပါ... iDEFINED မှာ English-Myanmar, Oxford Advanced Learners, Longman, Merriam-Webster ဒစ်ရှင်နယ်ရီတွေ ပါပါတယ်... အသံထွက်လည်း နားထောင်လို့ ရပါတယ်... iDEFINED မှာ ရှာတဲ့ စာလုံးရိုက် နေချိန်မှာ သက်ဆိုင်ရာ စကားလုံးတွေ မကျလာဘဲ Search နှိပ်မှ ပေါ်တဲ့ အတွက် စာလုံးပေါင်း သေချာ မသိတဲ့ စကားလုံးတွေ ရှာရင် အခက်အခဲ ဖြစ်စေပါတယ်... iDEFINED ကို jail break လုပ်ထားတဲ့ iPhone များမှာသာ ထည့်သွင်းနိုင်ပါတယ်... iDEFINED ကို iPhone မှာသာမက အခြား ဖုန်းအမျိုးအစားတွေ အတွက်ပါ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်...

ကျတော် iPhone ကိုင်နေတယ် ဆိုလို့ အထင်မကြီးပါနဲ့ အသစ် ကိုင်နိုင်လို့ iPhone 3Gs 32GB အဟောင်းလေး ဝယ်ကိုင်တာပါ... သနားလို့ iPhone 4 လက်ဆောင် ပေးချင်က ပေးနိုင်ကြောင်းပါ...

My Labels: iPhone Apps, Dictionary, word finder

Saturday, March 12, 2011

PhotoCam Mandalay 2011


My Labels: PhotoCamp Mandalay 2011, the first PhotoCamp in Mandalay, Myanmar

Saturday, March 05, 2011

PhotoCamp Mandalay ကျင်းပမည်...


““ ဓာတ်ပုံဆိုတာ အတ္ထုပတ္တိဖြစ်သလို၊ဖြတ်သန်းမှုလည်း ဖြစ်တယ်။ အဖြစ်အပျက်တစ်ခုဖြစ်သလို သမိုင်းအချက်အလက်လည်း ဖြစ်တယ်။ အဲဒီ အတ္ထုပတ္တိတွေ၊ ဖြတ်သန်းမှုတွေ၊ အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေ၊ အလွမ်းဝေဒနာတွေ၊ ခံစားမှုရသတွေကို တူရာစုပြီး
PhotoCamp Mandalay မှာ တွေ့ဆုံပြောဆို ဖလှယ်ကြရအောင်လေ....။””


နေ့ရက် - 20-Mar-2011
အချိန် - နံနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ
နေရာ - MCPA Conference Hall ၊အခန်း (226), ရွှေဖြူပလာဇာ၊ ၃၃-လမ်းနှင့် ဇောတိကလမ်းကြား၊ 
           ၇၇-လမ်းနှင့် ၇၈-လမ်းကြား၊မန္တလေးမြို့

facebook မှာ share မိတာတွေ...

  •  facebook ပေါ် 40 KB လောက်ပဲ ရှိတဲ့ ဓာတ်ပုံ ပုံမှန်အတိုင်း တင်တာ တင်လို့မရဘူး... mail ကနေလှမ်းပို့တင်လိုက်တာတော့ ရ၏... mail ကနေ fb ကိုလှမ်းတင်ဖို့အတွက် ကိုယ့်ရဲ့ upload email address ကို http://www.facebook.com/mobile/ မှာသွားကြည့်ရပါတယ်...
  • ကိုစိုးမင်းရေးထားတဲ့ အဘိဓာန် http://code.google.com/p/wxpydict/
  • wordpress မှာ automatic upgrade လုပ်တဲ့အခါ Allowed memory size of xxx bytes exhausted error ပြပြီး upgrade မဖြစ်ရင် WP Overview (lite) Dashboard Memory Load Usage Plugin လေး install လုပ်ပြီး ပြန်လုပ်ကြည့်ပါ... ကျတော်တော့ အဆင်ပြေသွားပါတယ်...
  • Windows 7 နဲ့ scanner အဟောင်းတွေ အဆင်မပြေဖြစ်နေလား... Vueစကန် ကို ရှာဖွေ အသုံးပြုလိုက်ပါ... ၂၀၀၀-ပြည့်နှစ်ကတည်းက အသုံးပြုလာခဲ့တဲ့ Acer Scanner ရဲ့ Driver ကို Windows7 မှာတင်တိုင်း blue screen ပဲ ကျကျ သွားပါတယ်... အခုတော့ Vueစကန် ကျေးဇူးနဲ့ ပြန်လည် အသုံးပြုလို့ ရနေပါပြီ... Vueစကန် ကို ကျတော်တော့ 4shared ကနေ ရှာတွေ့ပြီး အသုံးပြုတာ အဆင်ပြေကြောင်းပါ...
  • Windows 7 64-bit & 32-bit မှာပါ အသုံးပြုနိုင်တဲ့ Zawgyi လက်ကွက်... http://www.zawgyi.net/index.php?option=com_content&task=view&id=11&Itemid=11#JOSC_TOP

http://www.facebook.com/MgHla.net မှာ share ထားတဲ့ အထဲက အချို့ကို blog မှာ ပြန်လည် မျှဝေလိုက်တာပါ...