gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးတွင် ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဂုံးကျော် တံတား ၂-ခုအား ဆိုင်ကယ် စက်ဘီး အသုံးပြုခွင့် မပြုခြင်းကြောင့် ယာဉ်ကြောများ ယခုထက် ပိုမို ပိတ်ဆို့နိုင်


  • ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့)
  • ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်...
  • ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။
  • ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်....
  • လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။
  • ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်...
  • မီးရထား ဘူတာရုံကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် ဂုံကျော်များမှာ အတက်အဆင်း အဆင်မပြေခြင်း၊ ငွေကြေးကောက်ခံမှုများကြောင့် အသုံးပြုသူ နည်းပါးသည်။
  • ၂၆-လမ်းနှင့် ၃၅-လမ်းကြားတွင် ၃၅-လမ်းကဲ့သို့ နောက်ထပ် ဂုံးကျော် ၁-ခု အနည်းဆုံး ဆောက်လုပ်မှသာလျှင် ၇၈-လမ်း အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း သွားလာမှု ပိုမို အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
  • ၃၅-လမ်းဂုံးကျော်တံတားတွင် ဆိုင်ကယ် စက်ဘီး မဝင်ရ စာတမ်း သင်္ကေတ ရုပ်ပုံ ချိတ်ဆွဲထားခြင်း မရှိသေးဘဲ ယာဉ်ထိန်းရဲ၊ စည်ပင်မှလူများဖြင့် သာ လမ်းရှင်းနေတာကို တွေ့ခဲ့ရပါတယ်... 
  • ၇၈-လမ်း လမ်း-၈၀ ကြား ၃၆-လမ်းကို အရှေ့မှ အနောက်သွား တစ်လမ်းမောင်း၊ ၃၇-လမ်းကို အနောက်မှ အရှေ့သွား တစ်လမ်းမောင်း အဖြစ်ပြောင်းလဲကြောင်း ကြိုတင်ကြေငြာခြင်း မရှိဘဲ၊ မဝင်ရ စာသား သင်္ကေတ ရုပ်ပုံ ချိတ်ဆွဲခြင်း မပြုထားဘဲ သတ်မှတ်ထားကြောင်း သိရှိရပါတယ်...

My Labels: Mandalay News, Gossip, Myanmar, Burma

Comments

Tai said…
This is the only one country I have ever heard about the toll gate in city road.

What's is going on. It should be free for using city road and this is the city development council's responsibility. Why citizen need to pay for that. Are city council member crazy or the citizen doesn't know about the right?
Aren't they have a brain? It is the eco-friendly by using bicycle and also very cheap and convenient for normal citizen to travel within city. It is the basic transport for our citizen.

Ad